bundesliga

အသင်းအတွက် ၁၁ နှစ်ကြာ လာဘ်ကောင်လုပ်ပေးခဲ့တဲ့ ဟန်နက်စ်-၈ ဆိတ်ကို ကျန်းမာရေးအရ အနားပေးမယ့် ကိုလုံး

Goal Goal > August 3, 2019

ဂျာမန်ကလပ်အသင်းဖြစ်တဲ့ ကိုလုံးဟာ သူတို့အသင်းအတွက် ၁၁ နှစ်ကြာ အသင်းလာဘ်ကောင် လုပ်ပေးခဲ့တဲ့ ဟန်နက်စ်-၈ အမည်ရဆိတ်ကို ကျန်းမာရေး အခြေအနေအရ အနားပေးသွားတော့မှာဖြစ်ကြောင်း ဒေးလီးမေးလ်က ရေးသားခဲ့ပါတယ်။ ကိုလုံးအသင်းဟာ ၁၉၅၀ ပြည့်နှစ်ကစလို့ အခုလိုမျိုး ဆိတ်သတ္တဝါကို အသင်းလာဘ်ကောင်အဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ကိုလုံးအသင်းတာဝန်ရှိသူတွေဟာ လက်ဆောင်ရတဲ့ ဆိတ်ကို အဲ့ဒီအချိန်ကစလို့ သုံးခဲ့တာဖြစ်ပြီး ဆိတ်ကလည်း ဆပ်ကပ်မှာ ပါဝင်ခဲ့ဖူးတာကြောင့် လူသိပ်ယဉ်တာပါ။ ကိုလုံးအသင်းရဲ့ လာဘ်ကောင်ဆိတ်ဟာ ပရိသတ်အချစ်တော်လည်း ဖြစ်ခဲ့ပါတယ်။ ကိုလုံးအသင်းနဲ့ လာဘ်ကောင်ဆိတ်ဟာ ခွဲခြားလို့ မရခဲ့ပါဘူး။

ကိုလုံးအသင်း အနားပေးမယ့် ဟန်နက်စ်ဟာ တော်တော်လေးလည်း ပေါ်ပြူလာ ဖြစ်ပါတယ်။ ကိုလုံးဟာအသင်း အစဉ်အလာအတိုင်း ဆိတ်ကို လာဘ်ကောင်လုပ်ခဲ့တာက အခုအနားပေးမယ့်ဆိတ်က ဟန်နက်-၈ ဖြစ်ပါတယ်။ ဟန်နက်စ်-၈ ဟာ အခုဆိုရင် အသက် ၁၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ အသက်အရွယ်ရလာတဲ့ ဟန်နက်စ်-၈ ဟာ ကျန်းမာရေး ချို့ယွင်းမှုတွေ ရှိလာပါတယ်။ ကိုလုံးအသင်း မန်နေဂျာက ” ကျွန်တော်တို့အသင်းရဲ့ လာဘ်ကောင်ကို ကွင်းထဲမှာ နာကျင်ခံစားပြီး နေနေရတာမျိုး မလိုချင်တော့ပါဘူး။ ဘွန်ဒက်စ်လီဂါကို ပြန်တက်လာခဲ့တယ်။ ရာသီသစ်ကို ကြိုဆိုရမယ်။ ဟန်နက်စ် ပျော်ပျော်ရွှင်ရွှင် နားပါစေ ” လို့ ပြောကြားခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ တန်းတက်ကိုလုံးဟာ လာမယ့် သြဂုတ် ၁၁ ရက်မှာ  ဝီဟန်အသင်းနဲ့ ပိုကယ်ဖလားပွဲ ကစားမှာပါ။ အဲဒီပွဲမှာ ဟန်နက်-၈ နှုတ်ဆက်ပွဲအခမ်းအနားနဲ့ ဟန်နက်-၉ ဆိတ်ကလေး မိတ်ဆက်ပွဲ ပြုလုပ်မှာပါ။ ဟန်နက်-၈ နေရာမှာ ဆက်ဆံမယ့်  ဟန်နက်-၉ ဆိတ်ကလေးဟာ အသက် ၁ နှစ်သာ ရှိပါသေးတယ်။ ကိုလုံးအသင်းဟာ လက်ရှိမှာ ရာသီသစ်အတွက် ပြင်ဆင်ကာ ကစားသမားသစ်တွေ ခေါ်ယူထားပါတယ်။