premier league

အမ်မရီကို ဒိုးလိုက်တော့ ဘဲကြီးလို့ အပြစ်တင်နေကြတဲ့ အာဆင်နယ်ပရိသတ်တွေနဲ့ နောက်ဆုံးရသတင်းတိုများ

Goal Goal > October 22, 2019

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှက်ဖီးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ရှက်ဖီးလ်အသင်းက ၁ – ၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီရှုံးပွဲအပေါ် အာဆင်နယ်ပရိသတ်တွေက အရမ်းပေါက်ကွဲနေကြပြီး အမ်မရီကို ထုတ်ပယ်ဖို့ တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

မန်ယူနောက်ခံလူဟောင်း အီဗရာကတော့ သူ့ကစားသမားဘဝမှာ အခက်ခဲဆုံးပြိုင်ဘက်အဖြစ် လီဗာပူးကစားသမား မီလ်နာကို သတ်မှတ်ပေးသွားခဲ့ပါတယ်။ အီဗရာဟာ မက်ဆီနဲ့ ရင်ဆိုင်ဖူးသူဖြစ်ပေမယ့် အခုလိုပဲ မက်ဆီကိုကျော်ကာ မီလ်နာကို ရွေးချယ်ခဲ့တာပါ။ဂျူဗင်တပ်တိုက်စစ်ကစားသမား ရော်နယ်ဒိုကတော့ လက်ရှိနည်းပြဆာရီလက်ထက်မှာ အရင်နည်းပြ အယ်လီဂရီထက် ပိုကောင်းလာတယ်လို့ သုံးသပ်လိုက်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ အနားယူဖို့ကိုလည်း အသင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။

ရီးရဲလ်နည်းပြ ဇီဒန်းကတော့ သူ့အနေနဲ့ ဝေဖန်မှုတွေအပေါ် ဘယ်လိုမှ မနေဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူ့အတွက်တော့ နည်းပြရာထူးကနေထွက်ရမယ်ဆိုတဲ့အပေါ် ဘယ်လိုဖိအားမှလည်း မရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။အာဆင်နယ်အသင်းခေါင်းဆောင် ရှာကာကတော့ ဝေဖန်သူတွေဟာ အရမ်းကို စကားများလွန်းတယ်လို့ ပြစ်တင်သွားခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီကလည်း သူတို့ဟာ အရှုံးနဲ့မထိုက်တန်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

Ballon d’Or ဆုအတွက် ဆန်ကာတင်စာရင်းတွေ ထွက်ပေါ်လာပြီးနောက် လီဗာပူးနောက်ခံလူ ဗန်ဒိုက်ခ်ဟာ ဒီဆုရဖို့အတွက် ရေပန်းစားနေခဲ့ပြန်ပြီဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆုကိုတော့ ဗန်ဒိုက်ခ်နဲ့ မက်ဆီက ရေပန်းစားနေတာပဲဖြစ်ပါတယ်။Ballon d’Or ဆုနည်းတူ လူငယ်တွေအတွက် ဂုဏ်သိက္ခာကြီးမားတဲ့ ဆုဖြစ်တဲ့ Kopa Trophy ဆုတံဆိပ်အတွက် အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမားလေး ဂွမ်ဒူဇီဟာ နောက်ဆုံး ၁၀ ယောက် စာရင်းထဲကို ပါဝင်သွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ ၁၀ ယောက်ထဲမှာ ဆန်ချိုနဲ့ ဂျိုအာဖီးလစ်တို့လည်း ပါဝင်လာတာပဲဖြစ်ပါတယ်။