Global

ဒီရာသီ ဥရောပထိပ်တန်းလိဂ်တွေက ဂိုးဖန်တီးမှု အများဆုံးကစားသမား ၁ဝ ဦး

Goal Goal > October 9, 2019











 

(Unicode)

(၁) ဘယ်လ်ဂျီယံနဲ့ မန်စီးတီးတောင်ပံကစားသမား ဒီဘရိုင်းဟာ ဒီရာသီ ဥရောပထိပ်တန်းလိဂ်ဂိုးဖန်တီးမှု အများဆုံးဖြစ်ပြီး ၈ ကြိမ် ဂိုးဖန်တီးထားပါတယ်။
(၂) နံပါတ် ၂ နေရာမှာတော့ ဒေါ့မွန်က အင်္ဂလန်ကစားသမား ဆန်ချို ရပ်တည်နေကာ ကစားဖော်တွေအတွက် ၆ ဂိုး ဖန်တီးပေးထားပါတယ်။
(၃) လာဇီယိုအသင်းအတွက် ခြေစွမ်းပြ ကစားနေတဲ့ လူးဝစ်အယ်ဘာတိုဟာ ဒီရာသီမှာ ကစားဖော်တွေအတွက် ၅ ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။
(၄) မန်စီးတီးကစားသမားပဲဖြစ်တဲ့ အယ်လ်ဂျီးရီးယား ကစားသမား မာရက်ဇ်ရဲ့ ဒီရာသီ ဂိုးဖန်တီးပေးထားမှုက ၅ ဂိုး ဖြစ်ပါတယ်။
(၅) လက်စတာ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး မိုနာကိုကို ရောက်နေတဲ့ ဆလီမာနီဟာ ဒီရာသီ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးထားပါတယ်။
(၆) ဘရက်စ်အသင်းအတွက် ခြေစွမ်းပြကစားနေသူက ပြင်သစ်ကွင်းလယ်လူ ယိုအန်ကော့ဖြစ်ပြီး သူဟာ ၅ ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။
(၇) အသက် ၂၈ နှစ်အရွယ် နာပိုလီ အဓိကကစားသမား အင်ဆိုင်နီဟာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားပါတယ်။
(၈) အသက် ၂၁ နှစ်အရွယ် ဖီအိုရင်တီးနားတိုက်စစ်မှူး ချီဆာဟာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးထားသူပါ။
(၉) ဗလင်စီယာအတွက် ခြေစွမ်းပြနေတဲ့ ရိုဒရီဂိုဟာ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ပေးထားပါတယ်။
(၁၀) နံပါတ် ၁၀ နေရာမှာ ရိုးမားကစားသမား ပယ်လီဂရီနီ ရပ်တည်နေကာ ၄ ဂိုးဖန်တီးထားပါတယ်။