Global

ဒီနှစ် ballon d’Or ဘယ်သူရသင့်သလဲ ရှင်းပြခဲ့တဲ့ အာဆင်ဝင်းဂါး

Goal Goal > October 22, 2019

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီးတစ်ဦးဖြစ်သူ အာဆင်ဝင်းဂါးက ဒီနှစ် ballon d’Or နဲ့ပတ်သက်လို့ သူ့ရဲ့ရွေးချယ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီဆုအတွက် ရေပန်းစားမှုစာရင်းတွေမှာတော့ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အတူ လီဗာပူးနောက်ခံလူဗန်ဒိုက်ရှိနေခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် မက်ဆီနဲ့ဗန်ဒိုက်တို့ အပြိုင်ရေပန်းစားနေပြီး ရော်နယ်ဒိုကတော့ ရေပန်းစားမှုမှာ အနည်းငယ်နောက်ရောက်နေခဲ့တာပါ။ ဒါပေမယ့် ဒီနှစ် ballon d’Or ဆုကို ဒီ ၃ ယောက်ထက်ပိုပြီး ထိုက်တန်သူတစ်ယောက်ရှိနေတယ်လို့ အာဆင်ဝင်းဂါးကဆိုပါတယ်။ ဒီဆုအတွက် သူ့ရဲ့ရွေးချယ်မှုက မက်ဆီ၊ ရော်နယ်ဒိုနဲ့ ဗန်ဒိုက်တို့ တစ်ယောက်မှမဟုတ်ဘဲ အခြားကစားသမားတစ်ယောက်သာဖြစ်တယ်လို့လည်း ဝင်းဂါးကပြောကြားခဲ့ပါတယ်။ အာဆင်ဝင်းဂါးရွေးချယ်ခဲ့သူကတော့ လီဗာပူးတိုက်စစ်ကစားသမား မာနေးပါပဲ…

“ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ မာနေးဟာ တကယ်ကိုထူးချွန်တဲ့ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ အကြောက်အလန့်မရှိတဲ့ သူ့ရဲ့ကစားပုံဟာ တကယ်ပဲသဘောကျစရာကောင်းပါတယ်။ လက်ရှိအချိန်မှာ ballon d’Or ဆုနဲ့ အသင့်တော်ဆုံးကစားသမားပါပဲ”လို့ အာဆင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံပွဲ ၅၀ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ရှိထားခဲ့ပါတယ်။ မနှစ်က လီဗာပူးရဲ့အောင်မြင်မှုတွေမှာ အဓိက ကစားသမားတစ်ယောက်အဖြစ်ပါဝင်ခဲ့သူ မာနေးဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း အသင်းဖော်ဆာလာ၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့နဲ့ ပူးတွဲရယူနိုင်ခဲ့ပါတယ်။ဒီနှစ်ဘောလုံးရာသီမှာလည်း မာနေးဟာ လီဗာပူးအတွက် ဆက်လက်ခြေစွမ်းပြသလျက်ရှိနေပြီး ပြိုင်ပွဲစုံ ၁၂ ပွဲကစားပေးထားရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ရှိထားပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါလက်ရွေးစင်မာနေးဟာ ဒီနှစ်အတွက် အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ဖို့လည်း ရေပန်းစားလျက်ရှိနေပါတယ်။

 

Zawgyi

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီးတစ်ဦးဖြစ်သူ အာဆင်ဝင်းဂါးက ဒီနှစ် ballon d’Or နဲ့ပတ်သက်လို့ သူ့ရဲ့ရွေးချယ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီဆုအတွက် ရေပန်းစားမှုစာရင်းတွေမှာတော့ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အတူ လီဗာပူးနောက်ခံလူဗန်ဒိုက်ရှိနေခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် မက်ဆီနဲ့ဗန်ဒိုက်တို့ အပြိုင်ရေပန်းစားနေပြီး ရော်နယ်ဒိုကတော့ ရေပန်းစားမှုမှာ အနည်းငယ်နောက်ရောက်နေခဲ့တာပါ။ ဒါပေမယ့် ဒီနှစ် ballon d’Or ဆုကို ဒီ ၃ ယောက်ထက်ပိုပြီး ထိုက်တန်သူတစ်ယောက်ရှိနေတယ်လို့ အာဆင်ဝင်းဂါးကဆိုပါတယ်။ ဒီဆုအတွက် သူ့ရဲ့ရွေးချယ်မှုက မက်ဆီ၊ ရော်နယ်ဒိုနဲ့ ဗန်ဒိုက်တို့ တစ်ယောက်မှမဟုတ်ဘဲ အခြားကစားသမားတစ်ယောက်သာဖြစ်တယ်လို့လည်း ဝင်းဂါးကပြောကြားခဲ့ပါတယ်။ အာဆင်ဝင်းဂါးရွေးချယ်ခဲ့သူကတော့ လီဗာပူးတိုက်စစ်ကစားသမား မာနေးပါပဲ…

“ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ မာနေးဟာ တကယ်ကိုထူးချွန်တဲ့ကစားပုံကို ပြသနိုင်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ အကြောက်အလန့်မရှိတဲ့ သူ့ရဲ့ကစားပုံဟာ တကယ်ပဲသဘောကျစရာကောင်းပါတယ်။ လက်ရှိအချိန်မှာ ballon d’Or ဆုနဲ့ အသင့်တော်ဆုံးကစားသမားပါပဲ”လို့ အာဆင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံပွဲ ၅၀ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၂၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ရှိထားခဲ့ပါတယ်။ မနှစ်က လီဗာပူးရဲ့အောင်မြင်မှုတွေမှာ အဓိက ကစားသမားတစ်ယောက်အဖြစ်ပါဝင်ခဲ့သူ မာနေးဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း အသင်းဖော်ဆာလာ၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့နဲ့ ပူးတွဲရယူနိုင်ခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာလည်း မာနေးဟာ လီဗာပူးအတွက် ဆက်လက်ခြေစွမ်းပြသလျက်ရှိနေပြီး ပြိုင်ပွဲစုံ ၁၂ ပွဲကစားပေးထားရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ရှိထားပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီနီဂေါလက်ရွေးစင်မာနေးဟာ ဒီနှစ်အတွက် အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ဖို့လည်း ရေပန်းစားလျက်ရှိနေပါတယ်။