bundesliga

လီဝန်ဒေါစကီး ဦးဆောင်နေတဲ့ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းဘုရင်ဇယား

Goal Goal > February 25, 2020

ဘွန်ဒက်စ်လီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်ကိုတော့ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးက လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်လျက်ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၃ အပြီးမှာပဲ လီဝန်ဒေါစကီးဟာ ၂၅ ဂိုးထိ သွင်းယူထားခဲ့ပြီး ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးက ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယနေရာမှာတော့ RB လိုက်ပဇစ်တိုက်စစ်မှူး တီမိုဝါနာက ရပ်တည်လျက်ရှိနေပါတယ်။ တီမိုဝါနာကတော့ ဒီရာသီ ဘွန်ဒက်စ်လီဂါသွင်းဂိုး ၂၁ ဂိုး ရရှိထားတာပါ။
တတိယနေရာမှာတော့ ဒေါ့မွန်ရဲ့လူငယ်ကြယ်ပွင့်လေး ဆန်ချိုက ရပ်တည်နေခဲ့ပါတယ်။ ဆန်ချိုဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါသွင်းဂိုး စုစုပေါင်း ၁၃ ဂိုး သွင်းယူထားခဲ့တာပါ။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဆန်ချိုဟာ ဂိုးဖန်တီးမှုလည်း ၁၄ ကြိမ် ပြုလုပ်ပေးထားသူ ဖြစ်ပါတယ်။
ဆန်ချိုရဲ့နောက်မှာတော့ ၁၁ ဂိုး သွင်းယူထားတဲ့ ကစားသမား ၄ ဦးထိ ရှိနေပါတယ်။ ဒေါ့မွန်ရဲ့မာကိုရူးစ်၊ ဒူဆယ်ဒေါ့ဖ်ရဲ့ ဟန်းနင်း၊ အော့စ်ဘတ်တိုက်စစ်မှူး နီဒါလက်ချ်နာနဲ့ မိန့်ဇ်တိုက်စစ်မှူး ကွီဆန်တို့ပဲ ဖြစ်ပါတယ်။
ဒီနှစ်ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကိုတော့ အခုလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
၁။ လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်) – ၂၅ ဂိုး
၂။ တီမိုဝါနာ (RB လိုက်ပဇစ်) – ၂၁ ဂိုး
၃။ ဆန်ချို (ဒေါ့မွန်) – ၁၃ ဂိုး
၄။ မာကိုရူးစ် (ဒေါ့မွန်)၊ ဟန်းနင်း (ဒူဆယ်ဒေါ့ဖ်)၊ နီဒါလက်ချ်နာ (အော့စ်ဘတ်)၊ ကွီဆန် (မိန့်ဇ်) – ၁၁ ဂိုး