France Ligue 1

၂၀၁၉ ဘော်လွန်းဒီအော်ဆု ဆန်ခါတင်မှာ နေမာ မပါဝင်ရတဲ့ အဓိကပြစ်ချက်များ

Goal Goal > October 22, 2019

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရွှေးချယ်ချီးမြှင့်တဲ့ ၂၀၁၉ ဘော်လွန်းဒီအော်ဆု အယောက် ၃၀ ဆန်ခါတင်စာရင်းထုတ်ပြန်ခဲ့ရာမှာ စီရိုနယ်ဒို မက်ဆီနဲ့ ဗန်ဒိုက်အစပြုလို့ နာမည်ကြီးကစားသမားတွေ ပါဝင်ခဲ့ပေမယ့် ဘရာဇီးနဲ့ ပီအက်စ်ဂျီတိုက်စစ်မှုး နေမာ မပါဝင်ခဲ့ပါဘူး။ နေမာလို ကမ႓ာ့အကောင်းဆုံးကစားသမားစာရင်းဝင် ပလေယာတစ်ယောက် ဆန်ခါတင်စာရင်းမှာ မပါခဲ့တာက ပရိသတ်တွေအတွက် အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နေမာမပါဝင်ခဲ့တာက လွန်ခဲ့တဲ့ ၁၀ လအတွင်း အရှုပ်အထွေးတွေနဲ့ ပြစ်ချက်တွေရှိခဲ့လို့ဖြစ်ကြောင်း ပြောကြားလာပါတယ်။

နေမာဟာ ၂၀၁၉ ဇန်နဝါရီ ၂၃ ရက်က စထရာဘော့ပွဲမှာ ဒဏ်ရာရခဲ့ပါတယ်။ သူဟာ မန်ယူနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်နှစ်ကျော့စလုံးလွဲခဲ့ပြီး ဧပြီတိုင်အောင်နားခဲ့ရပါတယ်။ နေမာဟာ မန်ယူကို ရှုံးခဲ့တဲ့ပွဲမှာ ပင်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင် စကိုမီနာကို စော်ကားမှုပြုလုပ်ခဲ့ပြီး ယူအီးအက်ဖ်အေကို ကျက်သရေမရှိဘူးလို့ အင်စတာဂရမ်မှာရေးခဲ့ပါတယ်။ ဒါ့ကြောင့် နေမာကို ယူအီးအက်ဖ်အေက ၃ ပွဲပယ်ခဲ့ပါတယ်။

နေမာဟာ ဧပြီ ၂၇ ရက်မှာတော့ ကိုပီဒီဖရန့်ဖိုင်နယ်မှာ ပရိသတ်တစ်ဦးကို တွန်းခဲ့တာက အကျည်းတန်ဖြစ်ရပ် တစ်ခုဖြစ်ခဲ့ပါတယ်။ နေမာဟာ ဇွန် ၆ ရက်မှာတော့ ကာတာပွဲမကစားခင် သွေးပူလေ့ကျင့်ခန်းမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြန်ပါတယ်။ သူဟာ ကိုပါအမေရိကပွဲ လွဲခဲ့ရပါတယ်။ နေမာဟာ သြဂုတ်လမှာတော့ မုဒိမ်းမှုစွပ်စွဲခံရပြီး ဖြေရှင်းခဲ့ရပါသေးတယ်။ စက်တင်ဘာ ၁၄ ရက် စထရာဘော့ပွဲ ပြန်လည်ပါဝင်ကစားတဲ့ နေမာကို ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။ နေမာဟာ အောက်တိုဘာ ၁၃ ရက် နိုင်ဂျီးရီးယားပွဲမှာ ထပ်မံဒဏ်ရာရခဲ့ပါတယ်။ ၁၀ လအတွင်း နေမာအတွက် တစ်ခုပြီးတစ်ခု အဖြစ်အပျက်တွေ ပေါင်းစုံနေလို့ ၃၀ ဦးစာရင်းကနေ ဖယ်ထုတ်ခဲ့တာဖြစ်ကြောင်း ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရှင်းလင်းခဲ့ပါတယ်။