Global

၂၀၁၉-၂၀ ဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ် လတ်တလော ဂိုးသွင်းအများဆုံး ပလေယာများ

Goal Goal > October 22, 2019

(၁)လီဝမ်ဒေါ့စကီး(ဘိုင်ယန်မြူးနစ်)

အော်ဘာမီယန်ရဲ့ ဘွန်ဒက်စ်လီဂါ ၈ ပွဲဆက် ဂိုးသွင်းအများဆုံးစံချိန်ကိုလိုက်မီခဲ့တဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှုး လီဝမ်ဒေါ့စကီးဟာ လိဂ် ၈ ပွဲကစားပြီးချိန် ၁၂ ဂိုးထိသွင်းထားပါတယ်။ သူဟာ မနှစ်က လိဂ် ၂၂ ဂိုးသွင်းခဲ့ပါတယ်။(၂)အင်မိုဘိုင်း(လာဇီယို)

ဒုတိယလိုက်နေသူက လာဇီယိုက အီတလီတိုက်စစ်မှုး အင်မိုဘိုင်းဖြစ်ပြီး စီးရီးအေ ၉ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းထားပါတယ်။(၃) ဘင်ယက်ဒါ(မိုနာကို)

ဆီဗီလာကနေ မိုနာကိုအသင်းထံပြောင်းလာတဲ့ ပြင်သစ်တိုက်စစ်မှုး ဘင်ယက်ဒါဟာ လီဂူးဝမ်းမှာ ခြေစွမ်းပြနေပြီး ၈ ဂိုးသွင်းထားပါတယ်။(၄) အဂူရို(မန်စီးတီး)

မန်စီးတီးဂိုးသွင်းစက်တိုက်စစ်မှုး အဂူရိုဟာ ပရီးမီးယားလိဂ် ၉ ပွဲကစားပြီးချိန် ၈ ဂိုးသွင်းယူကာ အသင်းကို အကျိူးပြနေပါတယ်။(၅) အေဗရာဟမ်(ချယ်ဆီး)

ချယ်ဆီးလူငယ်တိုက်စစ်မှုး အေဗရာဟမ်ဟာ နာမည်ရနေပြီး သူကလည်း ပရီးမီးယားလိဂ် ၈ ဂိုးသွင်းထားတာပါ။(၆) အော်ဘာမီယန်(အာဆင်နယ်)

မနှစ်က ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှုး အော်ဘာမီယန်ဟာ ဒီနှစ် လိဂ် ၇ ဂိုးသွင်းထားပါတယ်။(၇) မိုရွန်(ဘက်တစ်)

ဘက်တစ်တိုက်စစ်မှုး မိုရွန်ဟာ ဒီရာသီလာလီဂါ ၇ ဂိုးသွင်းကာ အကောင်းဆုံးကစားနေပါတယ်။(၈) ဒီရယ်လို(မက်ဇ်)

မက်ဇ်အသင်း အဓိက ကစားသမား ဒီရယ်လိုဟာ လိဂ် ၇ ဂိုးသွင်းထားသူပါ။(၉) အိုဆင်ဟန်(လိုင်လီ)

လိုင်လီကြယ်ပွင့်ကစားသမား အိုဆင်ယန်က လိဂ် ၇ ဂိုးသွင်းထားပါတယ်။(၁၀) အခြားကစားသမားများ

ဇာပါတာ မိုရီနို စတာလင်း ဒမ်ဘီလီ ပက်ကီ ဗာဒီ တီမိုဝါနာနဲ့ ဘင်ဇီမာတို့ဟာ ဒီနှစ်လိဂ် ၆ ဂိုးစီသွင်းထားပါတယ်။