premier league

ပရီးမီးယားလိဂ်ကို ပြန်ရောက်ဖို့ အရမ်းနီးစပ်နေတဲ့ ဆန်ချို

Goal Goal > May 16, 2020

လက်ရှိမှာတော့ ဒေါ့မွန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဆန်ချိုဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ နီးစပ်နေပြီလို့ သတင်းတွေက အခိုင်အမာဆိုလိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ယူအသင်းနဲ့ ချဲလ်ဆီးအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ချဲလ်ဆီးအသင်းက ပိုမိုရေပန်းစားနေတာပဲ ဖြစ်ပါတယ်။
လက်ရှိထုတ်ပြန်ထားတဲ့ ဈေးကွက်တန်ဖိုးအရတော့ ဆန်ချိုရဲ့တန်ဖိုးဟာ ပေါင်သန်း ၁၂၀ ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကိုဗစ် 19 ကူးစက်ရောဂါကြောင့် ကစားသမားတွေရဲ့တန်ဖိုးက အနည်းငယ် ကျဆင်းလာနိုင်ချေရှိနေတာပဲ ဖြစ်ပါတယ်။ ဆန်ချိုဟာ မန်စီးတီးအသင်းမှာ ပုံမှန်ကစားခွင့်မရတဲ့အတွက် ဒေါ့မွန်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး သူဟာ ဒေါ့မွန်အသင်းကို ရောက်ရှိပြီး သိပ်မကြာခင်မှာပဲ အကောင်းဆုံးခြေစွမ်းကို ပြသနိုင့်ခဲပြီး ဥရောပရဲ့ အလားအလာအရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကာလတုန်းက ဘွန်ဒက်စ်လီဂါရဲ့ စံချိန်ကောင်းတွေကိုလည်း ချိုးဖျက်နိုင်ခဲ့တဲ့ ဆန်ချိုဟာ ဒီနှစ်ရာသီမှာလည်း ဒေါ့မွန်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကာ တည်ငြိမ်တဲ့ကစားဟန်ကို ပြသထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီနှစ်မှာသူ့အပေါ် ထိပ်သီးအသင်းတွေက စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။ ဆန်ချိုဟာ ဒီနှစ်ရာသီမှာ ဒေ့ါမွန်အတွက် ဘွန်ဒက်စ်လီဂါမှာ ၂၃ ပွဲကစားပြီး ၁၄ ဂိုးသွင်းကာ ၁၅ ဂိုးအထိ ဖန်တီးပေးထားနိုင်သူပဲဖြစ်ပါတယ်။ သူဟာ ဒေါ့မွန်အတွက် သွင်းဂိုး ၂၉ ဂိုးမှာ တိုက်ရိုက်ပါဝင်နေတာ ဖြစ်ပါတယ်။ သူဟာ ဒေါ့မွန်မှာ တည်ငြိမ်တဲ့ခြေစွမ်းကို ပြသထားသူဖြစ်ပါတယ်။
လက်ရှိသတင်းတွေအရတော့ ဆန်ချိုကိုယ်တိုင်ကလည်း အင်္ဂလန်ကို ပြန်လာဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်ယူနဲ့ ချဲလ်ဆီးအသင်းကတော့ ဆန်ချိုအတွက် အပြိုင်ဖြစ်နေတာပါ။ ဒါပေမဲ့ ဆန်ချိုကတေ့ ချဲလ်ဆီးကို ပိုမိုစိတ်ပါနေတယ်။ ဒါကြောင့် ဆန်ချိုအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာဖို့က နီးစပ်နေပြီဖြစ်ပါတယ်။