premier league

ေအာင္ျမင္ၿပီးေနာက္ပိုင္း ဂ်ာဂ်င္ကေလာ့ပ္လည္း နည္းနည္းမာန္တက္လာတယ္လို႔ ပဲေလ့စ္ဥကၠဌေဟာင္း ေျပာ

Goal Goal > October 9, 2019

ပရီးမီးယားလိဂ္ပြဲစဥ္ ၈ အၿပီးမွာေတာ့ ဂ်ာဂ်င္ကေလာ့ပ္ရဲ႕လီဗာပူးအသင္းက အမွတ္ေပးဇယားကို ဦးေဆာင္လ်က္ရွိေနပါတယ္။ ဒီတစ္ပတ္ပြဲစဥ္ေတြမွာ လီဗာပူးက လက္စတာကို ၂-၁ နဲ႔အႏိုင္ရၿပီး မန္စီးတီးက ဝုဗ္ကိုအိမ္ကြင္းမွာပဲ ၀-၂ နဲ႔ရွံူးသြားခဲ့တာမို႔ ဒီႏွစ္သင္းၾကားအမွတ္ကြာဟမႈက ၈ မွတ္ထိရွိလာခဲ့တာပါ။ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး ၁၇ ပြဲဆက္တိုက္ ႏိုင္ပြဲရရွိထားတာလည္းျဖစ္ပါတယ္။ အခုလိုေအာင္ျမင္လာေတာ့ နည္းျပဂ်ာဂ်င္ကေလာ့ပ္လည္း နည္းနည္းမာန္တက္လာပုံရတယ္လို႔ ပဲေလ့စ္ဥကၠဌေဟာင္းတစ္ဦးျဖစ္သူ ဆိုင္မြန္ေဂ်ာ္ဒန္ကေျပာၾကားခဲ့ပါတယ္။
“ကစားသမားေတြကို လႈံ႕ေဆာ္မႈေပးႏိုင္ၿပီး အၿမဲတမ္းၿပံဳး႐ႊင္ေနတတ္တဲ့၊ တက္ႂကြတဲ့ဟန္ပန္အျပည့္ရွိတဲ့ ဂ်ာဂ်င္ကေလာ့ပ္ကို ပရိသတ္တိုင္းလိုလိုသေဘာက်ၾကပါတယ္။ ကြၽန္ေတာ္လည္းအပါအဝင္ပါပဲ။ ဒါေပမယ့္ အခုတေလာမွာ သူရဲ႕ျပဳမူေနထိုင္ေျပာဆိုပုံေတြက အနည္းငယ္ေျပာင္းလဲလာတာေတြ႕ရပါတယ္။ လက္စတာနဲ႔ပြဲမွာ ဆာလာကို ေခ်ာက္ဟူရီအဖ်က္ၾကမ္းခဲ့တာကို သူကျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ပါတယ္။ ဒါေပမယ့္ အလားတူျဖတ္ထုတ္မႈမ်ိဳးကို ဒီပြဲမွာပဲ အာႏိုးလ္လုပ္ခဲ့တာကိုေတာ့ သူေမ့ေနပုံရပါတယ္။ဒါဟာ ကြၽန္ေတာ္တို႔ခ်စ္ခင္သေဘာက်ခဲ့ရတဲ့ ကေလာ့ပ္နဲ႔ သိပ္မတူပါဘူး။ လတ္တေလာမွာ တစ္ဦးခ်င္းေရာ၊ အသင္းလိုက္ေရာ ေအာင္ျမင္မႈေတြရလာလို႔မ်ား သူနည္းနည္းမာန္တက္ေနတာလားေတာ့မသိပါဘူး။ အရင္လိုမဟုတ္တာကေတာ့ အေသအခ်ာပါပဲ။ နည္းျပေတြမွာ စြဲကပ္ေလ့ရွိတဲ့ ဘဝင္ျမင့္တဲ့ေရာဂါဟာ ကေလာ့ပ္ဆီကူးစက္ခဲ့ဟန္တူပါတယ္”လို႔ ဆိုင္မြန္ေဂ်ာ္ဒန္က သုံးသပ္သြားခဲ့ပါတယ္။ ဂ်ာဂ်င္ကေလာ့ပ္ရဲ႕ လီဗာပူးအသင္းဟာ အနီးစပ္ဆုံးပြဲစဥ္အျဖစ္ လာမယ့္ေအာက္တိုဘာလ ၂၀ ရက္ေန႔မွာ မန္ယူနဲ႔ အေဝးကြင္းပြဲစဥ္ကစားရဖို႔ရွိေနပါတယ္။

 

Unicode

ပရီးမီးယားလိဂ်ပွဲစဉ် ၈ အပြီးမှာတော့ ဂျာဂျင်ကလော့ပ်ရဲ့လီဗာပူးအသင်းက အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိနေပါတယ်။ ဒီတစ်ပတ်ပွဲစဉ်တွေမှာ လီဗာပူးက လက်စတာကို ၂-၁ နဲ့အနိုင်ရပြီး မန်စီးတီးက ဝုဗ်ကိုအိမ်ကွင်းမှာပဲ ၀-၂ နဲ့ရှံူးသွားခဲ့တာမို့ ဒီနှစ်သင်းကြားအမှတ်ကွာဟမှုက ၈ မှတ်ထိရှိလာခဲ့တာပါ။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၁၇ ပွဲဆက်တိုက် နိုင်ပွဲရရှိထားတာလည်းဖြစ်ပါတယ်။ အခုလိုအောင်မြင်လာတော့ နည်းပြဂျာဂျင်ကလော့ပ်လည်း နည်းနည်းမာန်တက်လာပုံရတယ်လို့ ပဲလေ့စ်ဥက္ကဌဟောင်းတစ်ဦးဖြစ်သူ ဆိုင်မွန်ဂျော်ဒန်ကပြောကြားခဲ့ပါတယ်။

“ကစားသမားတွေကို လှုံ့ဆော်မှုပေးနိုင်ပြီး အမြဲတမ်းပြံုးရွှင်နေတတ်တဲ့၊ တက်ကြွတဲ့ဟန်ပန်အပြည့်ရှိတဲ့ ဂျာဂျင်ကလော့ပ်ကို ပရိသတ်တိုင်းလိုလိုသဘောကျကြပါတယ်။ ကျွန်တော်လည်းအပါအဝင်ပါပဲ။ ဒါပေမယ့် အခုတလောမှာ သူရဲ့ပြုမူနေထိုင်ပြောဆိုပုံတွေက အနည်းငယ်ပြောင်းလဲလာတာတွေ့ရပါတယ်။ လက်စတာနဲ့ပွဲမှာ ဆာလာကို ချောက်ဟူရီအဖျက်ကြမ်းခဲ့တာကို သူကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် အလားတူဖြတ်ထုတ်မှုမျိုးကို ဒီပွဲမှာပဲ အာနိုးလ်လုပ်ခဲ့တာကိုတော့ သူမေ့နေပုံရပါတယ်။

ဒါဟာ ကျွန်တော်တို့ချစ်ခင်သဘောကျခဲ့ရတဲ့ ကလော့ပ်နဲ့ သိပ်မတူပါဘူး။ လတ်တလောမှာ တစ်ဦးချင်းရော၊ အသင်းလိုက်ရော အောင်မြင်မှုတွေရလာလို့များ သူနည်းနည်းမာန်တက်နေတာလားတော့မသိပါဘူး။ အရင်လိုမဟုတ်တာကတော့ အသေအချာပါပဲ။ နည်းပြတွေမှာ စွဲကပ်လေ့ရှိတဲ့ ဘဝင်မြင့်တဲ့ရောဂါဟာ ကလော့ပ်ဆီကူးစက်ခဲ့ဟန်တူပါတယ်”လို့ ဆိုင်မွန်ဂျော်ဒန်က သုံးသပ်သွားခဲ့ပါတယ်။ ဂျာဂျင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်အောက်တိုဘာလ ၂၀ ရက်နေ့မှာ မန်ယူနဲ့ အဝေးကွင်းပွဲစဉ်ကစားရဖို့ရှိနေပါတယ်။