premier league

ဆိုးလ္ရွားကို ရာထူးကထုတ္ရင္ ေပါင္ ၇ သန္းေလ်ာ္ရမယ့္ မန္ယူ

Goal Goal > October 9, 2019

မန္ယူအသင္းဟာ ႏွစ္ေပါင္း ၃၀ အတြင္း ရာသီအစအဆိုး႐ြားဆုံးရလဒ္ပိုင္ဆိုင္ကာ ဖိအားမ်ားေနပါတယ္။ မန္ယူဟာ ပရီးမီးယားလိဂ္ ၈ ပြဲကစားၿပီးခ်ိန္ ၂ ပြဲသာ အႏိုင္ရၿပီး ၃ ပြဲသေရ ၃ ပြဲရႈံးကာ အဆင့္ ၁၂ ေနရာမွာ ရပ္တည္ေနပါတယ္။ မန္ယူဟာ ဖိအားမ်ားေနတဲ့အခ်ိန္ၾကမွ လီဗာပူးနဲ႔ ကစားရမွာက ခက္ခဲေစမွာျဖစ္ပါတယ္။ မန္ယူနည္းျပဆိုးလ္ရွား အနာဂတ္ကလည္း ေသခ်ာမႈမရွိဘဲ နည္းျပရာထူးတည္ၿမဲဖို႔အတြက္ လီဗာပူးပြဲ ရလဒ္ေကာင္းမွ ရမွာျဖစ္ပါတယ္။ မန္ယူအသင္းဟာ နည္းျပဆိုးလ္ရွားကိုရာထူးက ထုတ္ပယ္မယ္ဆိုရင္ ဘယ္ေလာက္ေလ်ာ္ရမလဲဆိုတာ အဂၤလန္သတင္းေတြက ေရးသားခဲ့ပါတယ္။ မန္ယူအသင္းဟာဆိုးလ္ရွားကို ထုတ္ပယ္မယ္ဆိုရင္ ေပါင္ ၇ သန္းေလ်ာ္ေၾကးေပးရမွာျဖစ္ေၾကာင္း သိရပါတယ္။မန္ယူအသင္းဟာ အရင္နည္းျပေဟာင္းေတြျဖစ္တဲ့ မိုရက္စ္နဲ႔ ေမာ္ရင္ညိဳကို ထုတ္ပယ္စဥ္က ေလ်ာ္ေၾကးေပးခဲ့ရပါေသးတယ္။ ေမာ္ရင္ည္ုနဲ႔ သူ႔ရဲ႕နည္းျပအဖြဲ႕ဝင္ေတြဟာ မန္ယူဆီကေနေလ်ာ္ေၾကးေပါင္ ၁၆ ဒသမ ၉ သန္းရခဲ့တာျဖစ္ပါတယ္။ ဆိုးလ္ရွားဟာ အလုပ္ျဖဳတ္ခံရမယ္ဆိုရင္ သူရမယ့္ေလ်ာ္ေၾကးဟာ မန္ယူနည္းျပေတြထဲမွာ ေလ်ာ္ေၾကးအနည္းဆုံးလည္းျဖစ္လာမွာပါ။မန္ယူအသင္းပိုင္ရွင္ ဂေလဇာမိသားစုကေတာ့ ဖိအားေတြရင္ဆိုင္ေနရတဲ့ နည္းျပဆိုးလ္ရွားကို အျပည့္အဝေထာက္ခံထားေၾကာင္း သိရပါတယ္။ ဆိုးလ္ရွားဟာ မိုလ္ဒီနဲ႔ ကာဒစ္ဖ္အသင္းတို႔ကိုသာ နည္းျပခဲ့ဖူးၿပီး မန္ယူလိုအသင္းကို တက္ကိုင္တာေၾကာင့္လည္း ေဝဖန္မႈေတြ ရင္ဆိုင္ေနရပါတယ္။ ဆိုးလ္ရွားရဲ႕ မန္ယူအသင္းအနာဂတ္ဟာ လီဗာပူးပြဲ ရလဒ္အေပၚ မူတည္ေနၿပီျဖစ္ပါတယ္။ မန္ယူဟာ ဆာအဲလက္ဖာဂူဆန္ေနာက္ပိုင္ နည္းျပေတြေျပာင္းလဲကာ ခရီးဆက္လာေပမယ့္ လက္ရွိအခ်ိန္ထိ လမ္းေၾကာင္းမွန္ေပၚျပန္မေရာက္ေသးပါဘူး။

 

Unicode

မန်ယူအသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ရာသီအစအဆိုးရွားဆုံးရလဒ်ပိုင်ဆိုင်ကာ ဖိအားများနေပါတယ်။ မန်ယူဟာ ပရီးမီးယားလိဂ် ၈ ပွဲကစားပြီးချိန် ၂ ပွဲသာ အနိုင်ရပြီး ၃ ပွဲသရေ ၃ ပွဲရှုံးကာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ မန်ယူဟာ ဖိအားများနေတဲ့အချိန်ကြမှ လီဗာပူးနဲ့ ကစားရမှာက ခက်ခဲစေမှာဖြစ်ပါတယ်။ မန်ယူနည်းပြဆိုးလ်ရှား အနာဂတ်ကလည်း သေချာမှုမရှိဘဲ နည်းပြရာထူးတည်မြဲဖို့အတွက် လီဗာပူးပွဲ ရလဒ်ကောင်းမှ ရမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ နည်းပြဆိုးလ်ရှားကိုရာထူးက ထုတ်ပယ်မယ်ဆိုရင် ဘယ်လောက်လျော်ရမလဲဆိုတာ အင်္ဂလန်သတင်းတွေက ရေးသားခဲ့ပါတယ်။ မန်ယူအသင်းဟာဆိုးလ်ရှားကို ထုတ်ပယ်မယ်ဆိုရင် ပေါင် ၇ သန်းလျော်ကြေးပေးရမှာဖြစ်ကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ အရင်နည်းပြဟောင်းတွေဖြစ်တဲ့ မိုရက်စ်နဲ့ မော်ရင်ညိုကို ထုတ်ပယ်စဉ်က လျော်ကြေးပေးခဲ့ရပါသေးတယ်။ မော်ရင်ည်ုနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေဟာ မန်ယူဆီကနေလျော်ကြေးပေါင် ၁၆ ဒသမ ၉ သန်းရခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ အလုပ်ဖြုတ်ခံရမယ်ဆိုရင် သူရမယ့်လျော်ကြေးဟာ မန်ယူနည်းပြတွေထဲမှာ လျော်ကြေးအနည်းဆုံးလည်းဖြစ်လာမှာပါ။

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုကတော့ ဖိအားတွေရင်ဆိုင်နေရတဲ့ နည်းပြဆိုးလ်ရှားကို အပြည့်အဝထောက်ခံထားကြောင်း သိရပါတယ်။ ဆိုးလ်ရှားဟာ မိုလ်ဒီနဲ့ ကာဒစ်ဖ်အသင်းတို့ကိုသာ နည်းပြခဲ့ဖူးပြီး မန်ယူလိုအသင်းကို တက်ကိုင်တာကြောင့်လည်း ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအနာဂတ်ဟာ လီဗာပူးပွဲ ရလဒ်အပေါ် မူတည်နေပြီဖြစ်ပါတယ်။ မန်ယူဟာ ဆာအဲလက်ဖာဂူဆန်နောက်ပိုင် နည်းပြတွေပြောင်းလဲကာ ခရီးဆက်လာပေမယ့် လက်ရှိအချိန်ထိ လမ်းကြောင်းမှန်ပေါ်ပြန်မရောက်သေးပါဘူး။