Europa League

ဒီရာသီ အကောင်းဆုံးဆုအများဆုံးအဖြစ် မက်ဆီဦးဆောင်နေပြီး ဒိုလေးတတိယနေရာရောက်နေ

Goal Goal > February 14, 2020

ဘောလုံးဟာ အသင်းလိုက်အားကစားနည်းတစ်ခုသာလျှင်ဖြစ်ပေမယ့် ကစားသမားတိုင်းဟာ တစ်ဦးချင်းထူးချွန်ဆုတွေကိုလည်း လိုချင်တပ်မက်မောလေ့ရှိတာ သဘာဝပါပဲ။ တစ်ပွဲစာအကောင်းဆုံးကစားသမားဆုကနေစလို့ ကမ္ဘာ့အကောင်းဆုံးဆုအထိ တစ်ဦးချင်းဆုတံဆိပ်တွေကို ကစားသမားတိုင်း လိုချင်မက်မောကြပါတယ်။ တချို့ကစားသမားတွေဟာ ပွဲစဉ်အများစုမှာ ခြေစွမ်းပြကစားခဲ့ကြတာကြောင့် တစ်ရာသီအတွင်း တစ်ပွဲစာအကောင်းဆုံးကစားသမားဆုတွေ များစွာဆွတ်ခူးနိုင်လေ့ရှိပါတယ်။ ဒီနှစ်ဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ အကောင်းဆုံးဆုအများဆုံးရရှိထားတဲ့ ကစားသမားတွေကို Goal Goal ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။၁။ လီယွန်နယ်မက်ဆီ (ဘာစီလိုနာ) – ၁၀ ကြိမ် (၈.၆၇)
လီယွန်နယ်မက်ဆီဟာ ဒီရာသီပြည်တွင်းလိဂ်မှာ သွင်းဂိုး ၁၄ ဂိုး၊ ဂိုးဖန်တီးမှု ၁၁ ကြိမ်နဲ့ အကောင်းဆုံးကစားသမားဆု ၁၀ ကြိမ်ရရှိထားပါတယ်။ ဒဏ်ရာပြဿနာကြောင့် တစ်လခွဲလောက်နားခဲ့ရပေမယ့် လာလီဂါဂိုးသွင်းအများဆုံးကစားသမားစာရင်း၊ ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းတို့ကို မက်ဆီကပဲဦးဆောင်နေခဲ့တာပါ။၂။ နေမာ (PSG) – ၈ ကြိမ် (၈.၆၆)
နေမာဟာလည်း ဒီရာသီ ဒဏ်ရာပြဿနာတွေကြောင့် PSG အတွက် လီဂူး-၁ မှာ ၁၄ ပွဲသာပါဝင်ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ရှိခဲ့ပါတယ်။၃။ ရော်နယ်ဒို (ဂျူဗီ) – ၈ ကြိမ် (၇.၉၁)
ရာသီအစမှာ ခြေစွမ်းပျောက်သလိုဖြစ်နေခဲ့ပေမယ့် နောက်ပိုင်းမှာ တောက်လျှောက်ခြေစွမ်းပြဂိုးတွေသွင်းယူလာခဲ့သူရော်နယ်ဒိုဟာ နေမာနဲ့ MOTM ၈ ကြိမ်ရတာချင်းတူပေမယ့် တစ်ဦးချင်း Rating အရ အဆင့် ၃ နေရာကိုရောက်သွားခဲ့ပါတယ်။ သူဟာ ဒီနှစ်ဘောလုံးရာသီ စီးရီးအေပွဲ ၂၀ ပါဝင်ကစားထားရာမှာတော့ ဂိုး ၂၀ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။၄။ ဂျိုဆီလူ (အလာဗက်ဇ်) – ၈ ကြိမ် (၇.၇၅)
၅။ တီမိုဝါနာ (လိုက်ပဇစ်) – ၈ ကြိမ် (၇.၆၉)
၆။ အင်မိုဘိုင်းလ် (လာဇီယို) – ၈ ကြိမ် (၇.၃၃)