Global

တီမိုဝါနာအတွက် ယူရို ၅၅ သန်းသုံးမယ့် လီဗာပူးနှင့် နောက်ဆုံးရသတင်းတိုများ

Goal Goal > February 20, 2020

RB လိုက်ပဇစ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် သူ့အသင်းဟာ ဒဏ်ရာပြဿနာတွေကြောင့် ထင်တိုင်းမပေါက် ဖြစ်နေတယ်လို့ နည်းပြမော်ရင်ဟိုက ညည်းတွားလိုက်ပါတယ်။
ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူပေါ့ဘာဟာ ပြန်ကစားနိုင်ဖို့ တော်တော်ကြာဦးမယ်လို့ နည်းပြဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းဖက်က သူ့ကိုကမ်းလှမ်းလာတာမျိုးမရှိခဲ့ဘူးလို့ တိုက်စစ်မှူးရွန်ဒွန်က ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်မရရင်တောင် ဆန်ချိုကိုခေါ်ယူဖို့ ပြဿနာမရှိဘူးလို့ နည်းပြဆိုးလ်ရှားက သုံးသပ်သွားခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှုကို ဂုဏ်ယူမိပေမယ့်လည်း သူ့အနေနဲ့ လီဗာပူးအတွက် ကစားပေးဖို့ အဆင်သင့်မဖြစ်သေးသလို ခံစားရတယ်လို့ တီမိုဝါနာက ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးဘယ်နောက်ခံလူ အီမာဆန်ကို ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတို့က အပြိုင်အဆိုင်ချိတ်ဆက်နေကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ်လ်ဂျီးဆက်စ်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
စပါးနည်းပြ မော်ရင်ဟိုဟာ သူလေးစားအားကျရသူတစ်ယောက်ဖြစ်ကြောင်း RB လိုက်ပဇစ်နည်းပြ နာဂျယ်စ်မန်းက ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ RB လိုက်ပဇစ်တိုက်စစ်မှူး တီမိုဝါနာအတွက် ယူရို ၅၅ သန်းထိ အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။
မားကပ်စ်ရပ်ဖို့ဒ်ရဲ့ဒဏ်ရာဟာ ထင်ထားတာထက် ပိုမိုပြင်းထန်ကြောင်း နည်းပြဆိုးလ်ရှားက အတည်ပြုသွားခဲ့ပါတယ်။