Global

မက္ဆီကို ေခ်ာ့ေပါင္းမွ ဘာကာမွာ အဆင္ေျပမယ့္ ဂေရဇ့္မန္းနဲ႔ ေနာက္ဆံုးရသတင္းတိုမ်ား

Goal Goal > October 9, 2019

ဒီႏွစ္ရာသီအစမွာ အက္သလက္အသင္းကေန ဘာကာကို ေျပာင္းေရႊ႕လာခ့ဲတ့ဲ ဂေရဇ့္မန္းဟာ ဘာကာအသင္းမွာ အနည္းငယ္ ႐ုန္းကန္ေနရပါတယ္။ သူဟာ မက္ဆီနဲ႔ တြဲဖက္ေျခစြမ္းျပဖို႔ လိုေနေသးတာပါ။ ဒါေၾကာင့္ ေဘာလံုးကြၽမ္းက်င္သူေတြကေတာ့ ဂေရဇ့္မန္းအေနနဲ႔ ဘာကာမွာ အဆင္ေျပဖုိ႔ဆို မက္ဆီရဲ႕ မ်က္ႏွာသာေပးမႈရမွျဖစ္မွာေၾကာင့္ မက္ဆီကို ေခ်ာ့ေပါင္းဖို႔ လိုေနတယ္လို႔ သံုးသပ္လုိက္ပါတယ္။

ဂ်ာမနီအသင္းရဲ႕ ဂႏၱဝင္ကစားသမားေဟာင္းႀကီး ရွဝိန္းစတိန္ဂါကေတာ့ ရာသီအကုန္မွာ ေဘာလံုးသမားဘဝကေန အနားယူေတာ့မယ္လို႔ ထုတ္ျပန္ေၾကညာသြားခ့ဲပါတယ္။ စတိန္ဂါဟာ ဘိုင္ယန္အသင္းနဲ႔အတူ ေအာင္ျမင္မႈမ်ားစြာ ရရွိခ့ဲသူလည္း ျဖစ္ပါတယ္။

မက္ဆီကေတာ့ သူ႔အေနနဲ႔ ေနမာဟာ ရီးရဲလ္ကို ေျပာင္းသြားလိမ့္မယ္လို႔ ထင္ခ့ဲမိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခ့ဲပါတယ္။ လက္ရွိမွာေတာ့ ေနမာဟာ ဘယ္ကိုမွ မေျပာင္းျဖစ္ဘဲ PSG မွာသာ ဆက္ရွိေနခ့ဲတာပဲ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးလူငယ္တိုက္စစ္မွဴးေလး ေအဗရာဟမ္ကေတာ့ အဂၤလန္အသင္းအေနနဲ႔ လူမ်ိဳးေရးခြဲျခားမႈေတြ ၾကံဳရတ့ဲအခါ ကစားသမားအားလံုး ကြင္းျပင္ပကို ထြက္သြားဖို႔ ျပင္ဆင္ထားတယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ လြန္ခ့ဲတ့ဲ ႏုိင္ငံပြဲေတြတုန္းက စတာလင္ဟာ လူမ်ိဳးေရးခြဲျခားမႈ ျပဳလုပ္ခံရဖူးတာ ျဖစ္ပါတယ္။

ဆြီဒင္ႏုိင္ငံရဲ႕မလ္မိုၿမိဳ႕မွာေတာ့ ဆီြဒင္တုိက္စစ္မွဴးႀကီး အီဘရာဟီမိုဗစ္ရဲ႕ ပံုတူေၾကး႐ုပ္ထုကို ထားရွိခ့ဲၿပီ ျဖစ္ပါတယ္။ ဒီဖြင့္ပြဲကို မိုဗစ္ကိုယ္တုိင္ တက္ေရာက္ဖြင့္လွစ္ေပးခ့ဲျပီး သူဟာ သူ႔ရဲ႕တြစ္တာအေကာင့္ကေနလည္း “We are Zweden” လုိ႔ ေရးသားခ့ဲပါေသးတယ္။

လက္ရွိမွာေတာ့ ေအစီမီလန္အသင္းဟာ အသင္းရဲ႕နည္းျပ ဂ်ီယမ္ေပၚလိုကို နည္းျပအျဖစ္ကေန ထုတ္ပယ္လုိက္ၿပီ ျဖစ္ပါတယ္။ ဂ်ီယမ္ေပၚလိုဟာ စီးရီးေအ ၇ ပြဲသာ ကိုင္တြယ္ခ့ဲရတာပါ။ ဒါေပမဲ့ ရလဒ္ေတြ ဆက္တို္က္ဆိုးရြားေနမႈေၾကာင့္ အခုလိုပဲ ထုတ္ပယ္ခံလို္က္ရတာပဲ ျဖစ္ပါတယ္။

စပါးကြင္းလယ္လူ အဲရစ္ဆင္ကေတာ့ လက္ရွိအေနအထားဟာ သူ႔ရဲ႕ကစားသမားဘဝမွာ အခက္အခဲဆံုးကာလျဖစ္တယ္လို႔ ဝန္ခံခ့ဲပါတယ္။ စပါးအသင္းဟာ လက္ရွိမွာ ရလဒ္ေတြ ဆိုးရြားေနၿပီး အသင္းကေန ထြက္ခြါမယ္လို႔ နာမည္ႀကီးခ့ဲတ့ဲ အဲရစ္ဆင္ဟာလည္း အသင္းမွာ ႐ုန္းကန္ခ့ဲရတာပဲျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အသင္းလက္မ့ဲျဖစ္ေနတ့ဲ ေမာ္ရင္ဟိုဟာ စပါးအသင္းနည္းျပရာထူးအတြက္ ေရပန္းစားေနၿပီလို႔ သိရပါတယ္။ သတင္းေတြကေတာ့ စပါးဟာ ပိုခ်က္တီႏုိေနရာမွာ ေမာ္ရင္ညိဳကို ခန္႔အပ္ဖြယ္ရွိေနၿပီး တကယ္လို႔ ပိုခ်က္တီႏုိထြက္တာနဲ႔ မန္ယူကလည္း ပိုခ်က္တီႏုိကို ေခၚယူဖို႔ ျပင္ဆင္ထားတယ္လို႔ ေဖာ္ျပခ့ဲၾကပါတယ္။

 

(Unicode)

ဒီနှစ်ရာသီအစမှာ အက်သလက်အသင်းကနေ ဘာကာကို ပြောင်းရွှေ့လာခဲ့တဲ့ ဂရေဇ့်မန်းဟာ ဘာကာအသင်းမှာ အနည်းငယ် ရုန်းကန်နေရပါတယ်။ သူဟာ မက်ဆီနဲ့ တွဲဖက်ခြေစွမ်းပြဖို့ လိုနေသေးတာပါ။ ဒါကြောင့် ဘောလုံးကျွမ်းကျင်သူတွေကတော့ ဂရေဇ့်မန်းအနေနဲ့ ဘာကာမှာ အဆင်ပြေဖို့ဆို မက်ဆီရဲ့ မျက်နှာသာပေးမှုရမှဖြစ်မှာကြောင့် မက်ဆီကို ချော့ပေါင်းဖို့ လိုနေတယ်လို့ သုံးသပ်လိုက်ပါတယ်။
ဂျာမနီအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ရှဝိန်းစတိန်ဂါကတော့ ရာသီအကုန်မှာ ဘောလုံးသမားဘဝကနေ အနားယူတော့မယ်လို့ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ စတိန်ဂါဟာ ဘိုင်ယန်အသင်းနဲ့အတူ အောင်မြင်မှုများစွာ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
မက်ဆီကတော့ သူ့အနေနဲ့ နေမာဟာ ရီးရဲလ်ကို ပြောင်းသွားလိမ့်မယ်လို့ ထင်ခဲ့မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ နေမာဟာ ဘယ်ကိုမှ မပြောင်းဖြစ်ဘဲ PSG မှာသာ ဆက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။
ချဲလ်ဆီးလူငယ်တိုက်စစ်မှူးလေး အေဗရာဟမ်ကတော့ အင်္ဂလန်အသင်းအနေနဲ့ လူမျိုးရေးခွဲခြားမှုတွေ ကြုံရတဲ့အခါ ကစားသမားအားလုံး ကွင်းပြင်ပကို ထွက်သွားဖို့ ပြင်ဆင်ထားတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ နိုင်ငံပွဲတွေတုန်းက စတာလင်ဟာ လူမျိုးရေးခွဲခြားမှု ပြုလုပ်ခံရဖူးတာ ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံရဲ့မလ်မိုမြို့မှာတော့ ဆွီဒင်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ရဲ့ ပုံတူကြေးရုပ်ထုကို ထားရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီဖွင့်ပွဲကို မိုဗစ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး သူဟာ သူ့ရဲ့တွစ်တာအကောင့်ကနေလည်း “We are Zweden” လို့ ရေးသားခဲ့ပါသေးတယ်။
လက်ရှိမှာတော့ အေစီမီလန်အသင်းဟာ အသင်းရဲ့နည်းပြ ဂျီယမ်ပေါ်လိုကို နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ဂျီယမ်ပေါ်လိုဟာ စီးရီးအေ ၇ ပွဲသာ ကိုင်တွယ်ခဲ့ရတာပါ။ ဒါပေမဲ့ ရလဒ်တွေ ဆက်တို်က်ဆိုးရွားနေမှုကြောင့် အခုလိုပဲ ထုတ်ပယ်ခံလို်က်ရတာပဲ ဖြစ်ပါတယ်။
စပါးကွင်းလယ်လူ အဲရစ်ဆင်ကတော့ လက်ရှိအနေအထားဟာ သူ့ရဲ့ကစားသမားဘဝမှာ အခက်အခဲဆုံးကာလဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ စပါးအသင်းဟာ လက်ရှိမှာ ရလဒ်တွေ ဆိုးရွားနေပြီး အသင်းကနေ ထွက်ခွါမယ်လို့ နာမည်ကြီးခဲ့တဲ့ အဲရစ်ဆင်ဟာလည်း အသင်းမှာ ရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ဟိုဟာ စပါးအသင်းနည်းပြရာထူးအတွက် ရေပန်းစားနေပြီလို့ သိရပါတယ်။ သတင်းတွေကတော့ စပါးဟာ ပိုချက်တီနိုနေရာမှာ မော်ရင်ညိုကို ခန့်အပ်ဖွယ်ရှိနေပြီး တကယ်လို့ ပိုချက်တီနိုထွက်တာနဲ့ မန်ယူကလည်း ပိုချက်တီနိုကို ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့ ဖော်ပြခဲ့ကြပါတယ်။