la liga

မႏွစ္ကရာသီမွာ ကစားသမားလစာ ယူ႐ို ၆၇၁ သန္းထိရွင္းရတဲ့ ဘာစီလိုနာ ဝိတ္ေလွ်ာ့ဖို႔ စီစဥ္ေန

Goal Goal > October 8, 2019

လာလီဂါအင္အားႀကီး ဘာစီလိုနာအသင္းမွာ အာဂ်င္တီးနားတိုက္စစ္မႈွး မက္ဆီအပါအဝင္ ကမ႓ာ့ထိပ္တန္းကစားသမားေတြ ပါဝင္ကစားေနၿပီး ကစားသမားေတြရဲ႕ လုပ္ခလစာကလည္း မနည္းမေနာေပးေခ်ေနရပါတယ္။ စပိန္သတင္းစာမာကာရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ မႏွစ္ကရာသီမွာ ကစားသမားလုပ္ခလစာ ေတာ္ေတာ္ေလးေပးေခ်ခဲ့ရၿပီး အတိအက်ဆိုရင္ ယူ႐ို ၆၇၁ သန္းထိ ရွိခဲ့ေၾကာင္း သိရပါတယ္။ ဘာစီလိုနာရဲ႕ တစ္ရာသီကစားသမားလုပ္ခလစာက အဆမတန္မ်ားေနတာက အသင္း ေငြေရးေၾကးေရးပိုင္း အခက္အခဲေတြရွိလာေတာ့မွာျဖစ္ေၾကာင္း မာကာကေကာက္ခ်က္ခ်ထားပါတယ္။ ဘာစီလိုနာအသင္း ဘုတ္အဖြဲ႕ဝင္ေတြဟာ မ်ားျပားေနတဲ့ကုန္က်စရိတ္ေၾကာင့္ အခ်ိဴ႕ေသာ ကစားသမားေတြကို လုပ္ခလစာေလွ်ာ့ဖို႔လည္း အစီအစဥ္ ရွိေကာင္းရွိေနပါတယ္။

ဘာစီလိုနာအသင္းဟာ မႏွစ္က နာမည္ႀကီးကစားသမားအခ်ိဴ႕နဲ႔ ခ်ဴပ္ဆိုထားတဲ့စာခ်ဴပ္အရ အပိုဆုေၾကးသီးသန႔္ ယူ႐ို ၉၂ သန္းေပးေခ်ခဲ့ရပါတယ္။ ဘာစီလိုနာအသင္းဟာ မႏွစ္ကနည္းျပအဖြဲ႕ဝင္ေတြနဲ႔ ကစားသမားေတြအတြက္ ယူ႐ို ၅၂၅ သန္းသုံးခဲ့ရပါတယ္။ ကစားသမားေတြရဲ႕ လုပ္ခလစာသီးသန႔္ေပးေခ်ရတာက ယူ႐ို ၄၁၇ သန္းရွိေၾကာင္း သိရပါတယ္။ ဘာစီလိုနာဟာ ကုန္က်ေငြ ယူ႐ို ၆၇၁ သန္းကေန ယူ႐ို ၆၄၂ သန္းထိ ေလွ်ာ့ခ်ခ်င္ေနပါတယ္။

ဒါ့ေၾကာင့္ ဘာစီလိုနာဟာကစားသမားေတြရဲ႕ လုပ္ခလစာကို ၃ ရာခိုင္ႏႈန္းေလွ်ာ့ခ်ဖို႔ အေျခအေနရွိေနပါတယ္။ ဘာစီလိုနာအသင္းမွာ လုပ္ခလစာမ်ားျပားစြာ ရေနသူေတြထဲမွာ ဒမ္ဘီလီ အမ္တီတီနဲ႔ ရာကီတစ္တို႔ ပါဝင္ေနပါတယ္။ ဘာစီလိုနာဟာ အဲဒီကစားသမား ၃ ဦးကို ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ၾကရင္ ဝိတ္ေလွ်ာ့တဲ့အေနနဲ႔ ေရာင္းခ်ဖို႔လည္းရွိေနပါတယ္။

 

Unicode

လာလီဂါအင်အားကြီး ဘာစီလိုနာအသင်းမှာ အာဂျင်တီးနားတိုက်စစ်မှုှး မက်ဆီအပါအဝင် ကမ႓ာ့ထိပ်တန်းကစားသမားတွေ ပါဝင်ကစားနေပြီး ကစားသမားတွေရဲ့ လုပ်ခလစာကလည်း မနည်းမနောပေးချေနေရပါတယ်။ စပိန်သတင်းစာမာကာရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ မနှစ်ကရာသီမှာ ကစားသမားလုပ်ခလစာ တော်တော်လေးပေးချေခဲ့ရပြီး အတိအကျဆိုရင် ယူရို ၆၇၁ သန်းထိ ရှိခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာရဲ့ တစ်ရာသီကစားသမားလုပ်ခလစာက အဆမတန်များနေတာက အသင်း ငွေရေးကြေးရေးပိုင်း အခက်အခဲတွေရှိလာတော့မှာဖြစ်ကြောင်း မာကာကကောက်ချက်ချထားပါတယ်။ ဘာစီလိုနာအသင်း ဘုတ်အဖွဲ့ဝင်တွေဟာ များပြားနေတဲ့ကုန်ကျစရိတ်ကြောင့် အချိူ့သော ကစားသမားတွေကို လုပ်ခလစာလျှော့ဖို့လည်း အစီအစဉ် ရှိကောင်းရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ မနှစ်က နာမည်ကြီးကစားသမားအချိူ့နဲ့ ချူပ်ဆိုထားတဲ့စာချူပ်အရ အပိုဆုကြေးသီးသန့် ယူရို ၉၂ သန်းပေးချေခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ မနှစ်ကနည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေအတွက် ယူရို ၅၂၅ သန်းသုံးခဲ့ရပါတယ်။ ကစားသမားတွေရဲ့ လုပ်ခလစာသီးသန့်ပေးချေရတာက ယူရို ၄၁၇ သန်းရှိကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ ကုန်ကျငွေ ယူရို ၆၇၁ သန်းကနေ ယူရို ၆၄၂ သန်းထိ လျှော့ချချင်နေပါတယ်။

ဒါ့ကြောင့် ဘာစီလိုနာဟာကစားသမားတွေရဲ့ လုပ်ခလစာကို ၃ ရာခိုင်နှုန်းလျှော့ချဖို့ အခြေအနေရှိနေပါတယ်။ ဘာစီလိုနာအသင်းမှာ လုပ်ခလစာများပြားစွာ ရနေသူတွေထဲမှာ ဒမ်ဘီလီ အမ်တီတီနဲ့ ရာကီတစ်တို့ ပါဝင်နေပါတယ်။ ဘာစီလိုနာဟာ အဲဒီကစားသမား ၃ ဦးကို နွေရာသီအပြောင်းအရွှေ့စျေးကွက်ကြရင် ဝိတ်လျှော့တဲ့အနေနဲ့ ရောင်းချဖို့လည်းရှိနေပါတယ်။