bundesliga

ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ထိုင်ရှိုးရမယ့် အသင်းပြောင်းခဲ့ကြတဲ့ ပလေယာများ အပိုင်း(၁)

Goal Goal > September 8, 2019

(၁)ဂျက်ခ်စတက်ဖန်

အသက် ၂၄ နှစ်အရွယ် အမေရိကန်ဂိုးသမား ဂျက်ခ်စတက်ဖန်ဟာ မန်စီးတီးကနေ ဒူဆယ်ဒေါ့ဖ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းခဲ့ပါတယ်။ သူဟာ ဒူဆယ်ဒေါ့ဖ်မှာနေရာရပြီး ဘွန်ဒက်စ်လီဂါ ၃ ပွဲ ပြည်တွင်းဖလား ၁ ပွဲကစားထားရပါတယ်။(၂) လစ်စတိန်နာ

ဆွစ်ဇာလန်ဝါရင့်ကစားသမား လစ်စတိန်နာဟာ ပရိသတ်နဲ့မစိမ်းဘဲ အာဆင်နယ်ကိုမရောက်ခင် ဂရက်ဟော့ပါး လိုင်လီ လာဇီယိုနဲ့ ဂျူဗင်တပ်စ်မှာ ကစားခဲ့ပါတယ်။ သူဟာ အာဆင်နယ်ကနေ အော့စ်ဘတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခဲ့သူပါ။(၃) ပါဗက်ဒ်

ပြင်သစ်နောက်ခံလူ ပါဗက်ဒ်ဟာ စတုဂတ်မှာ ၃ ရာသီကြာကစားခဲ့ပြီးနောက် ဂျာမန်အင်အားကြီး ဘိုင်ယန်မြူးနစ်ကို ၅ နှစ်စာချုပ်နဲ့ ရောက်လာသူပါ။ သူဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၅ ပွဲကစားပြီး ပုံစံကောင်းရသလို ၁ ဂိုးသွင်းပေးထားပါတယ်။(၄) ဟမ်မဲလ်

အသက် ၃၀ အရွယ် ဂျာမန်နောက်ခံလူ ဟမ်မဲလ်ဟာ ဘိုင်ယန်ကနေ ဒေါ့မွန်ရောက်ခဲ့ပြီး ခုတစ်ခါ ဘိုင်ယန်ကနေ ဒေါ့မွန်ကိုပဲ ပေါင် ၃၃ သန်းနဲ့ ပြန်လာခဲ့ပါတယ်။ သူဟာ ဒေါ့မွန်ပြန်ရောက်ပြီးနောက် နေရာပြန်ရကာ ဒီရာသီဘွန်ဒက်စ်လီဂါ ၃ ပွဲကစားထားသူဖြစ်ပါတယ်။

(၅) လူးကပ်စ်ဟာနန်ဒက်ဇ်

ဘိုင်ယန်မြူးနစ်ဟာ အက်သလက်တီကိုက ပြင်သစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ယူရိုသန်း ၈၀ နဲ့ ခေါ်ယူခဲ့ပါတယ်။ ၂၃ နှစ်အရွယ် ဟာနန်ဒက်ဇ်ဟာ ဘိုင်ယန်အတွက် ၃ ပွဲကစားထားပါတယ်။(၆) ဂရူဂျစ်

ဆားဘီးယားကွင်းလယ်လူ ဂရူဂျစ်ဟာ လီဗာပူးကနေ ဟာသာဘာလင်ကို အငှားလာကစားနေသူပါ။ သူဟာ မနှစ်ကတည်းက အငှားချခံရပြီး ဟာသာဘာလင်အတွက် ၂၃ ပွဲမှာ ၅ ဂိုးသွင်းကာ ဒီနှစ် ၃ ပွဲမှာ ၁ ဂိုးသွင်းထားပါတယ်။