la liga
ခေါ်ထားတဲ့ကစားသမားတွေ သုံးစားမရလို့ ယူရိုသန်း ၃၀၀ ကျော် ဖြုန်းပစ်သလိုဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်
Goal Goal > October 22, 2019
မနှစ်က မအောင်မြင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဟာဇက်အပါအဝင် ကစားသမားကောင်းတွေကိုခေါ်ယူကာ အင်အားဖြည့်တင်းခဲ့ပါတယ်။ ရီးရဲလ်ခေါ်လိုက်တဲ့သူတွေဟာ အကောင်းဆုံးခြေစွမ်းပြမကစားနိုင်သေးလို့ ယူရိုသန်း ၃၀၀ ကျော် အလကားဖြုန်းပစ်သလိုဖြစ်နေပါတယ်။ ရီးရဲလ်ဟာ ဟာဇက်ကို ယူရိုသန်း ၁၀၀ ပေးပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ရီးရဲလ်ကစားသမားဘဝအစမှာ အကောင်းဆုံးခြေစွမ်းပြမကစားနိုင်သေးပါဘူး။ ဟာဇက်ဟာ အခုထိ ရီးရဲလ်အတွက် တစ်ဂိုးသာ သွင်းပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဟာဇက်ခြေစွမ်းပြကစားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ရီးရဲလ်ဟာ ဆားဘီးယားတိုက်စစ်မှုး ဂျိူဗစ်ကို ခေါ်ယူလိုကိတာက မှားသလိုဖြစ်နေပါတယ်။ ရီးရဲလ်ဟာ ဂျိူဗစ်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၆၀ ပေးခဲ့ရပါတယ်။ ဂျိူဗစ်ဟာ ရီးရဲလ်အတွက် ၈ ပွဲကစားပြီးချိန်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးဘဲ ဖိအားများနေပါတယ်။ရီးရဲလ်ဟာ နောက်ခံလူမီလီတာအိုကိုလည်း ပြောင်းရွှေ့ကြေးယူရို သန်း ၅၀ ပေးကာခေါ်ခဲ့တာပါ။ မီလီတာအိုဟာ ရီးရဲလ်ခံစစ်မှာ အလုပ်မဖြစ်သေးပါဘူး။ ရီးရဲလ်ဟာ ရိုဒရီဂိုးစ်ကိုတော့ ယူရို ၄၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ရီးရဲလ်ဟာ လူငယ်တိုက်စစ်မှုးကို စိတ်ရှည်ရမှာဖြစ်ပါတယ်။ ရီးရဲလ်ဟာ အငှားခေါ်ထားတဲ့ ဂိုးသမား အာရီအိုလာအတွက် ယူရို ၂ ဒသမ ၂ သန်းကုန်ကျခဲ့ပါတယ်။ အာရီအိုလာကိုလည်း အချိန်တစ်ခုပေးရမှာပါ။ ယူရို ၄၈ သန်းနဲ့ခေါ်ထားတဲ့ နောက်ခံလူ မန်ဒီကတော့ ဒဏ်ရာကြောင့် ရုန်းနေရပါတယ်။
Zawgyi
ရီးရဲလ်ဟာ ဆားဘီးယားတိုက်စစ်မှုး ဂျိုဗစ်ကို ခေါ်ယူလိုကိတာက မှားသလိုဖြစ်နေပါတယ်။ ရီးရဲလ်ဟာ ဂျိုဗစ်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၆၀ ပေးခဲ့ရပါတယ်။ ဂျိုဗစ်ဟာ ရီးရဲလ်အတွက် ၈ ပွဲကစားပြီးချိန်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးဘဲ ဖိအားများနေပါတယ်။