premier league

သူကိုယ္တိုင္ႏႈတ္ထြက္ဖို႔အစီအစဥ္မရွိသလို ဆိုးလ္ရွားကိုလည္း အျပည့္အဝေထာက္ခံေပးမယ့္ အက္ဝုဒ္ဝက္ဒ္

Goal Goal > October 9, 2019

ဒီႏွစ္ေဘာလုံးရာသီမွာေတာ့ မန္ယူအသင္းဟာ စံခ်ိန္တင္ရလဒ္ဆိုး႐ြားမႈေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒီလိုရလဒ္ဆိုး႐ြားမႈေတြအတြက္ ကစားသမားေတြကို အျပစ္ျမင္ေနတဲ့ ပရိသတ္ေတြရွိသလို ဆိုးလ္ရွားကိုသေဘာမက်တဲ့ပရိသတ္ေတြလည္းရွိပါတယ္။ ဒါ့အျပင္ အက္ဝုဒ္ဝက္ဒ္ေၾကာင့္ျဖစ္ရတယ္လို႔ ယူဆေနတဲ့ ပရိသတ္ေတြလည္း အမ်ားအျပားရွိခဲ့ၿပီး လူကာကူနဲ႔ဆန္းခ်က္ဇ္ထြက္ခြာသြားခ်ိန္ လူသစ္ေခၚဖို႔ ပ်က္ကြက္ခဲ့တာကို သူတို႔ကေထာက္ျပခဲ့ၾကပါတယ္။လက္ရွိမွာ မန္ယူဟာ သူတို႔အသင္းရဲ႕သမိုင္းတေလွ်ာက္ အဆိုး႐ြားဆုံးေသာ ပရီးမီးယားလိဂ္ရာသီအဖြင့္ရလဒ္ေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတာျဖစ္ၿပီး ပြဲစဥ္ ၈ အၿပီးမွာ ရမွတ္ ၉ မွတ္သာ ရရွိထားခဲ့ကာ တန္းဆင္းဇုန္နဲ႔ ၂ မွတ္အကြာ အဆင့္ ၁၂ ေနရာမွာရပ္တည္ေနပါတယ္။ ကာရာေဘာင္ဖလားပြဲမွာလည္း တတိယတန္းကလပ္အသင္းေလး ႐ို႕ခ်္ေဒးကို မိနစ္ ၉၀ အတြင္း အႏိုင္မရခဲ့သလို ယူ႐ိုပါလိဂ္မွာလည္း အက္စတာနာကို ၁-၀၊ အယ္လ္ခမာနဲ႔ ၀-၀ သေရကစားထားၿပီး ေက်နပ္ေလာက္စရာအေနအထားမရွိခဲ့ပါဘူး။ အခုလိုရလဒ္ဆိုး႐ြားမႈေတြေၾကာင့္ ပရိသတ္ေတြက အက္ဝုဒ္ဝက္ကို ျပင္းျပင္းထန္ထန္ေဝဖန္လာခဲ့ၾကတာျဖစ္ၿပီး အသင္းကထြက္သြားဖို႔ ေတာင္းဆိုေနၾကပါတယ္။ဒါေပမယ့္ အက္ဝုဒ္ဝက္ကေတာ့ အသင္းကထြက္သြားဖို႔ လုံးဝအစီအစဥ္မရွိသလို လတ္တေလာရလဒ္ေတြဆိုး႐ြားေနတဲ့ နည္းျပဆိုးလ္ရွားကိုလည္း အျပည့္အဝေထာက္ခံေပးထားတယ္လို႔ Express ကဆိုပါတယ္။ အက္ဝုဒ္ဝက္ဟာ ကစားသမားေခၚယူမႈအပိုင္းမွာ လိုအပ္ခ်က္ေတြရွိေနေပမယ့္လည္း အသင္းအတြက္ စပြန္ဆာစာခ်ဳပ္မ်ားစြာရွာေဖြေပးခဲ့ၿပီး ေငြရွာေကာင္းသူတစ္ေယာက္ျဖစ္တာေၾကာင့္ အသင္းပိုင္ရွင္ျဖစ္တဲ့ ဂေလဇာမိသားစုက အလြယ္တကူနဲ႔ လက္လႊတ္ခံမွာမဟုတ္ဘူးလို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။ မန္ယူအသင္းဟာ အနီးစပ္ဆုံးပြဲစဥ္အျဖစ္ လာမယ့္ေအာက္တိုဘာ ၂၀ ရက္ေန႔မွာ လီဗာပူးအသင္းကို အိမ္ကြင္းမွာလက္ခံကစားရဖို႔ရွိေနပါတယ္။

 

Unicode

ဒီနှစ်ဘောလုံးရာသီမှာတော့ မန်ယူအသင်းဟာ စံချိန်တင်ရလဒ်ဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီလိုရလဒ်ဆိုးရွားမှုတွေအတွက် ကစားသမားတွေကို အပြစ်မြင်နေတဲ့ ပရိသတ်တွေရှိသလို ဆိုးလ်ရှားကိုသဘောမကျတဲ့ပရိသတ်တွေလည်းရှိပါတယ်။ ဒါ့အပြင် အက်ဝုဒ်ဝက်ဒ်ကြောင့်ဖြစ်ရတယ်လို့ ယူဆနေတဲ့ ပရိသတ်တွေလည်း အများအပြားရှိခဲ့ပြီး လူကာကူနဲ့ဆန်းချက်ဇ်ထွက်ခွာသွားချိန် လူသစ်ခေါ်ဖို့ ပျက်ကွက်ခဲ့တာကို သူတို့ကထောက်ပြခဲ့ကြပါတယ်။

လက်ရှိမှာ မန်ယူဟာ သူတို့အသင်းရဲ့သမိုင်းတလျှောက် အဆိုးရွားဆုံးသော ပရီးမီးယားလိဂ်ရာသီအဖွင့်ရလဒ်တွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပြီး ပွဲစဉ် ၈ အပြီးမှာ ရမှတ် ၉ မှတ်သာ ရရှိထားခဲ့ကာ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ အဆင့် ၁၂ နေရာမှာရပ်တည်နေပါတယ်။ ကာရာဘောင်ဖလားပွဲမှာလည်း တတိယတန်းကလပ်အသင်းလေး ရို့ချ်ဒေးကို မိနစ် ၉၀ အတွင်း အနိုင်မရခဲ့သလို ယူရိုပါလိဂ်မှာလည်း အက်စတာနာကို ၁-၀၊ အယ်လ်ခမာနဲ့ ၀-၀ သရေကစားထားပြီး ကျေနပ်လောက်စရာအနေအထားမရှိခဲ့ပါဘူး။ အခုလိုရလဒ်ဆိုးရွားမှုတွေကြောင့် ပရိသတ်တွေက အက်ဝုဒ်ဝက်ကို ပြင်းပြင်းထန်ထန်ဝေဖန်လာခဲ့ကြတာဖြစ်ပြီး အသင်းကထွက်သွားဖို့ တောင်းဆိုနေကြပါတယ်။

ဒါပေမယ့် အက်ဝုဒ်ဝက်ကတော့ အသင်းကထွက်သွားဖို့ လုံးဝအစီအစဉ်မရှိသလို လတ်တလောရလဒ်တွေဆိုးရွားနေတဲ့ နည်းပြဆိုးလ်ရှားကိုလည်း အပြည့်အဝထောက်ခံပေးထားတယ်လို့ Express ကဆိုပါတယ်။ အက်ဝုဒ်ဝက်ဟာ ကစားသမားခေါ်ယူမှုအပိုင်းမှာ လိုအပ်ချက်တွေရှိနေပေမယ့်လည်း အသင်းအတွက် စပွန်ဆာစာချုပ်များစွာရှာဖွေပေးခဲ့ပြီး ငွေရှာကောင်းသူတစ်ယောက်ဖြစ်တာကြောင့် အသင်းပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုက အလွယ်တကူနဲ့ လက်လွှတ်ခံမှာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ မန်ယူအသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့်အောက်တိုဘာ ၂၀ ရက်နေ့မှာ လီဗာပူးအသင်းကို အိမ်ကွင်းမှာလက်ခံကစားရဖို့ရှိနေပါတယ်။