bundesliga

မန်စီးတီးက ဆာနေးကိုရရေး ဘိုင်ယန်မြူးနစ် လက်မလျှော့သေး

Goal Goal > September 6, 2019

ဘွန်ဒက်စ်လီဂါအင်အားကြီး ဘိုင်ယန်မြူးနစ်ဟာ မန်စီးတီးတောင်ပံကစားသမား လီရိုင်းဆာနေးကို အရခေါ်နိုင်ဖို့အရေး လက်မလျှော့သေးဘဲ ဇန်နဝါရီဈေးကွက်ကြရင် ခေါ်ယူဖို့ကြိုးစားဦးမှာဖြစ်ကြောင်း သိရပါတယ်။ဘိုင်ယန်မြူးနစ်ဟာ ဂျာမန်ကစားသမား ဆာနေးကို နွေဈေးကွက်မှာကတည်းက ခေါ်ယူဖို့စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရှော်လ်ကေးကစားသမားဟောင်းလည်းဖြစ်တဲ့ ဆာနေးဟာ သြဂုတ်အစောပိုင်းမှာ ဒူးဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။ ဆာနေးတစ်ယောက် ဒဏ်ရာရသွားတာကြောင့် ဘိုင်ယန်မြူးနစ်အပြောင်းအရွှေ့က ဟုတ်မလိုလိုနဲ့ မဟုတ်ခဲ့ဘူးဖြစ်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ အဓိကတောင်ပံကစားသမားတွေဖြစ်တဲ့ ရီဘာရီနဲ့ ရော်ဘင်ကို လက်လွှတ်လိုက်ရပြီးနောက် ဆာနေးကိုခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာပါ။ ဘိုင်ယန်မြူးနစ်ဟာ ကော်တင်ညိုနဲ့ ပါရီဆစ်တို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် ဇန်နဝါရီမှာတော့ ဆာနေးကို ကမ်းလှမ်းမှာဖြစ်ကြောင်း သည်ဆန်းက ဖော်ပြခဲ့ပါတယ်။ဆာနေးဟာ မန်စီးတီးအသင်းမှာ စာချုပ်ကျန်နေသေးကာ သူ့စာချုပ်က ၂ နှစ်ထက်မနည်းကျန်နေတာဖြစ်ပါတယ်။ ဆာနေးဟာ ကစားပုံလျင်မြန်ပြီး တိုက်စစ်လိုက်ပါကစားရာမှာ ထူးချွန်ပေမယ့် မန်စီးတီးအသင်းမှာ လူကောင်းတွေများနေတာဖြစ်တာကြောင့် နေရာရဖို့က အခက်အခဲတွေ ရှိနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ဆာနေးကို ခေါ်ယူဖို့စိတ်ဝင်စားတာမှန်ပေမယ့်လည်း ဂျာမန်ကစားသမား လစာကြီးမြင့်မှုက အခက်အခဲဖြစ်နိုင်ကြောင်း ပြောထားပါတယ်။