la liga

ေနမာ ရီးယဲလ္ေရာက္သြားမွာေၾကာက္ေနတယ္လို႔ မက္ဆီ ေျပာ

Goal Goal > October 9, 2019

တကယ္လို႔သာ ဘာစီလိုနာအသင္းအေနနဲ႔ ေနမာကိုရေအာင္မေခၚႏိုင္ရင္ ရီးယဲလ္မက္ဒရစ္ကေခၚသြားလိမ့္မယ္လို႔ မက္ဆီကသုံးသပ္သြားခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္၊ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ဘာစီလိုနာကေန PSG ကို ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးယူ႐ို ၂၂၂ သန္းနဲ႔ေျပာင္းေ႐ႊ႕သြားခဲ့သူေနမာဟာ ႏွစ္ႏွစ္အၾကာမွာေတာ့ အသင္းေဟာင္းဘာစီလိုနာကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးစားလာခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာကလည္း ေနမာကိုျပန္လည္ေခၚယူဖို႔ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ကာလတစ္ေလွ်ာက္လုံး ႀကိဳးစားခဲ့ေပမယ့္ သေဘာတူညီမႈမရခဲ့တာေၾကာင့္ ေနမာဟာ PSG အသင္းမွာပဲဆက္ရွိေနခဲ့ပါတယ္။ အေျပာင္းအေ႐ႊ႕သတင္းမ်ိဳးစုံထြက္ေပၚခဲ့ေပမယ့္ အသင္းမွာဆက္ရွိေနခဲ့သူေနမာဟာ ဒီႏွစ္ေဘာလုံးရာသီ ျပင္သစ္လီဂူး ၅ ပြဲကစားေပးခဲ့ၿပီး ၄ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အေျပာင္းအေ႐ႊ႕သတင္းေတြကေတာ့ ဆက္လက္ထြက္ေပၚေနဆဲျဖစ္ၿပီး တကယ္လို႔ ဘာကာက သူ႔ကိုမေခၚႏိုင္ခဲ့ရင္ ရီးယဲလ္ကရေအာင္ေခၚလိမ့္မယ္လို႔ မက္ဆီကသတိေပးခဲ့ပါတယ္။
“တကယ္လို႔သာ ေနမာဟာ ဘာစီလိုနာကို ျပန္မလာျဖစ္ခဲ့ဘူးဆိုရင္ ရီးယဲလ္မက္ဒရစ္ကိုေရာက္သြားပါလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူက PSG ကေန တကယ္ထြက္ခ်င္ေနတာပါ။ ဒါကို ကြၽန္ေတာ္တို႔အားလုံးသိရွိၿပီးျဖစ္ပါလိမ့္မယ္။ ၿပီးေတာ့ ဥကၠဌပီရက္ဇ္နဲ႔ ရီးယဲလ္တာဝန္ရွိသူေတြဟာ သူ႔ကိုေခၚယူႏိုင္ဖို႔ အစြမ္းကုန္ႀကိဳးစားၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္”လို႔ မက္ဆီကေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘာစီလိုနာအသင္းဟာ အသက္ ၂၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ကစားသမားေဟာင္းေနမာကို ျပန္လည္ေခၚယူဖို႔ လက္မေလွ်ာ့ေသးဘဲ လာမယ့္ ၂၀၂၀ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ထပ္မံကမ္းလွမ္းသြားဦးမွာျဖစ္တယ္လို႔ သတင္းေတြကဆိုပါတယ္။

ေနမာအသင္းမွာရွိေနတဲ့ ေလးႏွစ္တာကာလအတြင္းမွာ ဘာစီလိုနာအသင္းဟာ လာလီဂါဖလား ၂ ႀကိမ္၊ စပိန္ဘုရင့္ဖလား ၃ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ဆြတ္ခူးႏိုင္ခဲ့တာေၾကာင့္ အခုလိုေနမာကို အသည္းအသန္ျပန္လည္ေခၚယူခ်င္ေနတာမဆန္းဘူးလို႔ပဲေျပာရမွာပါ။ မက္ဆီ-ဆြာရက္ဇ္-ေနမာတို႔ရဲ႕ MSN တိုက္စစ္အတြဲဟာ ၂၀၁၄ ကေန ၂၀၁၇ အထိ ၃ ႏွစ္အတြင္းမွာ ၃၆၄ ဂိုးသြင္းယူႏိုင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္၊ ေနမာအသင္းေျပာင္းသြားၿပီးေနာက္မွာေတာ့ ဘာစီလိုနာအသင္းဟာ ဒမ္ဘီလီ၊ ေကာ္တင္ဟို၊ ဂရစ္ဇ္မန္းတို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးအေျမာက္အမ်ားသုံးစြဲၿပီး ျပန္လည္အင္အားျဖည့္တင္းခဲ့ေပမယ့္လည္း ေနမာရဲ႕ကြက္လပ္ကိုေတာ့ အစားထိုးႏိုင္ျခင္းမရွိေသးပါဘူး။ ဂရစ္ဇ္မန္းကေတာ့ ဒီႏွစ္ေဘာလုံးရာသီအစကမွ ေရာက္ရွိလာခဲ့သူျဖစ္လို႔ အနည္းငယ္ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္ တကယ္လို႔သာ ေနမာျပန္ေရာက္လာမယ္ဆိုရင္လည္း ဂရစ္ဇ္မန္းရဲ႕အခန္းက႑က သိသိသာသာေမွးမွိန္သြားမွာ အေသအခ်ာပါပဲ။

 

Unicode

တကယ်လို့သာ ဘာစီလိုနာအသင်းအနေနဲ့ နေမာကိုရအောင်မခေါ်နိုင်ရင် ရီးယဲလ်မက်ဒရစ်ကခေါ်သွားလိမ့်မယ်လို့ မက်ဆီကသုံးသပ်သွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ PSG ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးယူရို ၂၂၂ သန်းနဲ့ပြောင်းရွှေ့သွားခဲ့သူနေမာဟာ နှစ်နှစ်အကြာမှာတော့ အသင်းဟောင်းဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကလည်း နေမာကိုပြန်လည်ခေါ်ယူဖို့ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတစ်လျှောက်လုံး ကြိုးစားခဲ့ပေမယ့် သဘောတူညီမှုမရခဲ့တာကြောင့် နေမာဟာ PSG အသင်းမှာပဲဆက်ရှိနေခဲ့ပါတယ်။ အပြောင်းအရွှေ့သတင်းမျိုးစုံထွက်ပေါ်ခဲ့ပေမယ့် အသင်းမှာဆက်ရှိနေခဲ့သူနေမာဟာ ဒီနှစ်ဘောလုံးရာသီ ပြင်သစ်လီဂူး ၅ ပွဲကစားပေးခဲ့ပြီး ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့သတင်းတွေကတော့ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပြီး တကယ်လို့ ဘာကာက သူ့ကိုမခေါ်နိုင်ခဲ့ရင် ရီးယဲလ်ကရအောင်ခေါ်လိမ့်မယ်လို့ မက်ဆီကသတိပေးခဲ့ပါတယ်။

“တကယ်လို့သာ နေမာဟာ ဘာစီလိုနာကို ပြန်မလာဖြစ်ခဲ့ဘူးဆိုရင် ရီးယဲလ်မက်ဒရစ်ကိုရောက်သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက PSG ကနေ တကယ်ထွက်ချင်နေတာပါ။ ဒါကို ကျွန်တော်တို့အားလုံးသိရှိပြီးဖြစ်ပါလိမ့်မယ်။ ပြီးတော့ ဥက္ကဌပီရက်ဇ်နဲ့ ရီးယဲလ်တာဝန်ရှိသူတွေဟာ သူ့ကိုခေါ်ယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ မက်ဆီကပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟောင်းနေမာကို ပြန်လည်ခေါ်ယူဖို့ လက်မလျှော့သေးဘဲ လာမယ့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့မှာ ထပ်မံကမ်းလှမ်းသွားဦးမှာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။

နေမာအသင်းမှာရှိနေတဲ့ လေးနှစ်တာကာလအတွင်းမှာ ဘာစီလိုနာအသင်းဟာ လာလီဂါဖလား ၂ ကြိမ်၊ စပိန်ဘုရင့်ဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် အခုလိုနေမာကို အသည်းအသန်ပြန်လည်ခေါ်ယူချင်နေတာမဆန်းဘူးလို့ပဲပြောရမှာပါ။ မက်ဆီ-ဆွာရက်ဇ်-နေမာတို့ရဲ့ MSN တိုက်စစ်အတွဲဟာ ၂၀၁၄ ကနေ ၂၀၁၇ အထိ ၃ နှစ်အတွင်းမှာ ၃၆၄ ဂိုးသွင်းယူနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ နေမာအသင်းပြောင်းသွားပြီးနောက်မှာတော့ ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီ၊ ကော်တင်ဟို၊ ဂရစ်ဇ်မန်းတို့အတွက် ပြောင်းရွှေ့ကြေးအမြောက်အများသုံးစွဲပြီး ပြန်လည်အင်အားဖြည့်တင်းခဲ့ပေမယ့်လည်း နေမာရဲ့ကွက်လပ်ကိုတော့ အစားထိုးနိုင်ခြင်းမရှိသေးပါဘူး။ ဂရစ်ဇ်မန်းကတော့ ဒီနှစ်ဘောလုံးရာသီအစကမှ ရောက်ရှိလာခဲ့သူဖြစ်လို့ အနည်းငယ်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့သာ နေမာပြန်ရောက်လာမယ်ဆိုရင်လည်း ဂရစ်ဇ်မန်းရဲ့အခန်းကဏ္ဍက သိသိသာသာမှေးမှိန်သွားမှာ အသေအချာပါပဲ။