bundesliga

လီဝန်ဒေါစကီးမပါပေမယ့် ဟော့ဖန်ဟိမ်းကို ၆ ဂိုးပြတ်တီးလိုက်တဲ့ဘိုင်ယန်

Goal Goal > March 1, 2020

စနေည ဘွန်ဒက်စ်လီဂါပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက အဝေးကွင်းမှာ ၆ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ အဓိကတိုက်စစ်မှူးလီဝန်ဒေါစကီး ဒဏ်ရာပြဿနာရှိနေတဲ့အတွက် လူငယ်တိုက်စစ်မှူးလေးဂျိုရှူအာဇစ်ဇီကို ပွဲထုတ်ခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်အစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။အသက် ၁၈ နှစ်အရွယ် လူငယ်တိုက်စစ်မှူးလေးဇစ်ဇီကို အထောင်ထားပြီး ဂနာဘရီ၊ မူလာနဲ့ ကော်တင်ဟိုတို့က ဝန်းရံပံံ့ပိုးထားတဲ့ ဘိုင်ယန်တိုက်စစ်ဟာ ပွဲအစ ၂ မိနစ်မှာပဲ အဖွင့်ဂိုးရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ သောမတ်စ်မူလာရဲ့ပေးပို့မှုကနေ ဂနာဘရီက scissor-kick နဲ့ လှလှပပကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ဘိုင်ယန်ဖက်က ဆက်တိုက်ထိုးဖောက်ကစားခဲ့ပြီး ပွဲချိန်ရမိနစ်မှာ ကင်းမစ်ချ်က ဝ-၂ဖြစ်စေခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာတော့ ဂနာဘရီဖြတ်ပို့တဲ့ဘောလုံးကို ဇစ်ဇီက အပိုင်ပိတ်သွင်းပြီး တတိယဂိုးကို သွင်းယူသွားခဲ့ပါတယ်။၁၅ မိနစ်အတွင်း ၃ ဂိုးရသွားခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်အရှိန်ကို လုံးဝမချခဲ့ဘဲ ဟော့ဖန်ဟိမ်းကို တောက်လျှောက်ဖိအားပေးခဲ့ပြီး ပွဲချိန် ၃၃ မိနစ်မှာတော့ ကော်တင်ဟိုက ဝ-၄ ဖြစ်စေခဲ့ပြန်ပါတယ်။ ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက ၄ ဂိုးပြတ်ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းအစမှာလည်း နောက်တစ်ဂိုးထပ်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ မူလာရဲ့ပေးပို့မှုကနေ ကော်တင်ဟိုက သွင်းယူသွားခဲ့တာပါ။ ပွဲချိန် ၆၂ မိနစ်မှာတော့ တိုလစ်ဆိုရဲ့ ပေးပို့မှုကနေ ဂေါ်ရက်ဇ်ကာက ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ဂိုးပြတ်နိုင်ပွဲကို ပုံဖော်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်ပွဲထွက်လူစာရင်း
နျူအာ
ပါဗတ်၊ ဘိုတန် (တိုလစ်ဆို)၊ အလာဘာ၊ ဒေးဗီးစ် (လူးကပ်စ်ဟာနန်ဒက်စ်)
ကင်းမစ်ချ်၊ သီယာဂို
ဂနာဘရီ၊ သောမတ်စ်မူလာ (ဂေါ်ရက်ဇ်ကာ)၊ ကော်တင်ဟို
ဂျိုရှူအာဇစ်ဇီ။