premier league

၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လစာဝင်ငွေ အဖြောင့်ဆုံး နည်းပြ ၁၀ ဦး (အပိုင်း – ၂)

Goal Goal > September 9, 2019

(၆)  အမ်မရီ – အာဆင်နယ်

ဆီဗီလာအသင်းကို နည်းပြရင်း ယူရိုပါလိဂ်ဖလားယူပေးခဲ့တဲ့ နည်းပြအမ်မရီဟာ ပရီးမီးယားလိဂ်ရဲ့ နံပါတ် ၆ လစာအများဆုံးနည်းပြတစ်ဦးပါ။ အမ်မရီဟာ အာဆင်နယ်ကိုမရောက်ခင် ပီအက်စ်ဂျီအသင်းကို နည်းပြခဲ့ဖူးပါတယ်။ အမ်မရီဟာ ၂၀၁၈ ခုနှစ်က အာဆင်နယ်ကို ရောက်လာပြီး သူ့လက်ထက် ၆၂ ပွဲ ကစားရာမှာ  ၃၇ ပွဲနိုင် ၆ ပွဲသရေ ၁၉ ပွဲ ရှုံးထားပါတယ်။ သူဟာ အာဆင်နယ်မှာ တစ်နှစ်လုပ်ခ ပေါင် ၆ သန်း ရနေပါတယ်။

(၇)  ဟတ်ဆန်ဟက်တယ် – ဆောက်သမ်တန်

ဆောက်သမ်တန်နည်းပြ ဟတ်ဆန်ဟက်တယ်ဟာ ပရီးမီးယားလိဂ် လစာအကောင်းဆုံး နံပါတ် ၇ ချိတ်ပြီး သူဟာ တစ်နှစ် ပေါင် ၆ သန်း ရနေတယ်။ သူဟာ ဆောက်သမ်တန်ကို နည်းမပြခင် လိုက်ပ်ဇစ်ကို နည်းပြခဲ့ပါတယ်။ သူ့လက်ထက် ဆောက်သမ်တန်ဟာ ပွဲ ၃၀ ကစားပြီး ၁၀ ပွဲနိုင် ၉ ပွဲသရေ ၁၁ ပွဲ ရှုံးထားပါတယ်။

(၈)  ဖရန့်လမ်းပတ် – ချယ်ဆီး

ဒါဘီကနေ သူ့အသင်းဟောင်း ချယ်ဆီးကို ပြောင်းလာခဲ့တဲ့ ဖရန့်လမ်းပတ်ကလည်း လစာဖြောင့်တဲ့ နည်းပြစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ လမ်းပတ်ဟာ ချယ်ဆီးမှာ တစ်ပတ်လုပ်ခ ပေါင် ၅ ဒသမ ၅ သန်း ရနေပါတယ်။ လမ်းပတ်လက်ထက် ချယ်ဆီးအသင်းဟာ  ရလဒ်ကောင်းဖို့ ရုန်းကန်နေရပါတယ်။

(၉)  ရော်ဂျာ – လက်စတာ

လီဗာပူးနည်းပြဖြစ်ခဲ့ပြီး ဆဲလ်တစ်ကနေ လက်စတာကို ရောက်လာတဲ့ နည်းပြရော်ဂျာဟာ တစ်ရာသီ ပေါင် ၅ သန်း ရနေပါတယ်။ သူ့လက်ထက် လက်စတာဟာ ၁၅ ပွဲ ကစားပြီး ၇ ပွဲနိုင် ၅ ပွဲသရေ ၃ ပွဲ ရှုံးထားပါတယ်။

(၁၀)  ဟိုဝီ – ဘုန်းမောက်

ဘုန်းမောက်နည်းပြဟိုဝီဟာ တစ်နှစ် ပေါင် ၄ သန်း ရနေပါတယ်။ သူဟာ ဘုန်းမောက်အသင်းကို ၂၀၁၂ ကတည်းက နည်းပြနေတာပါ။