Global

လီဗာပူးကိုပဲ ပြောင်းချင်နေတဲ့ တီမိုဝါနာနှင့် နောက်ဆုံးရသတင်းတိုများ

Goal Goal > January 21, 2020

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား လူကာမိုဒရစ်ကို အငှါးခေါ်ယူဖို့ အင်တာမီလန်အသင်းက ကြိုးစားလျက်ရှိနေကြောင်း သိရပါတယ်။
လက်စတာအသင်းရဲ့တိုက်စစ်မှူး စလီမာနီကို စပါးက စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။
PSG ရဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ အသင်းကထွက်ခွာခွင့် တောင်းခံထားကြောင်း သိရပါတယ်။
RB လိုက်ပဇစ်တိုက်စစ်မှူး တီမိုဝါနာဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ ဂျာမန်သတင်းတွေက ဆိုပါတယ်။
အသင်းရဲ့အဓိကတိုက်စစ်မှူး မားကပ်စ်ရပ်ဖို့ဒ် ဒဏ်ရာရရှိသွားတာကြောင့် မန်ယူအသင်းဟာ တိုက်စစ်မှူးသစ်တစ်ယောက် ထပ်မံခေါ်ယူဖို့ ပြင်ဆင်လာခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းရဲ့ ကစားသမားခေါ်ယူမှုတချို့ဟာ ခွင့်လွှတ်ချင်စရာမကောင်းခဲ့ကြောင်း ဂယ်ရီနဗီးလ်က ပြောကြားခဲ့ပါတယ်။
ဗန်ဒိုက်ဟာ လူငယ်နောက်ခံလူတွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း အသင်းဖော် ရော်ဘတ်ဆန်က ချီးကျူးလိုက်ပါတယ်။
ဂျူဗင်တပ်စ်အနေနဲ့ အင်တာမီလန်အသင်း ခြေချော်နေတာကို အခွင့်ကောင်းယူဖို့ အရေးကြီးကြောင်း ရော်နယ်ဒိုက သုံးသပ်သွားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းရဲ့ တောင်ပံကစားသမား ဘရာဇာအိုကို စောင့်ကြည့်နေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး လူကာဂျိုဗစ်ကို အငှါးခေါ်ယူဖို့ စပါးနည်းပြ မော်ရင်ဟိုက ဆန္ဒရှိနေပါတယ်။
စပါးကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ခေါ်ယူဖို့ အင်တာမီလန်အသင်းက အရှိန်မြှင့် ကြိုးပမ်းလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့ သတင်းတွေကို အေဂျက်ဇ်ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်က ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။