bundesliga

ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ထိုင်ရှိုးရမယ့် အသင်းပြောင်းခဲ့ကြတဲ့ ပလေယာများ အပိုင်း(၂)

Goal Goal > September 8, 2019

(၇) ဂျူလီယန်ဘရန့်

အသက် ၂၃ နှစ်အရွယ် ဂျာမန်တိုက်စစ်အားသန်ကွင်းလယ်လူ ဂျူလီယန်ဘရန့်ဟာ လေဗာကူဆင်မှာ ၆ ရာသီကစားပြီး ၂၁၄ ပွဲကစားခဲ့ရာမှာ ၄၁ ဂိုးသွင်းခဲ့ပါတယ်။ သူဟာ  ဒေါ့မွန်ကို ယူရို ၂၅ သန်းနဲ့ရောက်လာပြီး ၅နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်။ ဘရန့်ဟာ ဒေါ့မွန်ကွင်းလယ်မှာနေရာရမှာပါ။(၈) ပါရီဆစ်

ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ်ဟာ အင်တာမီလန်ကိုမပြောင်းခင် ဒေါ့မွန်နဲ့ ဝုလ်ဘတ်မှာ ကစားခဲ့ပါတယ်။ သူဟာ အင်တာမီလန်ကနေ ဘိုင်ယန်မြူးနစ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ရောက်လာပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်အတွက် ၂ ပွဲကစားထားပြီး ဂိုးသွင်းထားသူပါ။(၉) ကော်တင်ညို

ဘာစီလိုနာမှာ အောင်မြင်ခြင်းမရှိတဲ့ ဘရာဇီးကစားသမား ကော်တင်ညိုဟာ ကာတာလန်ကလပ်ကနေ ဘိုင်ယန်မြူးနစ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းလာပါတယ်။ သူဟာ ဘိုင်ယန်အတွက် ဘွန်ဒက်စ်လီဂါ ၂ ပွဲကစားကာ သူ့ခြေစွမ်းပိုကောင်းလာမယ်လို့ အသိပေးထားပါတယ်။(၁၀) သော်ဂန်ဟာဇက်

အသက် ၂၆ နှစ်အရွယ် ဟာဇက်ရဲ့ညီဖြစ်သူ သော်ဂန်ဟာဇက်ဟာ မိုချင်ဂလက်ဘတ်မှာ ၅ ရာသီကစားပြီးနောက် ဒေါ့မွန်ကို ယူရို ၂၅ ဒသမ ၅ သန်းနဲ့ရောက်လာပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားတွေထဲမှာပါဝင်ကာ ကစားသမားဘဝ ၂၈၈ ပွဲကစားထားရာမှာ ၆၇ ဂိုးသွင်းထားပါတယ်။(၁၁) ဘတ်စ်ဒေါ့

အသက် ၃၀ အရွယ် နယ်သာလန်တိုက်စစ်မှူး ဘတ်စ်ဒေါ့ဟာ စပို့တင်းကိုမပြောင်းခင် ဝုလ်ဘတ်မှာ ကစားခဲ့ပါတယ်။ သူဟာ စပို့တင်းကနေ ဖရန့်ဖတ်ကို ယူရို ၇ သန်းနဲ့ရောက်လာပါတယ်။ ဘတ်စ်ဒေါ့ဟာ ဖရန့်ဖတ်အသင်းနဲ့ ပထမဆုံး ဘွန်ဒက်စ်လီဂါပွဲမှာ ဂိုးသွင်းပေးခဲ့ပါတယ်။