Global

ကာဗာနီအတွက် တီကိုရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့ PSG နှင့် နောက်ဆုံးရသတင်းတိုများ

Goal Goal > January 20, 2020

အင်တာမီလန်အသင်းဟာ အဲရစ်ဆင်နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့အပြင် ဂျရူးနဲ့မော့ဆက်စ်ကိုလည်း ကမ်းလှမ်းထားကြောင်း အမှုဆောင်ချုပ် မာရော့တာက အတည်ပြုပေးခဲ့ပါတယ်။
မော်ရိုကိုတောင်ပံကစားသမား အမ်မရာဘတ်ကိုခေါ်ယူဖို့ ဖီအိုရင်တီးနားနဲ့ နာပိုလီတို့က အပြိုင်ချိတ်ဆက်နေကြောင်း သိရပါတယ်။
လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးကနေ ဆာလာနဲ့မာနေး နှစ်ယောက်ထဲက တစ်ယောက်ထွက်ဖို့ များနေပြီလို့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ မတ်အတီယာက သုံးသပ်သွားခဲ့ပါတယ်။
ဖီအိုရင်တီးနားရဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ချီယေဆာကိုခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေကြောင်း သိရပါတယ်။
နာပိုလီနောက်ခံလူ ကူလီဘာလီကို PSG အသင်းက ကမ်းလှမ်းလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဆိုစီဒက်တောင်ပံကစားသမား ယာနူဇိုက်ကို အငှါးခေါ်ယူဖို့ ရိုးမားအသင်းက ချိတ်ဆက်နေပါတယ်။
ဘရိုက်တန်နောက်ခံလူ လီဝစ်ဒန့်ခ်ကို ချယ်လ်ဆီးက ပေါင် ၄၈ သန်းအထိ တိုးမြှင့်ကမ်းလှမ်းလိုက်ပြီလို့ သတင်းတွေက ဆိုပါတယ်။
အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ကို အက်တလက်တီကိုအသင်းက စောင့်ကြည့်နေကြောင်း သိရပါတယ်။
ဂျိမ်းစ်ရိုဒရီဂွတ်ဇ်ကို အငှါးခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ရီးရဲလ်ဘက်က ပယ်ချထားတယ်လို့ ဆိုပါတယ်။
ကာဗာနီအတွက် အက်တလက်တီကိုရဲ့ကမ်းလှမ်းမှုကို PSG အသင်းက ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။
ပါးမားနဲ့ပွဲမှာ ၂ ဂိုးသွင်းပြီးနောက် ရော်နယ်ဒိုဟာ ထိပ်သီးလိဂ် ၅ ခုမှာ ၁၄ နှစ်ဆက် ၁၅ ဂိုးနဲ့အထက် သွင်းနိုင်တဲ့ကစားသမားအဖြစ် စံချိန်မှတ်တမ်းဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားအသစ်တွေကို အခုအပြောင်းအရွှေ့မှာပဲ ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပြီလို့ သိရပါတယ်။