bundesliga

မက်ဆီနဲ့ဒိုလေးတို့ရဲ့ စံချိန်တစ်ခုကို လိုက်မီသွားတဲ့ လီဝန်ဒေါစကီး

Goal Goal > May 20, 2020

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ မူလကတည်းက ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ဒီရာသီမှာ သူ့ရဲ့ဂိုးသွင်းနှုန်းက ပိုမိုကောင်းမွန်လာနေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် ယူနီယံဘာလင်နဲ့ပွဲမှာ ဘိုင်ယန်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဒီရာသီ သွင်းဂိုး ၄ဝ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ အသင်းအတွက် ၃၄ ပွဲသာ ပါဝင်ကစားခဲ့ပြီး ဂိုး ၄၀ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ၅ ရာသီဆက်တိုက် တစ်ရာသီ ဂိုး ၄၀ သွင်းယူနိုင်တဲ့မှတ်တမ်းတစ်ရပ်ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။ သူဟာ ၂၁ ရာစုအတွင်း ဒီလိုစွမ်းဆောင်နိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ ကျန်ကစားသမားနှစ်ဦးကတော့ မက်ဆီနဲ့ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးဟာ ဒီရာသီဘွန်ဒက်စ်လီဂါရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်သလို ချန်ပီယံလိဂ်မှာလည်း ဂိုးသွင်းအများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပရွှေဖိနပ်ဆုအတွက်လည်း အင်မိုဘိုင်းလ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေခဲ့တာပါ။ လီဝန်ဒေါစကီးဟာ ဒီရာသီ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ပါဝင်ကစားခဲ့ရာမှာတော့ သွင်းဂိုး ၄၅ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့ပါတယ်။ ကိုယ်တိုင် ဂိုး ၄၀ သွင်းယူထားပြီး အသင်းဖော်တွေကိုတော့ ၅ ဂိုး ဖန်တီးပေးထားခဲ့တာပါ။