premier league

ရှက်ဖီးလ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာက မထိုက်တန်ကြောင်း နည်းပြအမ်မရီပြောကြား

Goal Goal > October 22, 2019

အာဆင်နယ်အသင်းနည်းပြအမ်မရီက ရှက်ဖီးလ်ယူနိုက်တက်ကို တစ်ဂိုး ဂိုးမရှိနဲ့ရှုံးခဲ့တာက မထိုက်တန်ကြောင်း ပွဲအပြီး ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အဝေးကွင်းမှာ အနိုင် ၃ မှတ်ရဖို့အတွက် အားကုန်ထုတ်ကြိုးစားခဲ့ပေမယ့် ချေပဂိုးပြန်မရဘဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရှုံးခဲ့တဲ့အပေါ် အသင်းပရိသတ်တွေက တော်တော်လေးခံပြင်းနေပါတယ်။ အာဆင်နယ်ပရိသတ်တွေက နည်းပြအမ်မရီကို ရာထူးက ထုတ်ပစ်ဖို့တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်တန်းတက်အသင်းတွေနဲ့ နောက်ဆုံးအဝေးကွင်း ရ ပွဲကစားပြီးချိန် ၄ ပွဲထိတောင် ရှုံးခဲ့ပါတယ်။ အာဆင်နယ်ဟာ ရှက်ဖီးလ်ပွဲမှာ ဂိုးသွင်းခွင့်တွေရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။နည်းပြအမ်မရီက´ ကျွန်တော်တို့ရှုံးပွဲနဲ့မထိုက်တန်ပါဘူး။ ပထမပိုင်းမှာ ထောင့်ကန်ဘောတွေ အများကြီးပေးခဲ့ရပါတယ်။ အာ့ဒီကနေသူတို့အသင်း ဂိုးသွင်းသွားတယ်။ ကျွန်တော်တို့ဟာ ပြိုင်ဘက်အသင်းထက် ဂိုးအခွင့်အရေးတွေ ပိုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ တစ်ပွဲလုံးမှာ အဓိကကျတဲ့ အချိန်တွေက ပထမတစ်ချက် သူတို့ဂိုးရသွားတာပါ။ ဒုတိယအချက်က ဆိုကရာတစ်လဲကျခဲ့ပေမယ့် ပင်နယ်တီမရခဲ့ဘူး။ ဒါက တကယ်ကိုပေးရမယ့်ပင်နယ်တီပါ။ အသင်းခြေစွမ်းပိုကောင်းအောင် ကြိုးစားရတော့မယ်`လို့ပြောကြားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်အဖွင့်ပြီးနောက် ပရီးမီးယားလိဂ်အဝေးကွင်း လေးပွဲဆက်တိုက် အနိုင်ပျောက်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီး ၄ ပွဲနိုင် ၃ ပွဲသရေ ၂ ပွဲရှုံးကာ ၁၅ မှတ်နဲ့ အဆင့် ၅ နေရာမှာရပ်တည်နေပါတယ်။ ဒေါသထွက်နေတဲ့ အာဆင်နယ်ပရိသတ်တွေကတော့ အမ်မရီကိုရာထူးကထုတ်ပယ်ဖို့ တွစ်တာပေါ်ကနေ ရေးသားတောင်းဆိုနေကြောင်းသိရပါတယ်။

 

Zawgyi

အာဆင်နယ်အသင်းနည်းပြအမ်မရီက ရှက်ဖီးလ်ယူနိုက်တက်ကို တစ်ဂိုး ဂိုးမရှိနဲ့ရှုံးခဲ့တာက မထိုက်တန်ကြောင်း ပွဲအပြီး ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အဝေးကွင်းမှာ အနိုင် ၃ မှတ်ရဖို့အတွက် အားကုန်ထုတ်ကြိုးစားခဲ့ပေမယ့် ချေပဂိုးပြန်မရဘဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ရှုံးခဲ့တဲ့အပေါ် အသင်းပရိသတ်တွေက တော်တော်လေးခံပြင်းနေပါတယ်။ အာဆင်နယ်ပရိသတ်တွေက နည်းပြအမ်မရီကို ရာထူးက ထုတ်ပစ်ဖို့တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်တန်းတက်အသင်းတွေနဲ့ နောက်ဆုံးအဝေးကွင်း ရ ပွဲကစားပြီးချိန် ၄ ပွဲထိတောင် ရှုံးခဲ့ပါတယ်။ အာဆင်နယ်ဟာ ရှက်ဖီးလ်ပွဲမှာ ဂိုးသွင်းခွင့်တွေရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

နည်းပြအမ်မရီက´ ကျွန်တော်တို့ရှုံးပွဲနဲ့မထိုက်တန်ပါဘူး။ ပထမပိုင်းမှာ ထောင့်ကန်ဘောတွေ အများကြီးပေးခဲ့ရပါတယ်။ အာ့ဒီကနေသူတို့အသင်း ဂိုးသွင်းသွားတယ်။ ကျွန်တော်တို့ဟာ ပြိုင်ဘက်အသင်းထက် ဂိုးအခွင့်အရေးတွေ ပိုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ တစ်ပွဲလုံးမှာ အဓိကကျတဲ့ အချိန်တွေက ပထမတစ်ချက် သူတို့ဂိုးရသွားတာပါ။ ဒုတိယအချက်က ဆိုကရာတစ်လဲကျခဲ့ပေမယ့် ပင်နယ်တီမရခဲ့ဘူး။ ဒါက တကယ်ကိုပေးရမယ့်ပင်နယ်တီပါ။ အသင်းခြေစွမ်းပိုကောင်းအောင် ကြိုးစားရတော့မယ်`လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်အဖွင့်ပြီးနောက် ပရီးမီးယားလိဂ်အဝေးကွင်း လေးပွဲဆက်တိုက် အနိုင်ပျောက်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီး ၄ ပွဲနိုင် ၃ ပွဲသရေ ၂ ပွဲရှုံးကာ ၁၅ မှတ်နဲ့ အဆင့် ၅ နေရာမှာရပ်တည်နေပါတယ်။ ဒေါသထွက်နေတဲ့ အာဆင်နယ်ပရိသတ်တွေကတော့ အမ်မရီကိုရာထူးကထုတ်ပယ်ဖို့ တွစ်တာပေါ်ကနေ ရေးသားတောင်းဆိုနေကြောင်းသိရပါတယ်။