premier league

နောက်ဆုံး ၁၀ နှစ်အတွင်း မန်ယူရဲ့အဆိုးရွားဆုံး ခေါ်ယူမှုများ အပိုင်း(၂)

Goal Goal > September 10, 2019

(၆) နစ်ခ်ပိုဝဲလ်-အင်္ဂလန်

မန်ယူရဲ့နောက်ဆုံး ၁၀ နှစ်အတွင်း အဆိုးရွားဆုံး ကစားသမားခေါ်ယူမှု နံပါတ် ၆ ကတော့ အင်္ဂလန်သား နစ်ခ်ပိုဝဲလ်ပါ။ မန်ယူဟာ ၂၀၁၂ ဇူလိုင် ၂ ရက်က ခရူဝီက ပိုဝဲလ်ကို ပေါင် ၆ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ပိုဝဲလ်ဟာ မန်ယူမှာ နံပါတ် ၇ ဝတ်ခွင့်ရခဲ့ပါသေးတယ်။ ပိုဝဲလ်ဟာ မန်ယူမှာ ခြေစွမ်းမပြနိုင်ဘဲ ၄ ရာသီအတွင်း ၉ ပွဲမှာ ၁ ဂိုးသာသွင်းခဲ့ပါတယ်။(၇) ရှနိုက်ဒါလင်-ပြင်သစ်

မန်ယူဟာ ၂၀၁၅ ခုနှစ်က ပြင်သစ်ကစားသမား ရှနိုက်ဒါလင်ကို ပေါင် ၂၅ သန်းနဲ့ခေါ်ခဲ့တယ်။ ရှနိုက်ဒါလင်ဟာ ဒီပေးလိုပဲ နည်းပြဗန်ဟားလ်နဲ့ ပူးပေါင်းခွင့်ပြန်ရခဲ့ပါတယ်။ ရှနိုက်ဒါလင်ဟာ မန်ယူအတွက် ခြေစွမ်းမပြနိုင်ဘဲ ၂ ရာသီအတွင်း ၄၇ ပွဲကစားခဲ့ရာမှာ ၁ ဂိုးသာသွင်းခဲ့ပါတယ်။(၈) မာမီဘီရန်ဒီအော့ဖ်-ဆီနီဂေါ

မန်ယူဟာ  ၂၀၀၉ ခုနှစ်က မိုလ်ဒီကနေ ဆီနီဂေါတိုက်စစ်မှူး ဒီအော့ဖ်ကို ခေါ်ယူခဲ့ပါတယ်။ ဒီအော့ဖ်ဟာ မိုလ်ဒီအတွက် ၃ ရာသီအတွင်း ၈၆ ပွဲမှာ ၄၅ ဂိုးသွင်းခဲ့သူပါ။ ဒါပေမယ့် သူဟာ မန်ယူမှာ ခြေစွမ်းမပြနိုင်ဘဲ ၃ ရာသီအတွင်း ၉ ပွဲကစားပြီး ၁ ဂိုးသာသွင်းခဲ့ပါတယ်။(၉) ဒီပေး-နယ်သာလန်

မန်ယူဟာ ၂၀၁၅ ခုနှစ်က နယ်သာလန်တိုက်စစ်မှူး ဒီပေးကို ပေါင် ၂၅ သန်းနဲ့ ခေါ်ခဲ့ပါတယ်။ ဒီပေးဟာ မန်ယူမှာ နံပါတ် ၇ ဝတ်ကစားခွင့်ရခဲ့ပေမယ့် ဘာမှမလုပ်ပြနိုင်ပါဘူး။ ဒီပေးဟာ မန်ယူကစားသမားဘဝ ၂ ရာသီအတွင်း ၅၃ ပွဲမှာ ၇ ဂိုးသာသွင်းခဲ့ပါတယ်။(၁၀) ဖယ်လ်ကာအို-ကိုလံဘီယာ

မန်ယူဟာ ၂၀၁၄ ခုနှစ်က မိုနာကိုကနေ ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုကို ပေါင် ၆ သန်းအကုန်ခံကာ အငှားခေါ်ခဲ့ပါတယ်။ ဖယ်လ်ကာအိုဟာ မန်ယူအတွက် ၂၉ ပွဲကစားခဲ့ရာမှာ ၄ ဂိုးသာသွင်းခဲ့ပါတယ်။