premier league

ဒီအပတ်ပရီးမီးယားလိဂ်ရဲ့ပွဲကောင်း ၃ ပွဲအား ခံစားရင်ခုန်ခြင်း

Goal Goal > February 14, 2020

Winter Break ကြောင့် ပြီးခဲ့တဲ့အပတ်မှာ နားခဲ့တဲ့ပွဲစဉ်တချို့ကို ဒီအပတ်မှာ ကစားမှာပဲဖြစ်ပါတယ်။ လက်ရှိအပတ်မှာတော့ အသင်းကြီးတချို့ရဲ့ပွဲစဉ်တွေရှိနေပါတယ်။ အဲ့ဒီထဲက ပွဲကောင်း ၃ ပွဲကို သုံးသပ်ခန့်မှန်းပေးလိုက်ပါတယ်။
၁ ။ ဝုဗ်လ် Vs လက်စတာ
နှစ်သင်းစလုံးက ခြေစွမ်းကောင်းမွန်တဲ့အသင်းတွေဖြစ်ပါတယ်။ ဝုဗ်လ်ဟာ နောက်ဆုံးပွဲစဉ် ၂ ပွဲမှာ လီဗာပူးကို ရှုံးနိမ့်ပြီး မန်ယူနဲ့တော့ သရေကျခဲ့ပါတယ်။ သူတို့ဟာ အသင်းကြီး ၃ သင်းကို ဆက်တိုက်ကန်ရမယ့်အနေအထားပါ။ အခုတော့ အိမ်ကွင်းမှာ သူတို့ဟာ လက်စတာကို ဧည့်ခံရမှာပဲဖြစ်ပါတယ်။
လက်စတာကတော့ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းကိုနိုင်ပြီး ချဲလ်ဆီးနဲ့ သရေကျထားပါတယ်။ သူတို့ဟာ ကာရာဘောင်မှာတော့ အက်စတွန်ဗီလာကိုရှုံးပြီးဖိုင်နယ်တက်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ လက်စတာအနေနဲ့ ဗာဒီဆီကနေ ဂိုးတွေပြန်ရချိန်တန်နေပါပြီ။ ဒါ့အပြင် အသင်းကွင်းလယ်ကစားသမားတွေကလည်း ခြေတက်နေပါတယ်။ဒါပေမယ့် ခံစစ်ပိုင်းမှာ အနည်းငယ်လျော့ရဲလာတာကိုလည်းတွေ့မြင်ရပါတယ်။ ဝုဗ်လ်က အိမ်ကွင်းမာပြီး ခံစစ်မာကျောတဲ့အသင်းပါ။ ဒီပွဲမှာ ဂိုးနည်းနည်းနဲ့ သရေကျသွားဖွယ်ရှိနေပါတယ်။
ခန့်မှန်းရလဒ် ဝုဗ်လ် ၁ – ၁ လက်စတာ ၂ ။ နော်ဝှစ် Vs လီဗာပူး
နော်ဝှစ်အတွက်တော့ အခြေအနေက ဆိုးရွားနေပါပြီ။ သူတို့အနေနဲ့ တန်းမဆင်းရဖို့ဆိုရင် အံ့သြသင့်ဖွယ်အခြေအနေတွေကို ပိုင်ဆိုင်မှပဲဖြစ်တော့မှာပါ။ ဒါပေမယ့် သူတို့ရဲ့ခံစစ်အမှားတွေက သူတို့ကို ဒုက္ခပေးနေတာပဲဖြစ်ပါတယ်။
လီဗာပူးကတော့ ဒီနှစ်မှာ ရှုံးပွဲမရှိသေးပါဘူး။ ဒါ့အပြင် သူတို့ဟာ အကောင်းဆုံးပုံစံနဲ့ရှေ့ဆက်နေပါတယ်။ မာနေးပြန်ပါလာဖွယ်ရှိနေတဲ့တိုက်စစ်ကလည်းနော်ဝှစ်ကို ဒုက္ခပေးနိုင်ဦးမှာပါ။ ဒီပွဲမှာ တန်းဆင်းဇုန်ဖိအားကြောင့် နော်ဝှစ်တို့ အသည်းအသန်ရုန်းလာမှာဖြစ်ပေမယ့် စိတ်ဓါတ်ပိုင်းအကောင်းဆုံးဖြစ်နေတဲ့ လီဗာပူးကို ဒုက္ခပေးဖို့က ခက်ပါတယ်။ လီဗာပူးအနိုင်ပြတ်သားပါလိမ့်မယ်။
နော်ဝှစ် ၀ – ၃ လီဗာပူး၃ ။ အာဆင်နယ် Vs နယူးကာဆယ်
အာဆင်နယ်အသင်းဟာ သရေပွဲတွေ အရမ်းကို များနေပါတယ်။ သူတို့ဟာ တိုက်စစ်က မဆိုးလှပေမယ့် ခံစစ်ကတော့ ဂိုးတွေပြန်ပေးနေရတာပါ။ ဒါပေမယ့် တိုက်စစ်ကလည်း အူဘာမီယန်းဂိုးမရရင် နည်းနည်းတော့ ရုန်းကန်ရတာကိုတွေ့မြင်ရပါတယ်။ အာတီတာအနေနဲ့ ဒါကို သေချာပေါက်ပြင်ဆင်ရတော့မှာပဲဖြစ်ပါတယ်။
နယူးကာဆယ်ကလည်း လက်ရှိမှာခြေစွမ်းကောင်းတွေပြသနေပါတယ်။ သူတို့ဟာ ချဲလ်ဆီးကိုနိုင်ပြီးနောက် အဲဗာတန်နဲ့သရေ ၊ နော်ဝှစ်နဲ့ သရေကျထားပါတယ်။ အခုကတော့ သူတို့ဟာ အာဆင်နယ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရတော့မှာပါ။ လက်ရှိအနေအထားအရတော့ အာဆင်နယ်အသင်းဟာ ရုန်းကစားဖွယ်ရှိနေပြီး နယူးကာဆယ်အနေနဲ့ ဒါကိုတောင့်ခံနိုင်ပါ့မလားဆိုတာက သံသယဖြစ်စရာပါ။ အာဆင်နယ်တို့ ကပ်နိုင်သွားချေရှိနေတာပဲဖြစ်ပါတယ်။
ခန့်မှန်းရလဒ် အာဆင်နယ် ၂ – ၁ နယူးကာဆယ်