la liga

ဒိုေလးကိုေက်ာ္ၿပီး ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ ဂိုးအမ်ားဆုံးျဖစ္လာတဲ့ မက္ဆီ

Goal Goal > October 8, 2019

မ်က္ေမွာက္ေခတ္ေဘာလုံးကမ႓ာမွာ အေကာင္းဆုံးကစားသမားေတြအျဖစ္ ရပ္တည္ေနသူႏွစ္ဦးကေတာ့ အာဂ်င္တီးနားတိုက္စစ္မႈး မက္ဆီနဲ႔ ေပၚတူဂီတိုက္စစ္မႈး စီ႐ိုနယ္ဒိုတို႔ ျဖစ္ၾကပါတယ္။ ကမ႓ာ့အေကာင္းဆုံး ကစားသမား ၂ ဦးဟာ ကစားသမားဘဝ တစ္ဦးခ်င္းေအာင္ျမင္မႈေတြ စံခ်ိန္မွတ္တမ္းမ်ားစြာ ပိုင္ဆိုင္ထားၾကပါတယ္။ ဘာစီလိုနာတိုက္စစ္မႈး မက္ဆီဟာ ဆီဗီလာကို ၄ ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ အႏိုင္ဂိုးကို အလြတ္တည္ကန္ေဘာကတစ္ဆင့္ လွလွပပသြင္းေပးခဲ့ပါတယ္။ ဒီရာသီမွာ ဒဏ္ရာေၾကာင့္ ႐ုန္းကန္ခဲ့ရတဲ့ မက္ဆီဟာ ႀကံ့ခိုင္မႈျပည့္ဖို႔ အခ်ိန္ယူခဲ့ရတာျဖစ္ပါတယ္။ သူဟာ ဆီဗီလာပြဲမွာ ဂိုးသြင္းႏိုင္တာက ဒီရာသီ သူ႔ရဲ႕ပထမဆုံးလာလီဂါ ဂိုးျဖစ္ခဲ့ပါတယ္။ အဲဒီဂိုးေၾကာင့္ပဲ မက္ဆီဟာ စီ႐ိုနယ္ဒိုရဲ႕ ဂိုးအေရအတြက္ကိုေက်ာ္ကာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုရဲ႕ ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္ေနေၾကာင္း သိရပါတယ္။မက္ဆီဟာ ဆီဗီလာပြဲကို ဘာစီလိုနာကစားသမားဘဝ ၄၅၅ ပြဲေျမာက္အျဖစ္ ပါဝင္ကစားတာျဖစ္ၿပီး ဂိုး ၄၂၀ ေျမာက္သြင္းႏိုင္ခဲ့ပါတယ္။ စီ႐ိုနယ္ဒိုကေတာ့ သူ႔ကစားသမားဘဝမွာ စုစုေပါင္းလိဂ္ဂိုး ၄၁၉ ဂိုးသြင္းယူထားတာျဖစ္ၿပီး မက္ဆီရဲ႕ျဖတ္ေက်ာ္ျခင္းကို ခံလိုက္ရၿပီ ျဖစ္ပါတယ္။ မက္ဆီႀကံ့ခိုင္မႈအျပည့္နဲ႔ ျပန္ကစားေပးႏိုင္တာက ဘာစီလိုနာအတြက္ သတင္းေကာင္းတစ္ရပ္ျဖစ္ပါတယ္။ မက္ဆီဟာ ၂၀၀၆-၀၇ ရာသီကစလို႔ မႏွစ္ကအထိ တစ္ရာသီ ၁၅ ဂိုးေက်ာ္သြင္းႏိုင္တာက မႏွစ္က အထိပါပဲ။ မက္ဆီဟာ မႏွစ္က ပြဲ ၅၀ ကစားရာမွာ ၅၁ ဂိုးသြင္းယူၿပီး ဥေရာပဂိုးသြင္းအမ်ားဆုံး ေ႐ႊဖိနပ္ဆုကို ရခဲ့ပါတယ္။ သူဟာ ဘာစီလိုနာကစားသမားဘဝ ၆၉၂ ပြဲကစားထားရာမွာ ၆၀၄ ဂိုးသြင္းထားပါတယ္။ မက္ဆီဟာ ပ႐ိုဘဝ ၿပိဳင္ပြဲစုံ ၇၂၄ ပြဲကစားခဲ့ရာမွာ ၆၁၅ ဂိုးသြင္းယူထားေၾကာင္း သိရပါတယ္။

 

Unicode

မျက်မှောက်ခေတ်ဘောလုံးကမ႓ာမှာ အကောင်းဆုံးကစားသမားတွေအဖြစ် ရပ်တည်နေသူနှစ်ဦးကတော့ အာဂျင်တီးနားတိုက်စစ်မှုး မက်ဆီနဲ့ ပေါ်တူဂီတိုက်စစ်မှုး စီရိုနယ်ဒိုတို့ ဖြစ်ကြပါတယ်။ ကမ႓ာ့အကောင်းဆုံး ကစားသမား ၂ ဦးဟာ ကစားသမားဘဝ တစ်ဦးချင်းအောင်မြင်မှုတွေ စံချိန်မှတ်တမ်းများစွာ ပိုင်ဆိုင်ထားကြပါတယ်။ ဘာစီလိုနာတိုက်စစ်မှုး မက်ဆီဟာ ဆီဗီလာကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို အလွတ်တည်ကန်ဘောကတစ်ဆင့် လှလှပပသွင်းပေးခဲ့ပါတယ်။ ဒီရာသီမှာ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရတဲ့ မက်ဆီဟာ ကြံ့ခိုင်မှုပြည့်ဖို့ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။ သူဟာ ဆီဗီလာပွဲမှာ ဂိုးသွင်းနိုင်တာက ဒီရာသီ သူ့ရဲ့ပထမဆုံးလာလီဂါ ဂိုးဖြစ်ခဲ့ပါတယ်။ အဲဒီဂိုးကြောင့်ပဲ မက်ဆီဟာ စီရိုနယ်ဒိုရဲ့ ဂိုးအရေအတွက်ကိုကျော်ကာ ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေကြောင်း သိရပါတယ်။

မက်ဆီဟာ ဆီဗီလာပွဲကို ဘာစီလိုနာကစားသမားဘဝ ၄၅၅ ပွဲမြောက်အဖြစ် ပါဝင်ကစားတာဖြစ်ပြီး ဂိုး ၄၂၀ မြောက်သွင်းနိုင်ခဲ့ပါတယ်။ စီရိုနယ်ဒိုကတော့ သူ့ကစားသမားဘဝမှာ စုစုပေါင်းလိဂ်ဂိုး ၄၁၉ ဂိုးသွင်းယူထားတာဖြစ်ပြီး မက်ဆီရဲ့ဖြတ်ကျော်ခြင်းကို ခံလိုက်ရပြီ ဖြစ်ပါတယ်။

မက်ဆီကြံ့ခိုင်မှုအပြည့်နဲ့ ပြန်ကစားပေးနိုင်တာက ဘာစီလိုနာအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၀၆-၀၇ ရာသီကစလို့ မနှစ်ကအထိ တစ်ရာသီ ၁၅ ဂိုးကျော်သွင်းနိုင်တာက မနှစ်က အထိပါပဲ။ မက်ဆီဟာ မနှစ်က ပွဲ ၅၀ ကစားရာမှာ ၅၁ ဂိုးသွင်းယူပြီး ဥရောပဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရခဲ့ပါတယ်။ သူဟာ ဘာစီလိုနာကစားသမားဘဝ ၆၉၂ ပွဲကစားထားရာမှာ ၆၀၄ ဂိုးသွင်းထားပါတယ်။ မက်ဆီဟာ ပရိုဘဝ ပြိုင်ပွဲစုံ ၇၂၄ ပွဲကစားခဲ့ရာမှာ ၆၁၅ ဂိုးသွင်းယူထားကြောင်း သိရပါတယ်။