la liga

အာဆင်နယ်ကို သွားမလားဆိုတော့ ဆောရီးပဲလို့ ဘာကာနောက်ခံလူ အမ်တီတီ ပြော

Goal Goal > September 9, 2019

ဘာစီလိုနာအသင်းက ပြင်သစ်နောက်ခံလူ အမ်တီတီက သူ့အနေနဲ့ အာဆင်နယ်အသင်းကို သွားမလားဆိုရင် ပြောင်းကစားဖို့ အစီအစဉ်မရှိတာကြောင့် ဆောရီးပဲလို့ ပြောကြားလိုက်ပါတယ်။ အမ်တီတီဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းပြောင်းမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။ သူဟာ လန်ဒန်အခြေစိုက် အာဆင်နယ်အသင်းကို ပြောင်းနိုင်ခြေရှိကြောင်းလည်း စပိန်သတင်းတွေက ရေးသားနေပါတယ်။ အမ်တီတီဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသူဖြစ်ပြီး အကန့်အသတ်နဲ့သာ ကစားခွင့် ရနေပါတယ်။ အမ်တီတီဟာ မနှစ်က ဘောလုံးရာသီက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲသာ ကစားခဲ့ရပါတယ်။ အမ်တီတီရဲ့ ဘာစီလိုနာ အသင်းအနာဂတ်က သေချာမှုမရှိပါဘူး။

အမ်တီတီကတော့ ဘာစီလိုနာကနေပြောင်းဖို့ အစီအစဉ်မရှိကြောင်းပြောကာ အာဆင်နယ်သတင်း ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အမ်တီတီက ” အမှန်အတိုင်းပြောရရင် ကျွန်တော် အာဆင်နယ်အသင်းကို ရောက်တော့မယ်ဆိုတဲ့သတင်းတွေ ဘယ်ကဘယ်လို ထွက်လာတာလဲ မသိပါဘူး။ ညအချိန်မတော် ဘော်ဒါတွေကလည်း မက်ဆေ့ခ်ျတွေ လှမ်းပို့သေးတယ်။ မင်း အာဆင်နယ်သွားမှာဆို မေးကြတယ်။ တကယ်ကို မဟုတ်ပါဘူး။ ဆောရီးလို့ ပြောပါရစေ။ ကျွန်တော် ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနေပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အမ်တီတီက ” ကျွန်တော့်ငယ်ဘဝ အိပ်မက်က ဘာစီလိုနာအသင်းမှာ ကစားရဖို့ပါ။ မနှစ်က ဘောလုံးရာသီဟာ ကျွန်တော့်ကစားသမားဘဝ အခက်ခဲဆုံး ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာတွေရခဲ့ပြီး နားခဲ့ရတာများတယ် ” လို့ ဆိုပါတယ်။ အမ်တီတီက သူ့မွေးရပ်မြေ ပြင်သစ်မှာ ပြန်ကစားဖို့ အစီအစဉ် မရှိပါဘူး။