bundesliga

ဘွန်ဒက်စ်လီဂါမှာ ဘယ်ကစားသမားမှ မရဘူးတဲ့စံချိန်ကို သောမတ်စ်မူလာပိုင်ဆိုင်

Goal Goal > December 22, 2019

ဘိုင်ယန်ုမြူးနစ်အဓိက ကစားသမားဖြစ်တဲ့ သောမတ်စ်မူလာဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာဘယ်ကစားသမားမှ မရဘူးတဲ့ စံချိန်တစ်ခုကိုပိုင်ဆိုင်လာပြီဖြစ်ကြောင်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်ဟာပထမရာသီဝက် နောက်ဆုံးပွဲအဖြစ် အိမ်ကွင်းမှာဝုလ်ဘတ်ကို လက်ခံကစားခဲ့ရပါတယ်။ ဘိုင်ယန်ဟာဖိအားပေး ကစားနိုင်ပေမယ့် အဆုံးသတ်အားနည်းခဲ့တာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေသာကစားနိုင်ခဲ့ပါတယ်။ဘိုင်ယန်ဟာ ဒုတိယပိုင်းမှာကစားအားကိုပိုတင်ခဲ့ပြီး ဂိုးရဖို့ ကြိုးစားခဲ့ရာမှာ ၈၅ မိနစ်ရောက်မှဂိုးစရခဲ့ပါတယ်။ မူလာဟာ ဘိုင်ယန်အတွက်ဂိုးကိုလူစားဝင် လူငယ်ကစားသမားဇာဇီးသွင်းယူဖို့ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဘိုင်ယန်ဟာ အဖွင့်ဂိုးရပြီးမကြာခင်ဒုတိယဂိုးရခဲ့ပြီး ဂါနာဘီက သွင်းယူခဲ့လို့ ၂ ဂိုးပြတ် အနိုင်ရသွားပါတယ်။ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်တာကြောင့် မူလာဟာ ဘွန်ဒက်စ်လီဂါစံချိန်တစ်ခုပိုင်ဆိုင်ခဲ့တာပါ။ ဘွန်ဒက်စ်လီဂါမှာ ပထမရာသီဝက်အတွင်းကစားသမားတစ်ယောက်က ဂိုးဖန်တီးမှု ၁၁ ကြိမ်ထိပြု လုပ်ပေးနိုင်တာ မရှိခဲ့ပါဘူး။ မူလာကတော့အခုဆိုရင် ဒီရာသီပထမရာသီဝက်အတွင်း ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် အသက် ၃၀ အရွယ် မူလာဟာ လိဂ်ပထမရာသီဝက်မှာဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်နိုင်တဲ့ ပထမဆုံးကစားသမားစံချိန်မှတ်တမ်းရလာတာဖြစ်ပါတယ်။ မူလာအတွက်ဒီစံချိန်ဟာ ဂုဏ်ယူစရာ ကောင်းနေပါတယ်။မူလာဟာ နည်းပြဟောင်း ကိုဗက်လက်ထက်က အသင်းမှာနေရာရဖို့ရုန်းကန်ခဲ့ရပါတယ်။ ဘိုင်ယန်မှာ ကာလရှည် ကစားပြီး အောင်မြင်မှုတွေများစွာရခဲ့တဲ့ မူလာရဲ့ အသင်းအနာဂတ်မသေချာကြောင်း သတင်းတွေထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်ယာယီနည်းပြဖလစ်ခ်ဟာ ကွင်းလယ်မှာ ကော်တင်ဟိုကိုရော မူလာကိုပါ အသုံးပြုနေတာကြောင့် ဂျာမန်သားဟာ နေရာပြန်ရလာသလို ခြေစွမ်းမှန်ပြန်ရနေတာဖြစ်ပါတယ်။ မူလာဟာမနှစ်က အသင်းအတွက်ကိုးဂိုးသွင်းယူထားပြီး ဒီနှစ်မှာ ၅ ဂိုးသွင်းယူထားကြောင်း သိရပါတယ်။