Global

လှူဒါန်းမှုတွေများစွာလုပ်ခဲ့ကြတဲ့ အားကစားသမားတွေနဲ့ နောက်ဆုံးရသတင်းတိုများ

Goal Goal > March 25, 2020

လက်ရှိမှာတော့ ကမ္ဘာပေါ်က ကပ်ရောဂါအဖြစ် အသက်ဝင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အားကစားနယ်ပယ်အသီးသီးကသူတွေဟာ လှူဒါန်းမှုတွေ ပါဝင်ကူညီမှုတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရော်နယ်ဒိုနဲ့ သူ့အေးဂျင့်ဖြစ်သူတို့ဟာ ယူရို ၁ သန်းကို လှူဒါန်းခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကလည်း ဘာစီလိုနာမြို့က ပြည်သူ့ဆေးရုံကို ယူရို ၁ သန်း လှူဒါန်းခဲ့သလို မန်စီးတီးနည်းပြကြီး ဂွါဒီယိုလာကလည်း ယူရို ၁ သန်းကို ဘာစီလိုနာရှိ ဆေးရုံတစ်ခုကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။လီဗာပူးအသင်းရဲ့အားထားရတဲ့ တောင်ပံတိုက်စစ်ကစားသမား မာနေးကို ရီးရဲလ်အသင်းက စိတ်ဝင်စားနေပြီး ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ လီဗာပူးဘက်ကတော့ မာနေးကို လက်လွှတ်ဖို့ လုံးဝဆန္ဒမရှိဘူးလို့လည်း သိရပါတယ်။လက်ရှိမှာဖြစ်ပွါးနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် စီးရီးအေပြိုင်ပွဲကို ဖျက်သိမ်းဖွယ်ရှိနေပြီး ဒီအခြေအနေကို အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့က သဘောတူတယ်လို့ သိရပါတယ်။ ဒါပေမယ့် လာဇီယိုကတော့ သဘောမတူဖြစ်နေတယ်လို့ သိရပါတယ်။မန်ယူအသင်းရဲ့နောက်ခံကစားသမားဟောင်း ဂယ်ရီနဗီလ်းကတော့ သူတွဲကစားဖူးသမျှထဲမှာ အင်ဒီကိုးလ်နဲ့ ဒွိုက်ယောခ့်အတွဲဟာ အကောင်းဆုံးတိုက်စစ်အတွဲပဲလို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် သူက အဆိုပါအတွဲဟာ မန်ယူအသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးအတွဲပဲလို့လည်း သူက ဆိုပါတယ်။လက်ရှိမှာ လက်စတာနည်းပြလုပ်ဆောင်နေတဲ့ လီဗာပူးနည်းပြဟောင်း ဘရန်ဒန်ရော်ဂျာကတော့ သူ့တပည့်ဟောင်း လက်ရှိမန်စီးတီးတောင်ပံလူ စတားလင်းဟာ အောင်မြင်မှုတွေကို လိုချင်လို့သာ လီဗာပူးကို စွန့်ခွါပြီး မန်စီးတီးကိုပြောင်းရွှေ့သွားတာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် သူက စတာလင်ဟာ ငွေမက်သူမဟုတ်ဘူးလို့လည်း ဆိုလိုက်ပါတယ်။လီဗာပူးအသင်းရဲ့အားထားရတဲ့ကစားသမား၂ ဦးဖြစ်တဲ့ ဗန်ဒိုက်ခ်နဲ့ အလီဆွန်ဘက်ကာတို့ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ချဲလ်ဆီးအသင်းဟာ လက်စတာနောက်ခံလူ ချီဝဲလ်ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်စတာအသင်းကတော့ ချီဝဲလ်အတွက် မြောက်မြားတဲ့ပြောင်းရွှေ့ကြေးကို လိုချင်နေတယ်လို့ သိရပါတယ်။အာဆင်နယ်အသင်းဟာ ရိုးမားမှာ ခြေစွမ်းပြနေတဲ့ မန်ယူအသင်းနောက်ခံကစားသမား ခရစ်စမောလင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူတို့ဟာ စမောလင်းအတွက် ပြောင်းရွှေ့ကြေးအနည်းငယ်သာ သုံးချင်နေတယ်လို့ သိရပါတယ်။