Global
ကမ္ဘာ့ပြောင်းရွှေ့ကြေး အများဆုံးဖြစ်ခဲ့တဲ့ ထိတ်ထိတ်ကြဲကွင်းလယ် ကစားသမား ၁၀ ဦး
Goal Goal > October 9, 2019
(၇) ကမ္ဘာ့ပြောင်းရွှေ့ကြေး အမြင့်ဆုံး သတ္တမကစားသမားက မန်စီးတီးကို ယူရို သန်း ၇ဝ နဲ့ ရောက်လာတဲ့ ရိုဒရီပါ။
(Unicode)
(၁) ကမ႓ာ့ပြောင်းရွှေ့ကြေး အများဆုံး ကွင်းလယ်ကစားသမားကတော့ ဘရာဇီးသား ကော်တင်ညို ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ၂၀၁၇ ခုနှစ်က ကော်တင်ညိုကို ခေါ်ဖို့ ပြောင်းရွှေ့ကြေး ယူရို ၁၄၅ သန်းအထိ အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။
(၂) ကမ႓ာ့ဒုတိယပြောင်းရွှေ့ကြေးအများဆုံး ကွင်းလယ်ကစားသမားကတော့ ပြင်သစ်ကစားသမား ပေါ့ဘာပါ။ မန်ယူဟာ ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ပေါ့ဘာကို ဂျူဗင်တပ်စ်ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၀၅ သန်းနဲ့ ပြန်ခေါ်ခဲ့ရတာ ဖြစ်ပါတယ်။
(၃) တတိယနေရာ ချိတ်သူကတော့ ပြင်သစ်ဂန္ထဝင်ကွင်းလယ်ကစားသမားဟောင်း ဇီဒန်း ဖြစ်ပါတယ်။ ဇီဒန်းဟာ ၂၀၀၁ ခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလက ရီးရဲလ်မက်ဒရစ်ကို ရောက်လာခဲ့ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေး ယူရို ၇၇ ဒသမ ၅ သန်းပါ။
(၄) မန်စီးတီး တောင်ပံကစားသမား ဒီဘရိုင်းက နံပါတ် ၄ ချိတ်ပါတယ်။ မန်စီးတီးဟာ ဘယ်လ်ဂျီယံကစားသမား ဒီဘရိုင်းကို ခေါ်ဖို့ ယူရို ၇၆ သန်း အသုံးပြုခဲ့ရပါတယ်။
(၅) ဘာစီလိုနာကို ပြောင်းခဲ့တဲ့ နယ်သာလန် ကွင်းလယ်လူ ဒီဂျောင်က နံပါတ် ၅ ချိတ်ပြီး သူ့ပြောင်းရွှေ့ကြေးက ယူရို ၇၅ သန်းပါ။
(၆) ကိုလံဘီယာကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်ကို ယူရို ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး နံပါတ် ၆ လိုက်ပါတယ်။
(၇) ကမ႓ာ့ပြောင်းရွှေ့ကြေး အမြင့်ဆုံး သတ္တမကစားသမားက မန်စီးတီးကို ယူရို သန်း ရဝ နဲ့ ရောက်လာတဲ့ ရိုဒရီပါ။
(၈) ဘရာဇီးကစားသမားဟောင်း ကာကာက နံပါတ် ၈ ချိတ်ပြီး ၂၀၀၉ ခုနှစ်က ရီးရဲလ်ကို ပြောင်းရွှေ့စဉ် ယူရို ၆၇ သန်းနဲ့ ပြောင်းလာတာပါ။
(၉) စပါးကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၆ဝ နဲ့ ရောက်လာတဲ့ ကွင်းလယ်လူ အန်ဒွန်ဘယ်လီက နံပါတ် ၉ မှာ ရှိနေပါတယ်။
(၁၀) လီဗာပူးကို ပြောင်းရွှေ့ကြေး ယူရို သန်း ၆ဝ နဲ့ ရောက်လာတဲ့ ကီတာကတော့ နံပါတ် ၁၀ ပါ။