premier league

ဒီအပတ်ရဲ့ပရီးမီးယားလိဂ်မှာ ပြောစရာဖြစ်ခဲ့တဲ့အချက်များ

Goal Goal > January 20, 2020

ပရီးမီးယားလိဂ်ရဲ့ပွဲစဉ် ၂၃ ကတော့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီအပတ်မှာတော့ အသင်းကြီးအများစုဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ခြေစွမ်းထက်နေတဲ့ အသင်းတွေဟာလည်း မထင်မှတ်ဘဲနဲ့ ရှုံးပွဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒီအပတ်ပွဲစဉ်တွေထဲက ထူးခြားမှုတွေကို ပြန်ကြည့်ရရင်တော့ –
၁။ ဒီအပတ်မှာ ဇယားထိပ်က လီဗာပူးတစ်သင်းသာ အသင်းကြီး ၇ သင်းထဲမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ စပါး ၊ အာဆင်နယ် ၊ မန်စီးတီး တို့က သရေကျခဲ့သလို ချဲလ်ဆီးနဲ့ လက်စတာတို့က ရှုံးနိမ့်ခဲ့ပါတယ်။ မန်ယူကလည်း လီဗာပူးကို ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။
၂။ ဒီအပတ်မှာ အလီဆွန်ဟာ ဆာလက်ရဲ့ နောက်ဆုံးသွင်းဂိုးအတွက် တိုက်ရိုက်ကန်တင်ပြီး ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ ဒါဟာ ဒီအပတ်ရဲ့ ဂိုးသမားရဲ့ဂိုးဖန်တီးမှုဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
၃။ မန်ယူကို ဂိုးသွင်းနိုင်ခဲ့တဲ့ ဆာလက်ဟာလည်း သူ့ကစားသမားဘဝမှာ ပထမဆုံးအကြိမ် မန်ယူကို ဂိုးသွင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
၄။ ဒီအပတ်မှာ လက်စတာဟာ ဘန်လေကို ၂ – ၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ၁ – ၁ ဖြစ်နေချိန်မှာ လက်စတာတို့ဟာ ပင်နယ်တီ ရခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါပင်နယ်တီကို ဗာဒီကတော့ လွဲချော်ခဲ့ပါတယ်။ ဗာဒီအတွက်တော့ မမေ့နိုင်စရာညလို့ ဆိုရမှာပါ။
၅။ ဒီအပတ်ရဲ့တန်းဆင်းဇုန်တိုက်ပွဲလို့ ဆိုလို့ရတဲ့ နော်ဝှစ်နဲ့ ဘုန်းမောက်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ နော်ဝှစ်အသင်းက ၁ – ၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ နော်ဝှစ်အတွက် တစ်လုံးတည်းသောသွင်းဂိုးကို ပွတ်ကီက ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ထူးခြားချက်ကတော့ ဘုန်းမောက်နောက်ခံလူ စတိဗ်ကွတ်ဟာ ဂိုးထဲဝင်တော့မယ့်ဘောလုံးကို ဂိုးသမားတစ်ဦးလို ပုတ်ထုတ်ကာကွယ်ခဲ့တာပါ။ ဒါပေမဲ့ သူဟာ အနီကဒ်ပြခံခဲ့ရပြီး အသင်းကလည်း ပင်နယ်တီပေးခဲ့ရတာပဲ ဖြစ်ပါတယ်။
၆။ အဆိုပါပွဲစဉ်မှာပါပဲ ဘုန်းမောက်ဘက်က စတိဗ်ကွတ်ထုတ်ခံခဲ့ရသလို နော်ဝှစ်ဘက်ကလည်း ဘန်ဂေါ့ဖရေးဟာ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါဟာ ဒီအပတ်ရဲ့ထူးခြားမှုလည်းဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
၇။ မန်စီးတီးနဲ့ ပဲလေ့စ်တို့ သရေကျတဲ့ပွဲမှာ ဖာနန်ဒင်ဟိုဟာ ပဲလေ့စ်အတွက် နောက်ဆုံးချေပဂိုးကို OG အဖြစ် သွင်းပေးခဲ့ပါတယ်။ ဒါဟာ ဒီအပတ်ရဲ့တစ်ခုတည်းသော OG ဖြစ်ပါတယ်။
၈။ ဆောက်သမ်တန်ဟာ ဝုဗ်လ်အသင်းကို ပထမပိုင်းပြီးချိန်မှာ ၂ – ၀ နဲ့ နိုင်နေခဲ့တာပါ။ ဒါပေမဲ့ ဒုတိယပိုင်းပြီးချိန်မှာတော့ ဝုဗ်လ်က ၃ ဂိုး ပြန်သွင်းကာ ၃ – ၂ နဲ့ နိုင်ခဲ့ပါတယ်။ ဂျီမီနက်စ်ဟာ ဒီအပတ်အတွက်တော့ သူရဲကောင်းတစ်ဦးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။