premier league

လာမယ့်အပြောင်းအရွှေ့ကာလမှာ လင်ဂတ်နဲ့ ပါရဲရားကို ရောင်းချဖို့ စီစဉ်နေတဲ့ မန်ချက်စတာယူနိုက်တက်

Goal Goal > March 22, 2020

မန်ယူအသင်းဟာ လာမယ့်ရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လင်ဂတ်နဲ့ ပါရဲရားကိုရောင်းချဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ခြေစွမ်းကောင်းမပြနိုင်မှုကြောင့် ဒီကစားသမား ၂ ဦးဟာ မန်ယူကို စွန့်ခွါရဖို့ သေချာသလောက်ရှိနေပြီလို့ သတင်းတွေမှာ အခိုင်အမာဖော်ပြလာခဲ့ကြတာပဲဖြစ်ပါတယ်။ မန်ယူအသင်းရဲ့အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ လင်ဂတ်ဟာ အစောပိုင်းကာလမှာတုန်းက ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပွဲကြီးတွေမှာ ခြေစွမ်းပိုမိုပြသနိုင်သူမို့ Big Game Player လို့တောင် နာမည်တပ်ခြင်းခံခဲ့ရသူပါ။ ဒါပေမယ့် လက်ရှိမှာတော့ သူဟာ ပုံမှန်ခြေစွမ်းရဖို့တောင် ရုန်းကနု်နေရတာပဲဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်း ပါရဲရားဟာ မန်ယူအသင်းနဲ့ ကိုက်ညီတဲ့ခြေစွမ်းမျိုးမပြသနိုင်ဘဲ ရရှိခဲ့တဲ့အခွင့်အရေးတွေကိုလည်း အရမယူနိုင်ခဲ့သူဖြစ်ပါတယ်။ အစောပိုင်းမှာ သူနဲ့ ဖရက်ဒ်ဟာ ဝေဖန်ခံခဲ့ရပေမယ့် အခုတော့ ဖရက်ဒ်ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနေပြီး အသင်းရဲ့အားကိုးရသူဖြစ်လာပေမယ့် ပါရဲရားကတော့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီကစားသမား ၂ ဦးကို မန်ယူပရိသတ်တွေကလည်း စိတ်ပျက်နေကြပြီး အသင်းကနေရောင်းထုတ်ဖို့ ဆန္ဒရှိနေကြတယ်လို့ သိရပါတယ်။ နည်းပြဆိုးလ်ရှားကိုယ်တိုင်ကလည်း လာမယ့်နှစ်မှာ အသင်းကို ဆုဖလားစိန်ခေါ်နိုင်ဖို့အတွက် ထိပ်တန်းကစားသမားတွေနဲ့ တည်ဆောက်လိုနေပြီး ပိုနေတဲ့ ကစားသမားတွေကို ပြန်လည်ရောင်းထုတ်ဖွယ်ရှိနေတာပဲဖြစ်ပါတယ်။လက်ရှိမှာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ မှာရပ်တည်နေတဲ့ မန်ယူအသင်းဟာ ဒီနှစ်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ သူတို့ဟာ ဒီအတွက်လည်း ရာသီဝက်မှာတုန်းက ဘရူနိုဖာနန်ဒက်စ်နဲ့ အစ်ဟာလိုတို့ကို ခေါ်ယူခဲ့ပြီး အဆိုပါ ကစားသမား ၂ ဦးစလုံးကလည်း ခြေစွမ်းပြကစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမန်ယူကွင်းလယ်မှာ ပေါ့ဘာ၊ တိုမီနေး၊ ဖရက်ဒ်၊ မာတစ်၊ ဘရူနိုဖာနန်ဒက်စ်တို့ ရှိနေတဲ့အပြင် မန်ယူအသင်းဟာ ဂရီးလစ်နဲ့ မက်ဒီဆင်တို့ကိုပါ ခေါ်ယူဖို့ကြိုးစားနေတဲ့အတွက် အခုလိုပဲ ကွင်းလယ်မှာ ပိုနေတဲ့ကစားသမားတွေကို ရောင်းထုတ်ချင်လာတာပါ။ လက်ရှိအနေအထားအရတော့ လင်ဂတ်နဲ့ ပါရဲရားတို့ဟာ အသင်းပြောင်းရချေများပြားနေပြီး ဘယ်အသင်းတွေကို ရောက်ရှိမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။