premier league

နောက်ဆုံး ၁၀ နှစ်အတွင်း မန်ယူရဲ့အဆိုးရွားဆုံး ခေါ်ယူမှုများ အပိုင်း(၁)

Goal Goal > September 10, 2019

(၁) ဒီမာရီယာ- အာဂျင်တီးနား

မန်ယူဟာ ၂၀၁၄ ခုနှစ် သြဂုတ် ၂၆ ရက်က ဒီမာရီယာကို ရီးရဲလ်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၉ ဒသမ ၇ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အာဂျင်တီးနားကစားသမားဟာ နံပါတ် ၇ ဂျာစီ ဝတ်ဆင်ကစားခွင့်ရပေမယ့် ခြေစွမ်းမပြနိုင်ပါဘူး။ လူးဝစ်ဗန်ဟားလ်ခေါ်ခဲ့တဲ့ ဒီမာရီယာရဲ့ အားကစားသမားမပီသတဲ့ အပြုအမူကလည်း စိတ်ပျက်စရာကောင်းခဲ့တယ်။ ဒီမာရီယာဟာ မန်ယူအတွက် ၃၂ ပွဲကစားခဲ့ရာမှာ ၄ ဂိုးသာသွင်းခဲ့ပြီး မန်ယူမှာ တစ်ရာသီသာခံခဲ့တယ်။ ပီအက်စ်ဂျီပြောင်းခဲ့ပြီးနောက် ဒီမာရီယာနဲ့ မန်ယူပရိသတ်တွေအကြား တင်းမာမှု ပိုများလာပါတယ်။(၂)အလက်ဆစ်ဆန်းချက်ဇ်-ချီလီ

မန်ယူရဲ့နောက်ဆုံး ၁၀ စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးခေါ်ယူမှု ဒုတိယချိတ်သူက ချီလီတောင်ပံတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ မန်ယူအသင်းအတွက် ၂ ရာသီမှာ ၄၅ ပွဲကစားပြီး ၅ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ နံပါတ် ၇ ဝတ်ဆင်ကစားခွင့်ရတဲ့ ဆန်းချက်ဇ်ရဲ့ မန်ယူကစားသမားဘဝ ကျရှုံးခဲ့ပါတယ်။ သူဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ခန့်မှန်းသတင်းတွေအတိုင်း အင်တာမီလန်ကို အငှားပြောင်းခဲ့ရပါတယ်။(၃) ဘီဘီ-ပေါ်တူဂီ

နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်လက်ထက် မန်ယူဟာ ပေါ်တူဂီကစားသမား ဘီဘီကို ၂၀၁၀ ပြည့်နှစ် သြဂုတ် ၁၁ ရက်က ဂူမာရေးစ်ကနေ ပေါင် ၇ ဒသမ ၄ သန်းနဲ့ ခေါ်ခဲ့ပါတယ်။ ပရိသတ်တွေက ဖာဂူဆန်သဘောကျတဲ့ ဘီဘီကို မျှော်လင့်ခဲ့ကြပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ဘီဘီဟာ မန်ယူကစားသမားဘဝ ၄ ရာသီအတွင်း ၇ ပွဲမှာ ၂ ဂိုးသာသွင်းခဲ့ပါတယ်။(၄) ရှဝိန်းစတိုင်ဂါ-ဂျာမနီ

မန်ယူအခေါ်မှားတဲ့ နောက်ထပ်ကစားသမားတစ်ယောက်က ဂျာမန်ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါဖြစ်ပါတယ်။ မန်ယူဟာ ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက်က ရှဝိန်းစတိုင်ဂါကို ဘိုင်ယန်ကနေ ယူရို ၉ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဘိုင်ယန်မှာခြေစွမ်းပြခဲ့တဲ့ ရှဝိန်းစတိုင်ဂါဟာ မန်ယူအတွက် ခြေစွမ်းမပြခဲ့ပါဘူး။ သူဟာ မန်ယူကစားသမားဘဝ ၃၅ ပွဲမှာ ၂ ဂိုးသာသွင်းပေးခဲ့ပါတယ်။(၅) ဇာဟာ-အိုင်ဗရီကို့စ်

မန်ယူဟာ ၂၀၁၃ က တိုက်စစ်မှူး ဇာဟာကို ပေါင် ၁၀ သန်းပေးကာ ခေါ်ခဲ့ပါတယ်။ ဇာဟာဟာ မန်ယူမှာ ခြေစွမ်းမပြနိုင်ဘဲ ၂ ရာသီအတွင်း ၄ ပွဲသာကစားခဲ့ရပါတယ်။ ဇာဟာဟာ လက်ရှိမှာတော့ ပဲလေ့စ် အဓိကတိုက်စစ်မှူး ဖြစ်နေပါတယ်။