bundesliga

ဟာလန်း-ဆန်ချိုအတွဲနဲ့ဆို ပြိုင်ဖက်တွေ သေဖို့သာပြင်ပေတော့လို့ ဒေါ့မွန်နည်းပြဖာဗရီ ပြော

Goal Goal > January 14, 2020

ဒီနှစ်ဘောလုံးရာသီမှာ ဆဲဘတ်အသင်းအတွက် အထူးခြေစွမ်းပြကစားခဲ့သူဟာလန်းကို ဥရောပအသင်းကြီး အတော်များများက စောင့်ကြည့်နေခဲ့ကြပါတယ်။ ဒါပေမဲ့ အဆိုပါအသင်းကြီးတွေထက် လက်ဦးမှုရယူပြီး ဒေါ့မွန်က ဟာလန်းကို အရခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းအတွက် အင်မတန် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ နည်းပြဖာဗရီက ပြောကြားခဲ့ပြီး ဟာလန်းဟာ ဒေါ့မွန်မှာ ဂိုးတွေ အများကြီး သွင်းယူလိမ့်မယ်လို့လည်း ဟောကိန်းထုတ်သွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့တောင်ပံကစားသမားလေး ဆန်ချိုဟာလည်း လက်ရှိရော၊ အနာဂတ်မှာပါ အတော်လေး အားကိုးရမယ့် ကစားသမားမျိုးဖြစ်ပြီး သူ့ကို ရောင်းချဖို့ အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။
“ဟာလန်းကို ခေါ်ယူနိုင်ခဲ့တာဟာ အသင်းအတွက် အင်မတန်အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဟာလန်းဟာ တကယ့်ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပြီး ဂိုးသွင်းလည်း ကောင်းပါတယ်။ သူဟာ ကျွန်တော်တို့အသင်းအတွက် ဂိုးတွေအများကြီး သွင်းယူပေးသွားဦးမှာပါ။
ဆန်ချိုဟာလည်း အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိရော၊ အနာဂတ်အတွက်ရောပေါ့။ သူ့ကို ကျွန်တော်တို့ လုံံးဝလက်လွှတ်သွားမှာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်စလုံးဟာ နောင်တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးအဆင့်ကို ရောက်လာမယ့် လူငယ်ကစားသမားလေးတွေပါပဲ။ သူတို့နှစ်ယောက်သာ အတွဲအဖက်မိသွားပြီဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်ပြိုင်ဖက်ကိုမှ ကြောက်စရာမလိုတော့ပါဘူး”လို့ ဖာဗရီက ပြောကြားခဲ့ပါတယ်။
ဟာလန်းနဲ့ ဆန်ချိုတို့နှစ်ယောက်စလုံးဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ လူငယ်ကစားသမားလေးတွေဖြစ်ပြီး သူတို့ကို ပိုင်ဆိုင်ထားတဲ့ ဒေါ့မွန်ရဲ့အနာဂတ်ကတော့ အတော်လေး ဖြောင့်ဖြူးနေခဲ့ပြီလို့ လေ့လာသူတွေက သုံးသပ်နေခဲ့ကြပါတယ်။