la liga

မက်ဆီရဲ့ပင်နယ်တီဂိုးနဲ့ ဘာစီလိုနာနိုင်

Goal Goal > March 8, 2020

စနေညလာလီဂါပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ မက်ဆီရဲ့တစ်လုံးတည်းသော ပင်နယ်တီဂိုးနဲ့အတူ ဘာစီလိုနာက ဆိုစီဒက်ကို အနိုင်ရရှိသွားခဲ့ပါတယ်။ မက်ဆီ၊ ဂရစ်ဇ်မန်းနဲ့ ဘရိတ်ဝိတ်တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ပွဲစကတည်းကဆိုစီဒက်ဖက်ကို ဖိကစားခဲ့ပါတယ်။ တိုက်စစ်မှူးဘရိတ်ဝိတ်အပိုင်အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ရာကီတစ်၊ ပီကေးတို့ရဲ့အားထုတ်မှုတွေကိုလည်း ဆိုစီဒက်ဂိုးသမား ကာကွယ်သွားခဲ့ပါတယ်။ အိုဒီဂတ်၊ အိုင်းဆက်နဲ့ မာရီနိုတို့ရဲ့ ဆိုစီဒက်တိုက်စစ်ကတော့ တစ်ပွဲလုံးအတိုင်းအတာမှာ ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်သာရှိခဲ့ပါတယ်။ပွဲချိန်မိနစ် ၈၀ ကျော်လာသည်အထိ နှစ်ဖက်စလုံးက ဂိုးမသွင်းနိုင်ခဲ့တာကြောင့် သရေနဲ့ပွဲပြီးတော့မလိုဖြစ်နေရာက ဆိုစီဒက်နောက်ခံလူနော်မန်လက်ထိခဲ့တဲ့အတွက် ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို မက်ဆီက အမှားအယွင်းမရှိကန်သွင်းယူသွားခဲ့ပါတယ်။ ဒါဟာ မက်ဆီရဲ့ ဒီနှစ်ဘောလုံးရာသီ ပြိုင်ပွဲစုံ ၂၄ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။အဲဒီနောက် နာကျင်အချိန်ပိုမှာတော့ လူစားဝင်ကစားသမားအန်ဆူဖာတီရဲ့ပေးပို့မှုကနေ အယ်လ်ဘာက ၂-၀ ဖြစ်စေခဲ့ပေမယ့် ကစားကွက်တည်ဆောက်မှုမှာ ဖာတီလူကျွံနေခဲ့တဲ့အတွက် ဂိုးအဖြစ် ခွင့်ပြုမခံခဲ့ရပါဘူး။ ဒီရလဒ်ကြောင့် ဘာစီလိုနာအသင်းဟာ ရီးယဲလ်ထက်နှစ်မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီတက်လှမ်းလာခဲ့ပြီဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ ဒီနေ့ညမှာ ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရဦးမှာပါ။ဘာစီလိုနာပွဲထွက်လူစာရင်း
တာစတီဂျန်
ဆီမီဒို၊ ပီကေး၊ လန်ဂလက်၊ အယ်လ်ဘာ
ရာကီတစ် (ဗီဒယ်လ်)၊ ဘူးစ်ကွက်စ်၊ ဒီဂျောင်
ဂရစ်ဇ်မန်း (ဖာတီ)၊ မက်ဆီ၊ ဘရိတ်ဝိတ် (ဖာပို)။