la liga

ရီးရဲလ်မက်ဒရစ်ရောက်တော့မှ အလှူဂိုးသမားဖြစ်နေတဲ့ ဘယ်လ်ဂျီယံ ဂိုးသမားကော်တို့စ်

Goal Goal > September 6, 2019

ဘယ်လ်ဂျီယံ ဂိုးသမားကော်တို့စ်ဟာ လက်စွမ်းကောင်းတဲ့ ဂိုးသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ကော်တို့စ်ဟာ အက်သလက်တီကိုအသင်းမှာ အငှားကစားခဲ့စဉ် အကောင်းဆုံး လက်စွမ်းပြ ကစားနိုင်ခဲ့တာကြောင့် နာမည်တစ်လုံးရလာသူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ချယ်ဆီးအသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ကော်တို့စ်ဟာ ချယ်ဆီးအသင်းမှာ ကစားရင်း သူ့လက်စွမ်း ဘယ်လောက်ကောင်းသလဲဆိုတာ ပြသနိုင်ခဲ့တယ်။ ကော်တို့စ်ဟာ ချယ်ဆီးအသင်းကိုယ်စားပြုကာ ပရီးမီးယားလိဂ် ၁၂၆ ပွဲ ကစားခွင့်ရခဲ့ပါတယ်။ သူဟာ ချယ်ဆီးကစားသမားဘဝ ပြိုင်ပွဲစုံ ၁၅၄ ပွဲအထိ ကစားပေးခဲ့ပါတယ်။

ကော်တို့စ်ဟာ ချယ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းလာခဲ့ပါတယ်။ သူဟာ ရီးရဲလ်ကစားသမားဘဝ ပထမရာသီ လာလီဂါ ၂၇ ပွဲကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၅ ပွဲကစားခဲ့ပါတယ်။ ကော်တို့စ်ဟာ ဒီရာသီမှာလည်း လာလီဂါ ၃ ပွဲ ကစားထားပါတယ်။ အချက်အလက်တွေအရ ကော်တို့စ်ဟာ ရီးရဲလ်ကစားသမားဘဝ အလှူဂိုးသမားလို ဖြစ်နေပါတယ်။ ကော်တို့စ်ဟာ အက်သလက်တီကိုအသင်းအတွက် ၁၅၄ ပွဲ ကစားခဲ့ပြီး ချယ်ဆီးအတွက်လည်း ၁၅၄ ပွဲ ကစားခဲ့သူပါ။ သူဟာ အက်သလက်တီကို အသင်းမှာ ကစားစဉ် ၇၆ ပွဲ ပေးဂိုးမရှိခဲ့ပါဘူး။ ကော်တို့စ်ဟာ ချယ်ဆီးအသင်းမှာ ကစားစဉ် ပေးဂိုးမရှိတဲ့ ပွဲတွေများခဲ့ပြီး ၅၈ ပွဲပေးဂိုးမရှိခဲ့ပါဘူး။

ဒါပေမဲ့ ကော်တို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၃၈ ပွဲကစားပြီးရာမှာ ဂိုးမပေးရတဲ့ ပွဲ ၁၀ ပွဲသာ ရှိခဲ့ပါတယ်။ ကော်တို့စ်ဟာ ရီးရဲလ်ကစားသမားဘဝ တစ်ပွဲ ၂ ဂိုးနှုန်း ပေးနေရတာပါ။ ကော်တို့စ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း လက်စွမ်းပြခဲ့လို့ ရွှေလက်အိတ်ဆု ရခဲ့ပါတယ်။ သူဟာ ရီးရဲလ်မှာတော့ အကောင်းဆုံးလက်စွမ်းပြဖို့ အလှမ်းဝေးနေဆဲပါပဲ။ နည်းပြဇီဒန်းကတော့ ကော်တို့စ်ကို ဦးစားပေးဂိုးသမားအဖြစ် သုံးနေပါတယ်။ ဒါ့ကြောင့် နာဗက်စ်ဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းခဲ့ရတာ ဖြစ်ပါတယ်။