bundesliga

ပေါင်ခြံဒဏ်ရာ ခွဲစိတ်ကုသခံရမယ့် ဂိုးသွင်းစက်လီဝမ်ဒေါ့စကီး နားရမယ်လို့ ဘိုင်ယန်ယာယီနည်းပြ ဖလစ်ခ်ပြော

Goal Goal > December 21, 2019

ဘိုင်ယန်မြူးနစ်ယာယီနည်းပြ ဟန်စီဖလစ်ခ်က အသင်းဂိုးသွင်းစက် တိုက်စစ်မှူး လီဝမ်ဒေါ့စကီးဟာ ဒဏ်ရာကြောင့် အနားယူရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လီဝမ်ဒေါ့စကီးဟာ ဝုလ်ဘတ်နဲ့ ကစားမယ့် ပွဲအပြီး သူ့ရဲ့ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူမှာဖြစ်ကြောင်း သိရပါတယ်။ လီဝမ်ဒေါ့စကီးဟာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ၂၀၂၀ ပြည့်နှစ် လအလယ်မှာ ကြံ့ခိုင်မှု အလုံးစုံပြည့်ဝလာမယ်လို့ ယာယီနည်းပြ ဖလစ်ခ်က မျှော်လင့်ထားပါတယ်။ ပိုလန်တိုက်စစ်မှူးလည်း ဖြစ်တဲ့ လီဝမ်ဒေါ့စကီးဟာ ကာလရှည်နီးပါး အနားယူရမှာမဟုတ်တာကတော့ အသင်းအတွက် သတင်းကောင်းပါပဲ။
နည်းပြဖလစ်ခ်က “ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို အချိန်မဖြုန်းချင်ပါဘူး။ လီဝမ်ဒေါ့စကီးရဲ့ဒဏ်ရာ အခြေအနေ ဘယ်လောက်တိုးတက်သလဲ ဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။ အသင်းအတွက် သူ ပြန်ကစားနိုင်မယ်ဆိုရင် ဒါက ဝမ်းသာစရာဖြစ်ပါတယ်။ လီဝမ်ဒေါ့စကီးဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၁၀ ရက်ကနေ ၁၄ ရက်လောက်အထိ အနားယူရဖို့ရှိနေပါတယ် “ လို့ ပြောကြားခဲ့ပါတယ်။
လီဝမ်ဒေါ့စကီးဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး တိုက်စစ်ကို ဦးဆောင်နေပါတယ်။ သူဟာ ဒီရာသီပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူထားပြီး ဘွန်ဒက်လီဂါ ၁၆ ပွဲ ကစားရာမှာ ၁၉ ဂိုး သွင်းယူထားပါတယ်။ ဘိုင်ယန်မှာ အခြားကစားသမားတွေလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ကစားသမားတစ်ဦးဖြစ်တဲ့ ဆူလေဟာ ၂၀၂၀ ပြည့်နှစ် ဧပြီလတိုင်အောင် အနားယူရမှာဖြစ်ပြီး ဟာနန်ဒက်ဇ်နဲ့ ကိုမန်းတို့ကလည်း ဒဏ်ရာပြဿနာကြောင့် အနားယူနေရကြောင်း သိရပါတယ်။