premier league

ဇန္နဝါရီမွာ ကစားသမား ၉ ေယာက္ေလာက္ အစားထိုးဖို႔ႀကံေနတဲ့ ဆိုးလ္ရွား

Goal Goal > October 9, 2019

မန္ယူနည္းျပဆိုးလ္ရွားဟာ လာမယ့္ဇန္နဝါရီမွာ ကစားသမား ၉ ေယာက္ေလာက္ထိ အေျပာင္းအလဲျပဳလုပ္ဖို႔အတြက္ အက္ဝုဒ္ဝက္ဒ္ကို ေတာင္းဆိုလိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။ လတ္တေလာႀကဳံေတြ႕ေနရတဲ့ရလဒ္ဆိုးေတြကို ေျပာင္းျပန္လွန္ပစ္ႏိုင္ဖို႔အတြက္ အသင္းက ကစားသမား ၉ ေယာက္ေလာက္ကိုေရာင္းထုတ္ၿပီး ကစားသမားသစ္ေတြနဲ႔အစားထိုးဖို႔ ဆိုးလ္ရွားကျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။ မန္ယူအသင္းဟာ ဆိုးလ္ရွားကိုတရားဝင္ခန႔္အပ္ခဲ့ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံ ၂၁ ပြဲမွာ ၅ ပြဲသာအႏိုင္ရထားသလို သြင္းဂိုးကလည္း စုစုေပါင္း ၁၈ ဂိုးသာရွိခဲ့တာမို႔ တစ္ပြဲတစ္ဂိုးႏႈန္းေတာင္ရွိမေနခဲ့တာျဖစ္ပါတယ္။ဒီႏွစ္ပရီးမီးယားလိဂ္မွာဆိုရင္လည္း ရာသီအစ ၈ ပြဲမွာ ၉ မွတ္သာရရွိထားၿပီး တန္းဆင္းဇုန္နဲ႔ ၂ မွတ္အကြာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၂ ေနရာမွာရပ္တည္ေနပါတယ္။ ဒီလိုရလဒ္ဆိုးေတြေၾကာင့္ နည္းျပဆိုးလ္ရွားနဲ႔တကြ မန္ယူကစားသမားေတြဟာ ဖိအားဒဏ္ေတြနဲ႔ရင္ဆိုင္ေနရတာလည္းျဖစ္ပါတယ္။ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ အသင္းကိုေျမလွန္ပစ္ဖို႔ နည္းျပဆိုးလ္ရွားက ျပင္ဆင္လာခဲ့ၿပီး လက္ရွိအသင္းမွာေျခစြမ္းမျပႏိုင္တဲ့ကစားသမားအမ်ားစုကို ကစားသမားသစ္ေတြနဲ႔ အစားထိုးဖို႔ စီစဥ္လာခဲ့တာပါ။ ဆိုးလ္ရွားဟာ ကစားသမား ၉ ဦးထက္မနည္း အေျပာင္းအလဲလုပ္ဖို႔ရွိတယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ေပမယ့္ ဘယ္ကစားသမားေတြျဖစ္တယ္ဆိုတာေတာ့ အတိအက်မသိရေသးပါဘူး။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာေတာ့ မန္ယူအသင္းဟာ ဒန္နီရယ္လ္ဂ်ိမ္းစ္၊ ဝမ္ဘစၥကာနဲ႔ မက္ဂြိဳင္းယားတို႔ကို ေခၚယူအားျဖည့္ထားၿပီး လူကာကူ၊ အန္ဒါဟာရဲရား၊ ဒါမီယန္၊ စေမာလင္းနဲ႔ အလက္ဆစ္ဆန္းခ်က္ဇ္တို႔ကိုေတာ့ အသင္းကေနထြက္ခြာေစခဲ့ပါတယ္။ လာမယ့္အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာေတာ့ ဘယ္သူေတြထြက္ၿပီး ဘယ္သူေတြဝင္လာမလဲ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။ လက္ရွိမန္ယူအသင္းမွာ အေရးတႀကီးလိုအပ္ခ်က္အျဖစ္ အေထာင္တိုက္စစ္မႉးတစ္ေယာက္၊ ေပါ့ဘာနဲ႔တြဲကစားဖို႔ ကြင္းလယ္ကစားသမားတစ္ေယာက္၊ မက္ဂြိဳင္းယားနဲ႔တြဲရမယ့္ ဗဟိုေနာက္ခံလူတစ္ေယာက္ကို မျဖစ္မေနေခၚယူဖို႔လိုမယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။

 

Unicode

မန်ယူနည်းပြဆိုးလ်ရှားဟာ လာမယ့်ဇန်နဝါရီမှာ ကစားသမား ၉ ယောက်လောက်ထိ အပြောင်းအလဲပြုလုပ်ဖို့အတွက် အက်ဝုဒ်ဝက်ဒ်ကို တောင်းဆိုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ လတ်တလောကြုံတွေ့နေရတဲ့ရလဒ်ဆိုးတွေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့အတွက် အသင်းက ကစားသမား ၉ ယောက်လောက်ကိုရောင်းထုတ်ပြီး ကစားသမားသစ်တွေနဲ့အစားထိုးဖို့ ဆိုးလ်ရှားကပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဆိုးလ်ရှားကိုတရားဝင်ခန့်အပ်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ၅ ပွဲသာအနိုင်ရထားသလို သွင်းဂိုးကလည်း စုစုပေါင်း ၁၈ ဂိုးသာရှိခဲ့တာမို့ တစ်ပွဲတစ်ဂိုးနှုန်းတောင်ရှိမနေခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ပရီးမီးယားလိဂ်မှာဆိုရင်လည်း ရာသီအစ ၈ ပွဲမှာ ၉ မှတ်သာရရှိထားပြီး တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာရပ်တည်နေပါတယ်။ ဒီလိုရလဒ်ဆိုးတွေကြောင့် နည်းပြဆိုးလ်ရှားနဲ့တကွ မန်ယူကစားသမားတွေဟာ ဖိအားဒဏ်တွေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ အသင်းကိုမြေလှန်ပစ်ဖို့ နည်းပြဆိုးလ်ရှားက ပြင်ဆင်လာခဲ့ပြီး လက်ရှိအသင်းမှာခြေစွမ်းမပြနိုင်တဲ့ကစားသမားအများစုကို ကစားသမားသစ်တွေနဲ့ အစားထိုးဖို့ စီစဉ်လာခဲ့တာပါ။ ဆိုးလ်ရှားဟာ ကစားသမား ၉ ဦးထက်မနည်း အပြောင်းအလဲလုပ်ဖို့ရှိတယ်လို့ သတင်းတွေကဖော်ပြခဲ့ပေမယ့် ဘယ်ကစားသမားတွေဖြစ်တယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာတော့ မန်ယူအသင်းဟာ ဒန်နီရယ်လ်ဂျိမ်းစ်၊ ဝမ်ဘစ္စကာနဲ့ မက်ဂွိုင်းယားတို့ကို ခေါ်ယူအားဖြည့်ထားပြီး လူကာကူ၊ အန်ဒါဟာရဲရား၊ ဒါမီယန်၊ စမောလင်းနဲ့ အလက်ဆစ်ဆန်းချက်ဇ်တို့ကိုတော့ အသင်းကနေထွက်ခွာစေခဲ့ပါတယ်။ လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာတော့ ဘယ်သူတွေထွက်ပြီး ဘယ်သူတွေဝင်လာမလဲ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ လက်ရှိမန်ယူအသင်းမှာ အရေးတကြီးလိုအပ်ချက်အဖြစ် အထောင်တိုက်စစ်မှူးတစ်ယောက်၊ ပေါ့ဘာနဲ့တွဲကစားဖို့ ကွင်းလယ်ကစားသမားတစ်ယောက်၊ မက်ဂွိုင်းယားနဲ့တွဲရမယ့် ဗဟိုနောက်ခံလူတစ်ယောက်ကို မဖြစ်မနေခေါ်ယူဖို့လိုမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။