premier league

ယနေ့ညမှာ ကစားမယ့် ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီကို ခံစားရင်ခုန်ခြင်း

Goal Goal > January 21, 2020

ယနေ့ညမှာတော့ ပရီးမီးယားလိဂ်ရဲ့ပွဲကောင်းတွေထဲက တစ်ပွဲဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်တွေကို ရင်ဆိုင်ကစားရမှာပါ။ လက်ရှိမှာတော့ နှစ်သင်းစလုံးဟာ အနည်းငယ်တော့ ရုန်းကန်နေရပြီး ခြေစွမ်းမတည်ငြိမ်မှုကို တွေ့မြင်နေရတာပါ။ အထူးသဖြင့် အာဆင်နယ်အသင်းက ပိုသိသာခဲ့တာပဲဖြစ်ပါတယ်။ ပထမအကျော့တုန်းကတော့ အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကို ၂ – ၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့ဟာ အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးအသင်းဘက်ကို အကောင်းဆုံး ဦးဆောင်ကစားထားနိုင်ပေမယ့် ပွဲချိန်ပြီးခါနီးအချိန်တွေမှာပေးရတဲ့ နောက်တန်းအမှားက ဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေကို ပြန်သုံးသပ်ရရင်တော့ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲရှုံးကာ ၁ ပွဲသရေကျခဲ့တာပဲဖြစ်ပါတယ်။ သူတို့ဟာ ရှုံးနိမ့်တဲ့ပွဲစဉ်တွေမှာ ဆောက်သမ်တန်နဲ့ နယူးကာဆယ်တို့လိုအ ရဂိုးက သင်းတွေကို ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့ဟာ အဆိုပါ ၅ ပွဲမှာ ရဂိုးက ၆ ဂိုးရှိခဲ့ပြီး ပေးဂိုးကတော့ ၄ ဂိုးရှိခဲ့တာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ၃ ပွဲသရေကျကာ ၁ ပွဲရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့သရေပွဲအများဆုံးအသင်းလည်းဖြစ်ပါတယ်။ အဆိုပါ ၅ ပွဲမှာ အာဆင်နယ်ဟာ ရဂိုးက ၅ ဂိုးရှိခဲ့ပြီး ပေးဂိုးကလည်း ၅ ဂိုးရှိနေခဲ့တာပါ။ သူတို့ဟာ တစ်ပွဲကို ၁ ဂိုးပေးရပြီး ၁ ဂိုးနှုန်းပြန်ပေးနေရသလိုပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အမှတ်ပေးဇယားရဲ့ရပ်တည်မှုမှာ ချဲလ်ဆီးက ၃၉ မှတ်နဲ့ အဆင့် ၄ နေရာမှာရှိနေပြီး အာဆင်နယ်အသင်းကတော့ ၂၉ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ သူတို့ကြားမှာ အမှတ်ကွာခြားမှုက ၁၀ မှတ်အထိရှိနေပြီး အာဆင်နယ်အသင်းအတွက်တော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ခက်ခဲလာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ခြေစွမ်းကို သုံးသပ်ရရင်တော့ အာဆင်နယ်အသင်းဟာ လာကာဇက်ခြေကျနေပြီး အူဘာမီယန်းမပါဝင်နိုင်ချိန်မှာ တိုက်စစ်က သိပ်အလုပ်မဖြစ်တာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ဒဏ်ရာပြဿနာတွေရရှိနေတဲ့ ခံစစ်ကလည်း အမှားအယွင်းတွေများနေပြီး ခွင့်မပြုသင့်တဲ့ ဂိုးတွေကို ခွင့်ပြုပေးနေရတာပဲဖြစ်ပါတယ်။ချဲလ်ဆီးကတော့ အသင်းကြီးတွေနဲ့ဆို ကစားပုံကောင်းတတ်ပြီး အသင်းငယ်တွေနဲ့ဆိုရင်တော့ ကစားပုံက လျော့ရဲသွားတာကို တွေ့မြင်ခဲ့ရပါတယ်။ အထူးသဖြင့် ချဲလ်ဆီးအသင်းရဲ့လူငယ်တွေဟာ တည်ငြိမ်မှုပိုင်းမှာ အားနည်းနေပြီး ပုံမှန်ခြေစွမ်းကို ပွဲချိန်အတွင်းမှာ အချိန်ပြည့်မထိန်းထားနိုင်တာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ အခုလို တချို့ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ ဒီပွဲအပေါ် သုံးသပ်ရရင်တော့ အိမ်ကွင်းမှာ ကစားရမှာဖြစ်တဲ့အတွက် ချဲလ်ဆီးအတွက် အခွင့်အရေးက တစ်ပန်းပိုသာနေပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ အဝေးကွင်းဆို ညံ့ဖျင်းတတ်တဲ့ အခြေအနေလည်းရှိနေတာပါ။ ဒါ့အပြင် အူဘာမီယန်းမပါဝင်တဲ့တိုက်စစ်ကလည်း အာဆင်နယ်အသင်းရဲ့တိုက်စစ်ကို အနည်းငယ်အားနည်းနေစေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ အသင်းကို ကပ်နိုင်သွားဖွယ်ရှိနေတာပဲဖြစ်ပါတယ်။