la liga

မက္ဆီနဲ႔အတူေလ့က်င့္ခန္းဆင္းရတာ ပညာလည္းရ၊ စိတ္ေတြလည္းဆင္းရဲရတယ္ဆိုတဲ့ ေနာက္ခံလူ

Goal Goal > October 9, 2019

ဘာစီလိုနာအသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူ လန္ဂလက္က မက္ဆီနဲ႔အတူေလ့က်င့္ခန္းဆင္းရတာက သူ႔ကိုတိုးတက္လာေစတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ မက္ဆီဟာ အသင္းေဖာ္ေနာက္ခံလူေတြကို မၾကာခဏအ႐ူးလုပ္ေလ့ရွိလို႔ သူနဲ႔ေလ့က်င့္ခန္းဆင္းရတာ ေခါင္းကိုက္စရာလည္းေကာင္းတယ္လို႔ လန္ဂလက္ကဆိုပါတယ္။
“မက္ဆီဟာ တကယ္ကိုထူးခြၽန္တဲ့ကစားသမားတစ္ေယာက္ပါ။ သူနဲ႔တြဲကစားခြင့္ရတာ ကြၽန္ေတာ္တို႔ကံေကာင္းပါတယ္။ သူဟာ ပြဲတစ္ပြဲကို အေျပာင္းအလဲလုပ္ႏိုင္တဲ့ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။သူနဲ႔အတူ ပူးတြဲေလ့က်င့္ရေတာ့ ကြၽန္ေတာ္ကိုယ့္ကိုယ္ကို အမ်ားႀကီးတိုးတက္လာသလိုခံစားရပါတယ္။ ဒါေပမယ့္ ေလ့က်င့္ေရးကြင္းမွာေတာင္ သူ႔ဆီကေဘာလုံးကို လုယူႏိုင္ဖို႔က မလြယ္ပါဘူး။ သူဟာ ၿပိဳင္ပြဲေတြမွာ တစ္ဖက္အသင္းကေနာက္ခံလူေတြကို စိတ္ဆင္းရဲေစသလို ေလ့က်င့္ေရးကြင္းမွာလည္း အသင္းေဖာ္ေနာက္ခံလူေတြကို ေခါင္းကိုက္ေစသူတစ္ေယာက္ျဖစ္ပါတယ္”လို႔ လန္ဂလက္ကေျပာၾကားခဲ့ပါတယ္။ သူ႔ရဲ႕ျပင္သစ္လက္ေ႐ြးစင္ကစားေဖာ္ ဂရစ္ဇ္မန္းဟာ လတ္တေလာမွာ ေျခစြမ္းသိပ္မျပႏိုင္ေသးေပမယ့္လည္း တျဖည္းျဖည္းနဲ႔အထိုင္က်သြားမယ္လို႔ ယုံၾကည္ေနပါတယ္။
“အဓိကကေတာ့ အက္တလက္တီကိုနဲ႔ ဘာစီလိုနာၾကားက ကစားပုံခ်င္းကြာျခားမႈပါပဲ၊ ဒီအခ်က္က ဂရစ္ဇ္မန္းကို အနည္းငယ္အခက္ေတြ႕ေစပုံရပါတယ္။ ဒါေပမယ့္ သူဟာ ဒီႏွစ္ေဘာလုံးရာသီ ဘာကာရဲ႕ ဒုတိယဂိုးသြင္းအမ်ားဆုံး ကစားသမားပါ။ လူသစ္တစ္ေယာက္အတြက္ ဒါဟာအေကာင္းဆုံးမဟုတ္ေသးရင္ေတာင္ ညံ့တယ္လို႔ေတာ့မဆိုႏိုင္ပါဘူး။ တျဖည္းျဖည္းနဲ႔ သူပိုၿပီး အထိုင္က်လာမယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္”လို႔ လန္ဂလက္ကေျပာၾကားခဲ့ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူ လန္ဂလက္ဟာ ၂၀၁၈-၁၉ ေဘာလုံးရာသီမွာ ဘာစီလိုနာအသင္းကိုေရာက္ရွိလာခဲ့ၿပီး ၿပိဳင္ပြဲစုံ ၅၄ ပြဲပါဝင္ကစားေပးထားပါတယ္။

 

Unicode

ဘာစီလိုနာအသင်းရဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံလူ လန်ဂလက်က မက်ဆီနဲ့အတူလေ့ကျင့်ခန်းဆင်းရတာက သူ့ကိုတိုးတက်လာစေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီဟာ အသင်းဖော်နောက်ခံလူတွေကို မကြာခဏအရူးလုပ်လေ့ရှိလို့ သူနဲ့လေ့ကျင့်ခန်းဆင်းရတာ ခေါင်းကိုက်စရာလည်းကောင်းတယ်လို့ လန်ဂလက်ကဆိုပါတယ်။

“မက်ဆီဟာ တကယ်ကိုထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။ သူနဲ့တွဲကစားခွင့်ရတာ ကျွန်တော်တို့ကံကောင်းပါတယ်။ သူဟာ ပွဲတစ်ပွဲကို အပြောင်းအလဲလုပ်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူနဲ့အတူ ပူးတွဲလေ့ကျင့်ရတော့ ကျွန်တော်ကိုယ့်ကိုယ်ကို အများကြီးတိုးတက်လာသလိုခံစားရပါတယ်။ ဒါပေမယ့် လေ့ကျင့်ရေးကွင်းမှာတောင် သူ့ဆီကဘောလုံးကို လုယူနိုင်ဖို့က မလွယ်ပါဘူး။ သူဟာ ပြိုင်ပွဲတွေမှာ တစ်ဖက်အသင်းကနောက်ခံလူတွေကို စိတ်ဆင်းရဲစေသလို လေ့ကျင့်ရေးကွင်းမှာလည်း အသင်းဖော်နောက်ခံလူတွေကို ခေါင်းကိုက်စေသူတစ်ယောက်ဖြစ်ပါတယ်”လို့ လန်ဂလက်ကပြောကြားခဲ့ပါတယ်။ သူ့ရဲ့ပြင်သစ်လက်ရွေးစင်ကစားဖော် ဂရစ်ဇ်မန်းဟာ လတ်တလောမှာ ခြေစွမ်းသိပ်မပြနိုင်သေးပေမယ့်လည်း တဖြည်းဖြည်းနဲ့အထိုင်ကျသွားမယ်လို့ ယုံကြည်နေပါတယ်။

“အဓိကကတော့ အက်တလက်တီကိုနဲ့ ဘာစီလိုနာကြားက ကစားပုံချင်းကွာခြားမှုပါပဲ၊ ဒီအချက်က ဂရစ်ဇ်မန်းကို အနည်းငယ်အခက်တွေ့စေပုံရပါတယ်။ ဒါပေမယ့် သူဟာ ဒီနှစ်ဘောလုံးရာသီ ဘာကာရဲ့ ဒုတိယဂိုးသွင်းအများဆုံး ကစားသမားပါ။ လူသစ်တစ်ယောက်အတွက် ဒါဟာအကောင်းဆုံးမဟုတ်သေးရင်တောင် ညံ့တယ်လို့တော့မဆိုနိုင်ပါဘူး။ တဖြည်းဖြည်းနဲ့ သူပိုပြီး အထိုင်ကျလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”လို့ လန်ဂလက်ကပြောကြားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်နောက်ခံလူ လန်ဂလက်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကိုရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၅၄ ပွဲပါဝင်ကစားပေးထားပါတယ်။