la liga

မက်ဆီ၊ ဘန်ဇီမာနဲ့ ဆွာရက်ဇ်တို့ အပြိုင်ဖြစ်နေတဲ့ လာလီဂါ ဂိုးသွင်းအများဆုံးကစားသမားများ

Goal Goal > January 17, 2020

ဒီနှစ်လာလီဂါပြိုင်ပွဲကတော့ ပွဲစဉ် ၁၉ အပြီးမှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ရမှတ်တူအနေအထားနဲ့ အပြိုင်ဖြစ်နေခဲ့ပါတယ်။ အက်တလက်တီကိုနဲ့ ဆီဗီလာတို့ကလည်း သူတို့နှစ်သင်းနဲ့ ၅ မှတ်အကွာကနေ ဖိအားပေးနေခဲ့တာပါ။ အဆင့် ၅ နေရာက ဆိုစီဒက်နဲ့ အဆင့် ၁၀ နေရာက ဂရန်နာဒါတို့ကြားမှာလည်း ရမှတ်ကွာဟမှု ၄ မှတ်သာရှိတဲ့အတွက် ဒီနှစ်လာလီဂါပြိုင်ပွဲကတော့ ပြိုင်ဆိုင်မှု အတော်လေး ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။ အသင်းလိုက်ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေသလို တစ်ဦးချင်းဆုတံဆိပ်တစ်ခုဖြစ်တဲ့ လာလီဂါရွှေဖိနပ်ဆုအတွက်ကိုလည်း မက်ဆီ၊ ဘန်ဇီမာ၊ ဆွာရက်ဇ် အစရှိတဲ့တိုက်စစ်မှူးတွေ အပြိုင်ဖြစ်နေကြပါတယ်။
လက်ရှိမှာတော့ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကို ဦးဆောင်လျက် ရှိနေပါတယ်။ မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာအသင်းရဲ့ လာလီဂါပွဲစဉ်တချို့ကို လွဲချော်ထားခဲ့တာ ဖြစ်ပေမယ့်လည်း ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကိုတော့ ဦးဆောင်ထားနိုင်ဆဲပါပဲ။ သူဟာ လာလီဂါ ၁၄ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး ၁၃ ဂိုး ရထားခဲ့တာပါ။
ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာကတော့ သွင်းဂိုး ၁၂ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က တတိယနေရာမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ရှိနေခဲ့ပါတယ်။
သူတို့ရဲ့နောက်မှာတော့ အိုဆာဆူနာတိုက်စစ်မှူး အေဗီလာနဲ့ လီဗန်တေးတိုက်စစ်မှူး ရော်ဂျာတို့က သွင်းဂိုး ၉ ဂိုးစီနဲ့ အသီးသီး ရပ်တည်နေခဲ့တာပါ။
ဒီရာသီ လာလီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကိုတော့ အခုလိုပဲ တွေ့မြင်ရမှာဖြစ်ပါတယ်။
၁။ လီယွန်နယ်မက်ဆီ (ဘာစီလိုနာ) ၁၃ ဂိုး
၂။ ဘန်ဇီမာ (ရီးယဲလ်) ၁၂ ဂိုး
၃။ ဆွာရက်ဇ် (ဘာစီလိုနာ) ၁၁ ဂိုး
၄။ အေဗီလာ (အိုဆာဆူနာ) ၊ ရော်ဂျာ (လီဗန်တေး) ၉ ဂိုး