la liga

မက်ဆီရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ဘာကာနိုင်ပွဲရ

Goal Goal > January 20, 2020

ဘာစီလိုနာဟာ အသင်းခေါင်းဆောင်မက်ဆီရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ဆယ်ယောက်ကျန်ဂရန်နာဒါကို နိုင်ပွဲရသွားခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကစားပုံကတော့ ထင်သလောက် အားရစရာမဖြစ်သေးပါဘူး။ နည်းပြသစ်ဆက်တီယန်ရဲ့ပွဲဦးထွက်မှာတော့ ဘာစီလိုနာအသင်းဟာ စုစည်းမှုကောင်းကောင်းနဲ့ တိုက်စစ်ဆင်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ဂရန်နာဒါခံစစ်ကလည်း စုစုစည်းစည်းနဲ့ ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ပွဲချိန် ၆၉ မိနစ်မှာ မက်ဆီကိုတားဆီးရင်းနဲ့ ဂရန်နာဒါနောက်ခံလူဆန်းချက်ဇ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး နောက်ထပ်ရမိနစ်အကြာမှာတော့ ဘာစီလိုနာအသင်း အနိုင်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဗီဒယ်လ်ရဲ့ပေးပို့မှုကနေ မက်ဆီက သွင်းယူသွားခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ တစ်ပွဲလုံးအတိုင်းအတာနဲ့ ဘောလုံးပိုင်ဆိုင်မှု ၇၆ ရာခိုင်နှုန်းထိ ရှိခဲ့ပေမယ့်လည်း အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်မှုအားနည်းခဲ့ပါတယ်။ပွဲချိန်အစောပိုင်းမှာ အန်ဆူဖာတီရဲ့ ခြိမ်းခြောက်မှုနှစ်ကြိမ်ကို ဂရန်နာဒါဂိုးသမား လက်စွမ်းပြကာကွယ်သွားခဲ့သလို မက်ဆီရဲ့ အပိုင်ကန်ချက်တစ်ကြိမ်လည်း ဂိုးမဖြစ်ခဲ့ပါဘူး။ ဒီရလဒ်ကြောင့် ဘာစီလိုနာအသင်းဟာ ရီးယဲလ်နဲ့ အမှတ်တူဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ သူတို့အသင်းဟာ အနီးစပ်ဆုံးပွဲစဉ်အဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့မှာ အိုင်ဘီဇာအသင်းနဲ့ စပိန်ဘုရင့်ဖလားပွဲစဉ် ကစားရဖို့ရှိနေပါတယ်။ဘာစီလိုနာပွဲထွက်လူစာရင်း
တာစတီဂျန်
ရော်ဘတ်တို၊ ပီကေး၊ အမ်တီတီ၊ အယ်လ်ဘာ
ရာကီတစ် (ရီကစ်)၊ ဘူးစ်ကွက်စ်၊ ဗီဒယ် (အာသာမယ်လို)
အန်ဆူဖာတီ (ပီရက်ဇ်)၊ မက်ဆီ၊ ဂရစ်ဇ်မန်း။