bundesliga

မန္ယူအသင္းထက္ ရီးရဲလ္ကို ေရာက္ဖို႔မ်ားတဲ့ ေဒါ့မြန္က ဆန္ခ်ိဳ

Goal Goal > October 5, 2019

ေဒါ့မြန္အသင္းမွာ ေျခစြမ္းျပကစားေနတဲ့ အဂၤလန္ေတာင္ပံကစားသမား ဆန္ခ်ိဳဟာ မန္ယူအသင္းထက္ ရီးရဲလ္မက္ဒရစ္ကို ေရြးခ်ယ္ဖို႔ မ်ားေနေၾကာင္း စပိန္သတင္းေတြက အခိုင္အမာေဖာ္ျပခဲ့ေၾကာင္း သိရပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္သာရွိေသးတဲ့ ဆန္ခ်ိဳဟာ အနာဂတ္အလားအလာရွိ ကစားသမားတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ေျပာင္းေရႊ႕ေၾကး တန္ေၾကးက ျမင့္တက္လာဦးမွာ ျဖစ္ပါတယ္။ ေဒါ့မြန္အသင္းဟာ အဓိကကစားသမားဆန္ခ်ိဳကို ဆက္ထိန္းႏိုင္ဖို႔က ထင္သေလာက္လြယ္ကူမွာ မဟုတ္ပါဘူး။ ဒါကို ေဒါ့မြန္အသင္း တာဝန္ရွိသူေတြကလည္း နားလည္ထားပါတယ္။ ဆန္ခ်ိဳကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းေတြထဲမွာ မန္ယူအသင္းက ထိပ္ဆုံးက ပါေနပါတယ္။ မန္ယူဟာ ဂိုးသြင္းေကာင္းသလို ဖန္တီးမႈ အားေကာင္းတဲ့ဆန္ခ်ိဳကို ကမ္းလွမ္းလာဖို႔လည္း ရွိေနတာပါ။

မန္ယူဟာ လာမယ့္ေႏြရာသီေစ်းကြက္မွာ ဆန္ခ်ိဳကို ကမ္းလွမ္းမွာျဖစ္ေၾကာင္း ယုံၾကည္ရပါတယ္။ ဆန္ခ်ိဳဟာ ၂၀၁၇ ခုႏွစ္က မန္စီးတီးအသင္းကေန ေဒါ့မြန္အသင္းကို ေျပာင္းလာခဲ့သူပါ။ သူဟာ ၂၀၁၇-၁၈ ရာသီက ေဒါ့မြန္ အရံအသင္းမွာ ကစားခဲ့ၿပီးေနာက္ အသင္းႀကီးမွာ ေနရာရလာပါတယ္။ သူဟာ အာ့ဒီႏွစ္က ေဒါ့မြန္အသင္းအတြက္ ဘြန္ဒက္စ္လီဂါ ၁၂ ပြဲမွာ ၁ ဂိုးသြင္းေပးခဲ့ပါတယ္။ ဆန္ခ်ိဳဟာ မႏွစ္က ဘြန္ဒက္စ္လီဂါ ၃၄ ပြဲကစားခဲ့ရၿပီး ၁၂ ဂိုး သြင္းေပးခဲ့ပါတယ္။

ဆန္ခ်ိဳဟာ ဒီႏွစ္ လိဂ္ ၅ ပြဲကစားၿပီးခ်ိန္ ၃ ဂိုး သြင္းထားပါတယ္။ သူဟာ ေဒါ့မြန္ကစားသမားဘဝ ၆၄ ပြဲမွာ ၁၈ ဂိုးသြင္းယူကာ ကစားေဖာ္ေတြအတြက္ ဖန္တီးမႈ ၂၉ ႀကိမ္ ျပဳလုပ္ထားပါတယ္။ ဆန္ခ်ိဳဟာ သူ႔ကိုစိတ္ဝင္စားေနတဲ့ မန္ယူထက္ ရီးရဲလ္ကို ေရာက္ဖို႔ ေသခ်ာမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

 

(Unicode)

ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ မန်ယူအသင်းထက် ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ဖို့ များနေကြောင်း စပိန်သတင်းတွေက အခိုင်အမာဖော်ပြခဲ့ကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဆန်ချိုဟာ အနာဂတ်အလားအလာရှိ ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေး တန်ကြေးက မြင့်တက်လာဦးမှာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ အဓိကကစားသမားဆန်ချိုကို ဆက်ထိန်းနိုင်ဖို့က ထင်သလောက်လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါကို ဒေါ့မွန်အသင်း တာဝန်ရှိသူတွေကလည်း နားလည်ထားပါတယ်။ ဆန်ချိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ မန်ယူအသင်းက ထိပ်ဆုံးက ပါနေပါတယ်။ မန်ယူဟာ ဂိုးသွင်းကောင်းသလို ဖန်တီးမှု အားကောင်းတဲ့ဆန်ချိုကို ကမ်းလှမ်းလာဖို့လည်း ရှိနေတာပါ။
မန်ယူဟာ လာမယ့်နွေရာသီစျေးကွက်မှာ ဆန်ချိုကို ကမ်းလှမ်းမှာဖြစ်ကြောင်း ယုံကြည်ရပါတယ်။ ဆန်ချိုဟာ ၂၀၁၇ ခုနှစ်က မန်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းလာခဲ့သူပါ။ သူဟာ ၂၀၁၇-၁၈ ရာသီက ဒေါ့မွန် အရံအသင်းမှာ ကစားခဲ့ပြီးနောက် အသင်းကြီးမှာ နေရာရလာပါတယ်။ သူဟာ အာ့ဒီနှစ်က ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ၁၂ ပွဲမှာ ၁ ဂိုးသွင်းပေးခဲ့ပါတယ်။ ဆန်ချိုဟာ မနှစ်က ဘွန်ဒက်စ်လီဂါ ၃၄ ပွဲကစားခဲ့ရပြီး ၁၂ ဂိုး သွင်းပေးခဲ့ပါတယ်။
ဆန်ချိုဟာ ဒီနှစ် လိဂ် ၅ ပွဲကစားပြီးချိန် ၃ ဂိုး သွင်းထားပါတယ်။ သူဟာ ဒေါ့မွန်ကစားသမားဘဝ ၆၄ ပွဲမှာ ၁၈ ဂိုးသွင်းယူကာ ကစားဖော်တွေအတွက် ဖန်တီးမှု ၂၉ ကြိမ် ပြုလုပ်ထားပါတယ်။ ဆန်ချိုဟာ သူ့ကိုစိတ်ဝင်စားနေတဲ့ မန်ယူထက် ရီးရဲလ်ကို ရောက်ဖို့ သေချာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။