bundesliga

မန်ယူကို မျှော်လင့်ချက်တွေ ပေးနေပြန်တဲ့ ဟာလန်း

Goal Goal > March 3, 2020

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ရက်ဘူးဆဲဘတ်ကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့သူဟာလန်းက သူ့အနေနဲ့ နောင်အနာဂတ်မှာ တခြားလိဂ်တွေကိုလည်း ပြောင်းရွှေ့ကစားဖြစ်လိမ့်မယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီ ရက်ဘူးဆဲဘတ်အသင်းနဲ့အတူ အထူးခြေစွမ်းပြဂိုးတွေသွင်းယူနေခဲ့သူဟာလန်းကို ဥရောပကလပ်အသင်းကြီးအတော်များများက မျက်စိကျနေခဲ့ကြပေမယ့် ဟာလန်းကတော့ ဒေါ့မွန်အသင်းကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူ့အနေနဲ့ နောင်အနာဂတ်မှာ ဇလာတန်လိုမျိုး လိဂ်အသီးသီးမှာအောင်မြင်မှုတွေရယူချင်တယ်လို့ ဟာလန်းကဆိုပါတယ်။ သူလေးစားအားကျရတဲ့ ကစားသမားတွေထဲမှာ ဇလာတန်အီဘရာဟီမိုဗစ်လည်း တစ်ယောက်အပါအဝင်ဖြစ်ကြောင်း ဟာလန်းကဆိုပါတယ်။အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇလာတန်ဟာ ကစားသမားဘဝတစ်လျှောက် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သလို အသင်းတော်တော်များများကိုလည်း ပြောင်းရွှေ့ကစားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မယ်လ်မို၊ အေဂျက်ဇ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ PSG၊ မန်ယူ၊ Laဂလက်ဆီနဲ့ အေစီမီလန်အသင်းတွေမှာ ဇလာတန်ဟာ အောင်မြင်မှုတွေရယူနိုင်ခဲ့တာစြဖ်ပါတယ်။“ဇလာတန်ရဲ့စိတ်ဓာတ်ပိုင်းကို ကျွန်တော်သဘောကျပါတယ်။ ပြီးတော့ သူ့ရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုရောပေါ့။ အောင်မြင်ချင်တဲ့သူတွေမှာ ဒီအချက်က အရေးကြီးပါတယ်။ ကျွန်တော့်မှာလည်း အဲဒီလိုယုံကြည်မှုမျိုးရှိတယ်လို့ ခံစားရပါတယ်။ ဒါဟာ ဇလာတန်ဆီက သင်ယူမိတာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော် လေးစားအားကျရတဲ့၊ အရမ်းသဘောကျတဲ့ တိုက်စစ်မှူးတွေထဲမှာ ဇလာတန်ပါပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ဇလာတန်လက်သစ်တစ်ယောက်တော့ မဖြစ်လိုခဲ့ပါဘူး။ ကျွန်တော်တို့က အထောင်တိုက်စစ်မှာကစားတာချင်းတူမယ်၊ အရပ်မြင့်တာချင်းတူမယ်၊ ဒါပေမယ့် ကျွန်တော်က ကျွန်တော်ပါပဲ။ကျွန်တော် နောင်အနာဂတ်မှာ ဇလာတန်လိုမျိုး လိဂ်အသီးသီးမှာ အောင်မြင်မှုတွေရယူချင်ပါတယ်။ ဒါကြောင့် နောင်အနာဂတ်မှာ အသင်းတွေပြောင်းချင်ပြောင်းဖြစ်ပါလိမ့်မယ်။ မန်ယူနည်းပြဆိုးလ်ရှားဟာ ကျွန်တော်သဘောကျတဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ပါ။ ကျွန်တော်ငယ်ငယ်လေးနဲ့ မိုလ်ဒီကိုရောက်တော့ သူကကျွန်တော့်ကို အများကြီးကူညီပေးခဲ့ပါတယ်။ ကျွန်တော်သူ့ဆီက အများကြီးသင်ယူခဲ့ရပါတယ်”လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။