premier league

ကျွန်တော်နဲ့ တွဲကစားခဲ့ဖူးတဲ့ထဲမှာတော့ ဇလာတန် အကောင်းဆုံးပါပဲ … (လင်ဒီလော့ဖ်)

Goal Goal > May 16, 2020

သူ့အနေနဲ့ ကစားသမားဘဝမှာ ကြယ်ပွင့်ကစားသမား အတော်များများနဲ့ တွဲကစားခဲ့ဖူးတယ်လို့ မန်ယူနောက်ခံလူ လင်ဒီလော့ဖ်က ပြောကြားခဲ့ပါတယ်။ သူနဲ့တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံးတစ်ယောက်ကို ရွေးပါဆိုရင်တော့ ဇလာတန်ပဲဖြစ်မယ်လို့လည်း လင်ဒီလော့ဖ်က ဆိုပါတယ်။ လင်ဒီလော့ဖ်ဟာ ဇလာတန်နဲ့ ဆွီဒင်လက်ရွေးစင်အသင်း၊ မန်ယူအသင်းတို့မှာ တွဲကစားခဲ့ဖူးသူဖြစ်ပါတယ်၊ သူ့အနေနဲ့ ဇလာတန်နဲ့ ကာလတိုလောက်ပဲ တွဲကစားခဲ့ဖူးပေမယ့်လည်း ဇလာတန်ရဲ့ခြေစွမ်းကို မလေးစားဘဲမနေနိုင်အောင်ဖြစ်ရတယ်လို့ လင်ဒီလော့ဖ်က ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ကစားသမားဘဝမှာ ကြယ်ပွင့်ကစားသမားအတော်များများနဲ့ တွဲကစားခွင့်ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီထဲက တစ်ယောက်ပဲ ရွေးခွင့်ရှိမယ်ဆိုရင်တော့ အဲဒါ ဇလာတန်ကလွဲလို့ တခြားမဖြစ်နိုင်ပါဘူး။ သူဟာ တကယ်ထူးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး ဆွီဒင်လက်ရွေးစင်အသင်း၊ မန်ယူအသင်းတို့မှာ ကျွန်တော် သူနဲ့အချိန်အနည်းငယ် အတူဖြတ်သန်းခဲ့ဖူးပါတယ်။ ကျွန်တော်နဲ့ တွဲကစားဖူးသမျှထဲမှာတော့ သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက်ပါပဲ” လို့ လင်ဒီလော့ဖ်က ပြောကြားခဲ့ပါတယ်။
လက်ရှိမန်ယူအသင်းရဲ့ခြေစွမ်းကို သူ့အနေနဲ့ အားရမှုရှိပေမယ့်လည်း ခုထက်ပိုတိုးတက်ဖို့ လိုသေးတယ်လို့လည်း လင်ဒီလော့ဖ်က ဆိုပါတယ်။
“ကျွန်တော့်အနေနဲ့ လက်ရှိအသင်းရဲ့ခြေစွမ်းကို ကျေနပ်အားရမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီထက်အများကြီး ပိုကောင်းလာနိုင်သေးတယ်လို့ ယုံကြည်ထားပါတယ်၊ အဲဒီအတွက်လည်း တစ်သင်းလုံး ကြိုးစားလျက်ရှိနေပါတယ်”လို့ လင်ဒီလော့ဖ်က ပြောကြားခဲ့ပါတယ်။