premier league

နောက်တန်းကစားပေမယ့် တစ်နှစ်အတွင်း နှစ်ယောက်ပေါင်းဂိုးဖန်တီးမှု ၃၅ ကြိမ်ပြုလုပ်နိုင်ခဲ့ကြတဲ့ အာနိုးလ်နဲ့ရော်ဘတ်ဆန်

Goal Goal > October 22, 2019

လီဗာပူးခံစစ်အစွန်လူတွေဖြစ်ကြတဲ့ အာနိုးလ်နဲ့ ရော်ဘတ်ဆန်တို့ဟာ ဒီနေ့ဘောလုံးလောကရဲ့ အကောင်းဆုံး Fullback တစ်စုံအဖြစ် မှတ်တမ်းဝင်လျက်ရှိနေပါတယ်၊ အထူးအားဖြင့် ဂိုးဖန်တီးမှုနဲ့ပတ်သက်လာရင်တော့ အာနိုးလ်နဲ့ ရော်ဘတ်ဆန်တို့ဟာ အခြားသောနောက်ခံလူတွေထက် ခေါင်းတစ်လုံးပိုမြင့်သလိုဖြစ်နေခဲ့တာပါ… မန်ယူနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လယ်လာနာရဲ့နောက်ကျချေပဂိုးကို ရော်ဘတ်ဆန်က ဖန်တီးပေးခဲ့တာဖြစ်ပါတယ်၊ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီအစကနေစတွက်ရင် အာနိုးလ်နဲ့ ရော်ဘတ်ဆန်တို့ရဲ့ ၃၅ ကြိမ်မြောက်ဂိုးဖန်တီးမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်…အာနိုးလ်ဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး ဒါဟာ ပြိုင်ပွဲသမိုင်းတလျှောက်မှာ နောက်ခံလူတစ်ယောက်အနေနဲ့ ဂိုးဖန်တီးမှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်၊ ရော်ဘတ်ဆန်ဟာလည်း ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ရှိနေပြီး အာနိုးလ်ထက် တစ်ကြိမ်သာလျော့နည်းခဲ့တာဖြစ်ပါတယ်… အသင်းဖော်အာနိုးလ်ဟာ တကယ့်အရည်အသွေးမြင့် နောက်ခံအစွန်လူတစ်ယောက်ဖြစ်တယ်လို့ ရော်ဘတ်ဆန်က ချီးကျူးသွားခဲ့ပြီး ဒီထက်အများကြီးထွန်းတောက်လာဦးမယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။ သူ့အနေနဲ့ အာနိုးလ်နဲ့အတူ အခုလိုဂိုးဖန်တီးမှုတွေများစွာပြုလုပ်နိုင်ခဲ့တဲ့အတွက် ကျေနပ်မိပေမယ့် အဓိကကတော့ အသင်းရလဒ်ကောင်းဖို့သာဖြစ်တယ်လို့လည်းဆိုပါတယ်။

“အာနိုးလ်ဟာ တကယ်ကိုထူးချွန်တဲ့နောက်ခံအစွန်လူတစ်ယောက်ပါ၊ သူနဲ့တစ်သင်းထဲမှာ အတွဲညီညီခြေစွမ်းပြခွင့်ရတာ ကျွန်တော်တကယ်ကံကောင်းပါတယ်၊ သူဟာ ဒီထက်အများကြီးထွန်းတောက်လာဦးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ ကျွန်တော်လည်း သူ့လိုပဲ ဂိုးဖန်တီးမှုတွေနဲ့ အသင်းကိုကူညီပေးချင်ပါတယ်…ဒါပေမယ့် အသင်းရလဒ်ကောင်းဖို့ကသာ နံပါတ်တစ်ဦးစားပေးပါပဲ၊ အသင်းသာရလဒ်တွေကောင်းမွန်နေမယ်ဆိုရင် ကျွန်တော်ဂိုးဖန်တီးမှုတွေမလုပ်နိုင်ဘူးဆိုလည်းရပါတယ်”လို့ ရော်ဘတ်ဆန်က ပြောကြားခဲ့ပါတယ်။