la liga

ချယ်ဆီးအသင်းခေါင်းဆောင် အပီလီကျူရေတာကို ကြိုက်နေတဲ့ လာလီဂါ ကလပ်အသင်း ၂ သင်း

Goal Goal > September 5, 2019

လာလီဂါ ကလပ်နှစ်သင်းဖြစ်တဲ့ ဘီလ်ဘာအိုနဲ့ ဆိုစီဒက်ဟာ ချယ်ဆီးအသင်းခေါင်းဆောင်ဖြစ်တဲ့ အပီလီကျူရေတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သည်ဆန်းက ရေးသားခဲ့ပါတယ်။ နောက်ခံလူ အပီလီကျူရေတာဟာ ၂၀၁၂ ခုနှစ်က မာဆေးလ်ကနေ ချယ်ဆီးကို ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၃၄၂ ပွဲ ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။အပီလီကျူရေတာဟာ ချယ်ဆီးအသင်းမှာ နေရာတစ်နေရာ အခိုင်အမာရထားသူတစ်ဦးပါ။ သူဟာ ၂၀၁၅-၁၆ရာသီကစလို့ နောက်ဆုံး ပရီးမီးယားလိဂ် ၁၅၆ ပွဲမှာ ၂ ပွဲသာ လွဲချော်ခဲ့သူပါ။

အသင်းခေါင်းဆောင်ဖြစ်သလို နေရာရနေတဲ့ အပီလီကျူရေတာရဲ့ နေရာက မကြာခင် အချိန်အတောအတွင်း ခြိမ်းခြောက်ခံလာရဖွယ်ရှိနေပါတယ်။ တကယ်လို့ အပီလီကျုရေတာဟာ ကြံ့ခိုင်မှုမပြည့်ဝတာမျိုး ဖြစ်လာခဲ့ရင် သူ့နေရာမှာ ၁၉ နှစ်သာ ရှိသေးတဲ့ လူငယ်ကစားသမား ရီဆီဂျိမ်းစ် အစားဝင်လာမယ်လို့ ယုံကြည်ရပါတယ်။ ရီဆီဂျိမ်းစ်ဟာ မနှစ်က ဝီဂန်အသင်းမှာ အငှားသွားရောက်ကစားကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ချယ်ဆီးနည်းပြလမ်းပတ်ဟာ ရီဆီဂျိမ်းစ်ကို အသုံးပြုဖို့လည်း အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းမှာသာ နေရာမရတော့ဘူးဆိုရင် အပီလီကျူရေတာဟာ မွေးရပ်မြေ စပိန်ကို ပြန်ဖို့ များနေပါတယ်။ ဘတ်စ်အခြေစိုက် ဘီလ်ဘာအိုဟာ သူတို့ဒေသက ကစားသမားတွေကိုသာ ဦးစားပေး ခေါ်ယူနေကာ ပန်ပလိုနာမှာ ကြီးပြင်းခဲ့တဲ့ အပီလီကျူရေတာကိုခေါ်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဆိုစီဒက်ကလည်း အပီလီကျူရေတာကို ခေါ်ချင်နေပါတယ်။ အပီလီကျူရေတာဟာ ပန်ပလိုနာအခြေစိုက် အိုဆာဆူနာမှာ ကစားသမားဘဝ စတင်ခဲ့သူပါ။